တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidhya Devi Bhandari နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၁

နီေပါႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ညေနပုိင္းတြင္ နီေပါဖက္ဒရယ္ ဒီမုိကရက္တစ္ သမၼတႏုိင္ငံသမၼတ H.E. Mrs. Bidhya Devi Bhandari ႏွင့္ ခတၱမႏၵဴၿမိဳ႕၊ သမၼတ႐ုံး ဧည့္ခန္းမတြင္ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံဆုိင္ရာ ျမန္္မာႏုိင္ငံသံအမတ္ႀကီး ဦးထြန္းေနလင္း၊ အိႏၵိယႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္တုိ႔ တက္ေရာက္ၾကၿပီး နီေပါဖက္ဒရယ္ဒီမုိကရက္တစ္ သမၼတႏုိင္ငံ သမၼတႏွင့္အတူ အစုိးရအဖြဲ႕မွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံ သမၼတက ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အားလႈိက္လွဲစြာႀကိဳဆုိပါေၾကာင္းႏွင့္ ေအာင္ျမင္သည့္ခရီးစဥ္ ျဖစ္ပါေစေၾကာင္းႀကိဳဆုိႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မိမိအားလက္ခံေတြ႕ဆုံသည့္ အတြက္ေက်းဇူးတင္ပါေၾကာင္း၊ ယခုခ်စ္ၾကည္ေရးခရီးစဥ္သည္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ၾကားဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈကုိျမႇင့္တင္ႏုိင္ရန္ႏွင့္ ရွိၿပီးသားႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးပုိမုိခုိင္ၿမဲေစရန္အတြက္ လာေရာက္ျခင္း ျဖစ္ပါေၾကာင္း၊ နီေပါၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ေတြ႕ဆုံေဆြးေႏြးစဥ္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးဆုိင္ရာ သေဘာတူညီမႈမ်ားရရွိခဲ့ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ျခင္းျဖင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးခ်စ္ၾကည္တုိးတက္မည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ ၂၀၁၁ ခုႏွစ္မွစတင္၍ျပည္သူမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းအတုိင္းေလွ်ာက္ လွမ္းလ်က္ရွိၿပီး တပ္မေတာ္မွပါ၀င္ကူညီေဆာင္ရြက္လ်က္ရွိေၾကာင္း၊ နီေပါႏုိင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကုိ အေတြ႕အႀကဳံတစ္ရပ္အေနျဖင့္ ေလ့လာခြင့္ရရွိသည့္အတြက္အက်ိဳးရွိပါေၾကာင္း၊ နီေပါႏုိင္ငံအေနျဖင့္ ႏုိင္ငံတကာမ်က္ႏွာစာတြင္ ျမန္မာႏုိင္ငံဘက္မွေထာက္ခံရပ္တည္ေပးမႈႏွင့္ မိမိခ်စ္ၾကည္ေရးခရီးစဥ္လာေရာက္ ခ်ိန္တြင္အဆင္ေျပေခ်ာေမြ႕စြာစီစဥ္ေဆာင္ရြက္ေပးခဲ့ျခင္းမ်ားအတြက္လည္း အထူးေက်းဇူးတင္ရွိပါေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

နီေပါဖက္ဒရယ္ ဒီမုိကရက္တစ္သမၼတႏုိင္ငံသမၼတ H.E. Mrs. Bidhya Devi Bhandari က ယခုလာေရာက္သည့္ ခရီးစဥ္သည္ ႏွစ္ ၅၀ အတြင္းျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္တစ္ဦးအေနျဖင့္ ပထမဆုံးလာေရာက္သည့္ခရီးစဥ္ျဖစ္၍ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးအတြက္ အထူးအေရးပါေသာ ခ်စ္ၾကည္ေရးခရီးစဥ္ျဖစ္ၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရးအတြက္ အေထာက္အကူေပးႏုိင္မည္ ျဖစ္ေၾကာင္း၊ ယခုခ်စ္ၾကည္ေရးခရီးစဥ္မွတုိးျမႇင့္ရရွိမည့္ တပ္မေတာ္ခ်င္းဆက္ဆံေရးသာမက ျပည္သူခ်င္း ဆက္ဆံေရးကုိအေျခခံ၍ ႏွစ္ႏုိင္ငံဆက္ဆံေရးမ်ားတုိးျမႇင့္ႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ခရီးစဥ္လာေရာက္ခ်ိန္တြင္ နီေပါႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီးအား အထူးသီးသန္႔အစီအစဥ္တစ္ရပ္အေနျဖင့္ အခ်ိန္မီ ခန္႔အပ္လႊာ လက္ခံေပးခဲ့ေၾကာင္း၊ ျမန္မာႏုိင္ငံသမၼတႀကီးက်န္းမာခ်မ္းသာေစေၾကာင္းႏွင့္ ျမန္မာျပည္သူမ်ား သာယာ၀ေျပာပါေစရန္ဆုမြန္ေကာင္းေတာင္းပါေၾကာင္းေျပာၾကားခဲ့သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုခ်စ္ၾကည္ေရးခရီးစဥ္သည္ ေအာင္ျမင္မႈရွိေသာခရီးစဥ္ျဖစ္ၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈကုိ တုိးျမႇင့္ေပးႏုိင္သည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ တပ္မေတာ္ဆုိသည္မွာႏုိင္ငံေတာ္ကုိ ကာကြယ္ေပးရမည့္အဖြဲ႕အစည္းျဖစ္ၿပီး ျမန္မာ့တပ္မေတာ္အေနျဖင့္ ျမန္မာႏုိင္ငံႏွင့္ ႏုိင္ငံသားမ်ားအတြက္အျပည့္အဝ အကာအကြယ္ေပးရန္ ႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံသမၼတႀကီးႏွင့္ျမန္မာျပည္သူမ်ားအတြက္ ဆုမြန္ေကာင္းေတာင္းေပးျခင္းကုိလည္း အထူးေက်းဇူးတင္ရွိပါေၾကာင္းျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နီေပါဖက္ဒရယ္ဒီမုိကရက္တစ္ သမၼတႏုိင္ငံသမၼတအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္သည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ယေန႔မြန္းလြဲပုိင္းကလည္း နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံ ၀န္ႀကီးခ်ဳပ္ H.E. Mr. Sher Bahadur ႏွင့္လည္းေကာင္း၊ ကာကြယ္ေရး၀န္ႀကီး Mr. Bhimsen Das Pradham ႏွင့္လည္းေကာင္းသီးျခားစီေတြ႕ဆုံေဆြးေႏြးခဲ့သည္။

ထုိသုိ႔ေတြ႕ဆုံခဲ့ရာတြင္ျမန္မာ-နီေပါ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး ခရီးစဥ္မ်ားအဆင့္အလုိက္အျပန္အလွန္လည္ပတ္ေရး၊ ေလ့က်င့္ေရးႏွင့္အားကစားဆုိင္ရာမ်ား ပူးေပါင္းေဆာင္ရြက္ေရး၊ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ျပည္သူမွေရြးခ်ယ္သည့္ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ား၊ နီေပါႏုိင္ငံမွ ကုလသမဂၢၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ားတြင္ တာ၀န္ထမ္းေဆာင္ေနမႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ေရးတုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ခဲ့ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

( Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidhya Devi Bhandari နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidhya Devi Bhandari နှင့် ခတ္တမန္ဒူမြို့၊ သမ္မတရုံး ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်တို့ တက်ရောက်ကြပြီး နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့်အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အားလှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် အောင်မြင်သည့်ခရီးစဉ် ဖြစ်ပါစေကြောင်းကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိအားလက်ခံတွေ့ဆုံသည့် အတွက်ကျေးဇူးတင်ပါကြောင်း၊ ယခုချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်နိုင်ရန်နှင့် ရှိပြီးသားနှစ်နိုင်ငံချစ်ကြည်ရေးပိုမိုခိုင်မြဲစေရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ နီပေါကြည်းတပ်ဦးစီးချုပ်နှင့်တွေ့ဆုံဆွေးနွေးစဉ် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီမှုများရရှိခဲ့ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးချစ်ကြည်တိုးတက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်၍ပြည်သူမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်းလျှောက် လှမ်းလျက်ရှိပြီး တပ်မတော်မှပါ၀င်ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ နီပေါနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတွေ့အကြုံတစ်ရပ်အနေဖြင့် လေ့လာခွင့်ရရှိသည့်အတွက်အကျိုးရှိပါကြောင်း၊ နီပေါနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှထောက်ခံရပ်တည်ပေးမှုနှင့် မိမိချစ်ကြည်ရေးခရီးစဉ်လာရောက်ချိန်တွင်အဆင်ပြေချောမွေ့စွာစီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းများအတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidhya Devi Bhandari က ယခုလာရောက်သည့် ခရီးစဉ်သည် နှစ် ၅၀ အတွင်းမြန်မာ့တပ်မတော် ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံးလာရောက်သည့်ခရီးစဉ်ဖြစ်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအတွက် အထူးအရေးပါသော ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုချစ်ကြည်ရေးခရီးစဉ်မှတိုးမြှင့်ရရှိမည့် တပ်မတော်ချင်းဆက်ဆံရေးသာမက ပြည်သူချင်း ဆက်ဆံရေးကိုအခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးများတိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်လာရောက်ချိန်တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအား အထူးသီးသန့်အစီအစဉ်တစ်ရပ်အနေဖြင့် အချိန်မီခန့်အပ်လွှာ လက်ခံပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသမ္မတကြီးကျန်းမာချမ်းသာစေကြောင်းနှင့် မြန်မာပြည်သူများ သာယာဝပြောပါစေရန်ဆုမွန်ကောင်းတောင်းပါကြောင်းပြောကြားခဲ့သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်မှုရှိသောခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ပေးနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တပ်မတော်ဆိုသည်မှာနိုင်ငံတော်ကို ကာကွယ်ပေးရမည့်အဖွဲ့အစည်းဖြစ်ပြီး မြန်မာ့တပ်မတော်အနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက်အပြည့်အဝ အကာအကွယ်ပေးရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသမ္မတကြီးနှင့်မြန်မာပြည်သူများအတွက် ဆုမွန်ကောင်းတောင်းပေးခြင်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ် သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့မွန်းလွဲပိုင်းကလည်း နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Sher Bahadur နှင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး Mr. Bhimsen Das Pradham နှင့်လည်းကောင်းသီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် မြန်မာ-နီပေါ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ခရီးစဉ်များအဆင့်အလိုက်အပြန်အလှန်လည်ပတ်ရေး၊ လေ့ကျင့်ရေးနှင့်အားကစားဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူမှရွေးချယ်သည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေအနေများ၊ နီပေါနိုင်ငံမှ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင်အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။