တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၃

နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ နီေပါ-ျမန္မာ ခ်စ္ၾကည္ေရးအသင္း (Nepal-Myanmar Friendship Council) မွတာ၀န္ရွိသူမ်ားအား ဒီဇင္ဘာ ၁၂ ရက္ညပုိင္းတြင္ ခတၱမႏၵဴၿမိဳ႕ရွိ နီေပါႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံ႐ုံး ဧည့္ခန္းမတြင္ေတြ႕ဆုံသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နီေပါ-ျမန္မာ ခ်စ္ၾကည္ေရးအသင္းႏွင့္ ေတြ႕ဆုံရသည့္အတြက္၀မ္းေျမာက္ပါေၾကာင္း၊ မိမိတို႔ လာေရာက္သည့္ယခုခ်စ္ၾကည္ေရးခရီးစဥ္သည္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ၾကား ဆက္ဆံေရးႏွင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးတုိးျမႇင့္ႏုိင္ရန္အတြက္ လာေရာက္ျခင္းျဖစ္ေၾကာင္း၊ ၁၉၆၆ ခုႏွစ္တြင္ေတာ္လွန္ေရးေကာင္စီဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေန၀င္း နီေပါႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးစဥ္လာေရာက္ၿပီးခ်ိန္ေနာက္ပုိင္း ႏွစ္ေပါင္း ၅၀ အတြင္းျမန္မာႏုိင္ငံမွ တပ္မေတာ္အႀကီးအကဲတစ္ဦး၏ ပထမဆုံးခရီးစဥ္ျဖစ္၍ သမုိင္း၀င္ခရီးစဥ္တစ္ခု ျဖစ္ေၾကာင္း၊ တပ္မေတာ္ခ်င္းဆက္ဆံေရးခ်စ္ၾကည္ေရးခုိင္မာအားေကာင္းျခင္းသည္ ႏုိင္ငံခ်င္း ဆက္ဆံေရး၊ ခ်စ္ၾကည္ေရးအတြက္မ်ားစြာအေထာက္အကူျပဳပါေၾကာင္း၊ ယခုခရီးစဥ္တြင္နီေပါဖက္ဒရယ္ ဒီမုိကရက္တစ္သမၼတႏုိင္ငံ၏သမၼတ၊ ၀န္ႀကီးခ်ဳပ္၊ ကာကြယ္ေရး၀န္ႀကီး၊ ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔ႏွင့္ေတြ႕ဆုံခဲ့ပါေၾကာင္း၊ အစုိးရအဖြဲ႕ႏွင့္ တပ္မေတာ္ေခါင္းေဆာင္မ်ားက မိမိတုိ႔ခ်စ္ၾကည္ေရးအဖြဲ႕ကုိ၀မ္းသာအားရလႈိက္လွဲစြာ ႀကိဳဆုိၾက၍ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတုိးျမႇင့္ေဆာင္ရြက္ႏုိင္ေရးအေပၚႏွစ္ႏွစ္ကာကာ ေထာက္ခံၾကေၾကာင္း၊ ထုိ႔ေၾကာင့္ယခုခရီးစဥ္သည္ေအာင္ျမင္ေသာခရီးစဥ္ျဖစ္ပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ေအာင္ျမင္ေသာခရီးစဥ္၏ ရလဒ္မ်ားအေပၚဆက္လက္၍ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားၾကရမည္ျဖစ္ရာ တပ္မေတာ္ခ်င္းပူးေပါင္းေဆာင္ရြက္မႈမ်ားတြင္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား၊ သင္တန္းဆုိင္ရာ၊ အားကစားဆုိင္ရာ၊ ယဥ္ေက်းမႈဆုိင္ရာ၊ ေဆးပညာရပ္ဆုိင္ရာ၊ သဘာ၀ေဘးအႏၲရာယ္မ်ားဆုိင္ရာအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္၍ ပူးေပါင္းေဆာင္ရြက္မႈမ်ားတုိးျမႇင့္ရန္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ျပည္သူခ်င္းဆက္ဆံေရးတြင္အေျခခံေကာင္းမ်ား ရွိထားၿပီးျဖစ္ေၾကာင္း၊ နီေပါႏုိင္ငံတြင္ေနထုိင္ၾကသည့္ျမန္မာျပည္ဖြားနီေပါႏြယ္ဖြားမ်ား၊ ျမန္မာျပည္တြင္ေနထုိင္ၾကေသာနီေပါႏြယ္ဖြားမ်ားအေရအတြက္မ်ားစြာရွိၾကသကဲ့သုိ႔ ေဆြမ်ိဳးမ်ားလည္းရွိၾကေၾကာင္း၊ ျမန္္မာႏုိင္ငံ၏လြတ္လပ္ေရးႀကိဳးပမ္းခဲ့ခ်ိန္ႏွင့္လြတ္လပ္ေရး ရရွိၿပီးခ်ိန္တြင္ နီေပါႏြယ္ဖြားျမန္မာ့တပ္မေတာ္သားမ်ား၏ စြမ္းေဆာင္မႈမ်ားကုိ ေမ့ထား၍မရေၾကာင္း၊ ျမန္မာႏုိင္ငံႏွင့္တပ္မေတာ္အေပၚ သစၥာရွိစြာသက္စြန္႔ႀကိဳးပမ္းခဲ့ၾကၿပီး အျမင့္ဆုံးစြမ္းရည္ဘြဲ႕တံဆိပ္ျဖစ္ေသာ ေအာင္ဆန္းသူရိယဘြဲ႕တံဆိပ္အပါအ၀င္ ရရွိခဲ့ၾကသူမ်ားကုိ သူရဲေကာင္းစစ္သည္ဗိမာန္တြင္ ကမၺည္းေရးထုိးမွတ္တမ္းတင္ထားပါေၾကာင္း၊ လက္ရွိတပ္မေတာ္တြင္ တာ၀န္ထမ္းေဆာင္ေနသူ နီေပါႏြယ္ဖြားအရာရွိ၊ စစ္သည္မ်ားစြာရွိေနပါေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးအတြက္ရွိၿပီးသား ျပည္သူခ်င္း ေဆြမ်ိဳးရင္းခ်ာဆက္ဆံမႈအေျခခံေကာင္းမ်ားမွတစ္ဆင့္ ကမၻာလွည့္ခရီးသြားလုပ္ငန္း အပါအ၀င္ စီးပြားေရး၊ ကုန္သြယ္ေရးမ်ားကုိ တုိးျမႇင့္ ေဆာင္ရြက္ႏုိင္သည့္အခြင့္လမ္းမ်ား ရွိေနေၾကာင္း၊ သုိ႔ျဖစ္၍ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈကုိႀကိဳးစားေဆာင္ရြက္ေစလုိေၾကာင္း၊ နီေပါႏုိင္ငံ၏ လူမႈစီးပြားေရးအေျခအေနေကာင္းမ်ားလုပ္ေဆာင္ႏုိင္ရန္အတြက္ တတ္ႏုိင္သမွ် ကူညီေဆာင္ရြက္ေပးမည္ျဖစ္ၿပီး အားလုံးက၀ုိင္း၀န္းကူညီ ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ ယခုခရီးစဥ္သည္ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးခုိင္ၿမဲတုိးတက္ေစရန္အတြက္ ေအာင္ျမင္ေသာသမုိင္း၀င္ခရီးစဥ္တစ္ခုျဖစ္ၿပီး အားေကာင္းေသာေျခလွမ္းတစ္ရပ္ ျဖစ္သည္ကုိ သတင္းစကားလက္ေဆာင္ပါးလုိပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နီေပါ-ျမန္္မာ ခ်စ္ၾကည္ေရးအသင္းမွ တာ၀န္ရွိသူမ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်း (Nepal-Myanmar Friendship Council) မှတာဝန်ရှိသူများအား ဒီဇင်ဘာ ၁၂ ရက်ညပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး ဧည့်ခန်းမတွင်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် တွေ့ဆုံရသည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ လာရောက်သည့်ယခုချစ်ကြည်ရေးခရီးစဉ်သည်နှစ် နိုင်ငံတပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ၁၉၆၆ ခုနှစ်တွင်တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်း နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်ပြီးချိန်နောက်ပိုင်း နှစ်ပေါင်း ၅၀ အတွင်းမြန်မာနိုင်ငံမှ တပ်မတော်အကြီးအကဲတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်၍သမိုင်းဝင်ခရီးစဉ်တစ်ခု ဖြစ်ကြောင်း၊ တပ်မတော်ချင်းဆက်ဆံရေးချစ်ကြည်ရေးခိုင်မာအားကောင်းခြင်းသည် နိုင်ငံချင်း ဆက်ဆံရေး၊ ချစ်ကြည်ရေးအတွက်များစွာအထောက်အကူပြုပါကြောင်း၊ ယခုခရီးစဉ်တွင်နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏သမ္မတ၊ ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ကြည်းတပ်ဦးစီးချုပ်တို့နှင့်တွေ့ဆုံခဲ့ပါကြောင်း၊ အစိုးရအဖွဲ့နှင့် တပ်မတော်ခေါင်းဆောင်များက မိမိတို့ချစ်ကြည်ရေးအဖွဲ့ကို၀မ်းသာအားရလှိုက်လှဲစွာ ကြိုဆိုကြ၍ နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေးအပေါ်နှစ်နှစ်ကာကာ ထောက်ခံကြကြောင်း၊ ထို့ကြောင့်ယခုခရီးစဉ်သည်အောင်မြင်သောခရီးစဉ်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အောင်မြင်သောခရီးစဉ်၏ ရလဒ်များအပေါ်ဆက်လက်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ရာ တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုများ တွင်ချစ်ကြည်ရေးခရီးစဉ်များ၊ သင်တန်းဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဆေးပညာရပ်ဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာအဖွဲ့များ အပြန်အလှန်စေလွှတ်၍ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်သူချင်းဆက်ဆံရေးတွင်အခြေခံကောင်းများရှိ ထားပြီးဖြစ်ကြောင်း၊ နီပေါနိုင်ငံတွင်နေထိုင် ကြသည့်မြန်မာပြည်ဖွားနီပေါနွယ်ဖွားများ၊ မြန်မာပြည်တွင်နေထိုင်ကြသောနီပေါနွယ်ဖွားများအရေအတွက်များစွာရှိကြသကဲ့သို့ ဆွေမျိုးများလည်းရှိကြကြောင်း၊ မြန််မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းခဲ့ချိန်နှင့်လွတ်လပ်ရေး ရရှိပြီးချိန်တွင်နီပေါနွယ်ဖွားမြန်မာ့တပ်မတော်သားများ၏ စွမ်းဆောင်မှုများကို မေ့ထား၍မရကြောင်း၊ မြန်မာနိုင်ငံနှင့်တပ်မတော်အပေါ် သစ္စာရှိစွာသက်စွန့်ကြိုးပမ်း ခဲ့ကြပြီးအမြင့်ဆုံးစွမ်းရည်ဘွဲ့တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့တံဆိပ်အပါအဝင် ရရှိခဲ့ကြသူများကိုသူရဲကောင်းစစ်သည်ဗိမာန်တွင်ကမ္ဗည်းရေးထိုးမှတ်တမ်းတင် ထားပါကြောင်း၊ လက်ရှိတပ်မတော်တွင်တာဝန်ထမ်းဆောင်နေသူ နီပေါနွယ်ဖွားအရာရှိ၊ စစ်သည်များစွာရှိနေပါကြောင်းပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ရှိပြီးသား ပြည်သူချင်း ဆွေမျိုးရင်းချာဆက်ဆံမှုအခြေခံကောင်းများမှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး၊ ကုန်သွယ်ရေးများကိုတိုးမြှင့် ဆောင်ရွက်နိုင်သည့်အခွင့်လမ်းများ ရှိနေကြောင်း၊သို့ဖြစ်၍စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုကြိုးစားဆောင်ရွက်စေလိုကြောင်း၊ နီပေါနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေကောင်းများလုပ်ဆောင်နိုင်ရန် အတွက် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုခရီးစဉ်သည်နှစ်နိုင်ငံချစ်ကြည်ရေးခိုင်မြဲတိုးတက်စေရန် အတွက် အောင်မြင်သောသမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး အားကောင်းသောခြေလှမ်းတစ်ရပ် ဖြစ်သည်ကိုသတင်းစကားလက်ဆောင်ပါးလိုပါကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နီပေါ-မြန်မာ ချစ်ကြည်ရေး အသင်းမှတာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီးအမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။