တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E. Ms. Retno L.P Marsudi အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်မှု ဖြစ်စဉ်များ၏ ပကတိအခြေအနေမှန်များကို ဦးစွာရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်သည်တော်ဝန်ကြီးတို့သည် ရခိုင်ပြည်နယ်အရေးကိစ္စတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးတို့ သည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အင္ဒိုနီးရွားႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၀န္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အင္ဒုိနီးရွားႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၀န္ႀကီး H.E. Ms. Retno L.P Marsudi အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ေန႔မွ စတင္ျဖစ္ပြားခဲ့သည့္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္မႈ ျဖစ္စဥ္မ်ား၏ ပကတိအေျခအေနမွန္မ်ားကို ဦးစြာရွင္းလင္းေဆြးေႏြးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္သည္ေတာ္၀န္ႀကီးတို႔သည္ ရခိုင္ျပည္နယ္အေရးကိစၥတြင္ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီေပးေရးကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အင္ဒုိနီးရွားႏုိင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ၀န္ႀကီးတို႔ သည္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။