တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် Gen. Ranjendra Chhetri က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့တက်ရောက်

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၁

နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕အား ဒီဇင္ဘာ ၁၁ ရက္ညပုိင္းတြင္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri ႏွင့္ဇနီးတုိ႔က ၎၏ေနအိမ္၌ ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕၀င္မ်ားအား နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ သဘင္ေဆာင္တြင္ နီေပါၾကည္းတပ္ေဖ်ာ္ ေျဖေရးအဖြဲ႕ႏွင့္ ၾကည္းတပ္စစ္တီး၀ုိင္းတုိ႕က နီေပါ႐ုိးရာေတးသီခ်င္းမ်ား၊ ႏွစ္ႏုိင္ငံ ေတးသီးမ်ားျဖင့္ သီဆုိကျပေဖ်ာ္ေျဖရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အခမ္းအနား တက္ေရာက္လာၾကသူမ်ားက ၾကည့္႐ႈအားေပးၾကသည္။

ထုိ႔ေနာက္ဂုဏ္ျပဳညစာစားပြဲအခမ္းအနားအား ဆက္လက္က်င္းပျပဳလုပ္ရာ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္က ႏႈတ္ခြန္း ဆက္စကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။ ထုိ႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားႏွင့္အတူ ညစာအားအတူတကြသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သီဆုိတီးမႈတ္ ေဖ်ာ္ေျဖခဲ့ၾကသည့္ နီေပါတပ္မေတာ္ ၾကည္းတပ္စစ္တီး၀ုိင္းအဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ နီေပါ တပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပး အပ္ၾကၿပီးအမွတ္တရ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် Gen. Ranjendra Chhetri က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ဒီဇင်ဘာ ၁၁ ရက်ညပိုင်းတွင် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri နှင့်ဇနီးတို့က ၎င်း၏နေအိမ်၌ ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် သဘင်ဆောင်တွင် နီပေါကြည်းတပ်ဖျော် ဖြေရေးအဖွဲ့နှင့် ကြည်းတပ်စစ်တီးဝိုင်းတို့က နီပေါရိုးရာတေးသီချင်းများ၊ နှစ်နိုင်ငံ တေးသီးများဖြင့် သီဆိုကပြဖျော်ဖြေရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေး ကြသည်။

ထို့နောက်ဂုဏ်ပြုညစာစားပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်က နှုတ်ခွန်း ဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီချုပ်ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ညစာအားအတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီဆိုတီးမှုတ် ဖျော်ဖြေခဲ့ကြသည့် နီပေါတပ်မတော် ကြည်းတပ်စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နီပေါ တပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့်ဇနီးတို့သည် လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေး အပ်ကြပြီးအမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။