တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခတ္တမန္ဒူမြို့တွင်း လှည့်လည်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၃

နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri ၏ဖိတ္ၾကားခ်က္အရ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးစဥ္ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ခတၱမႏၵဴၿမိဳ႕အတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္ေသာျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ Swayambhunath ေစတီသုိ႔ေရာက္ရွိၾကရာ တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ေစတီေတာ္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဖူးေျမာ္ၾကည္ညိဳ၍ ဆီမီးဆက္ကပ္လွဴဒါန္းၿပီး ေစတီေတာ္ႀကီးအေပၚတြင္ လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။ အဆုိပါေစတီေတာ္ႀကီးအား ေက်ာက္တုံးတစ္တုံးတည္းကုိ ထုထြင္းတည္ထားျခင္းျဖစ္ၿပီး ဘုံ ၁၃ ဆင့္ပါ၀င္၍ အရံေစတီေတာ္ငါးဆူက ေစတီေတာ္ႀကီးအား ၀န္းရံထားေၾကာင္း သိရွိရသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Patan Durbar Square ရင္ျပင္သုိ႔ေရာက္ရွိၾကၿပီး ရင္ျပင္ရွိ Patan Museum အပါအ၀င္ေရွးေဟာင္း အႏုပညာလက္ရာ အေဆာက္အဦျပတုိက္မ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူတစ္ဦးက လုိက္လံရွင္းလင္းျပသသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ရင္ျပင္တြင္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။အဆုိပါ Patan Museum သည္ UNESCO ကမၻာ့သမုိင္းအေမြအႏွစ္စာရင္း၀င္ နီေပါႏုိင္ငံမလႅာဘုရင္မင္းဆက္ (Malla Dynasty) လက္ထက္ေစတီဘုရားေက်ာင္း၊ နန္းေတာ္အေဆာက္အဦမ်ားကုိ ျပန္လည္ျပဳျပင္မြန္းမံထိန္းသိမ္း၍ ျပတုိက္အျဖစ္ျပသထားျခင္းျဖစ္သည္။ ၾသစႀတီးယားအစုိးရ၏ ေငြေၾကးႏွင့္နည္းပညာဆုိင္ရာအကူအညီျဖင့္ ျပဳျပင္ထိန္းသိမ္းခဲ့၍ ႏုိင္ငံပုိင္ျပတုိက္အျဖစ္ ၁၉၉၇ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ျပသခဲ့ျခင္းျဖစ္သည္။ ပန္းပု၊ ပန္းရံ၊ ပန္းတေမာ့၊ ေက်ာက္ဆစ္ စေသာေရွးေဟာင္း အႏုပညာလက္ရာမြန္မ်ားစြာကုိေလ့လာၾကည့္႐ႈႏုိင္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Buddhanath ေစတီေတာ္ႀကီးသုိ႔ေရာက္ရွိဖူးေျမာ္ၿပီး လွည့္လည္ၾကည့္႐ႈေလ့လာရာတာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။ ယင္းေနာက္ေစတီေတာ္ေပၚတြင္ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခတ္တမန္ဒူမြို့တွင်း လှည့်လည် ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ခတ္တမန္ဒူမြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောမြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Swayambhunath စေတီသို့ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို၍ ဆီမီးဆက်ကပ် လှူဒါန်းပြီး စေတီတော်ကြီးအပေါ်တွင် လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။ အဆိုပါစေတီတော်ကြီးအား ကျောက်တုံးတစ်တုံး တည်းကို ထုထွင်းတည်ထားခြင်းဖြစ်ပြီး ဘုံ ၁၃ ဆင့်ပါ၀င်၍ အရံစေတီတော်ငါးဆူက စေတီတော်ကြီးအားဝန်းရံထားကြောင်းသိရှိရသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Patan Durbar Square ရင်ပြင်သို့ရောက်ရှိကြပြီးရင်ပြင်ရှိ Patan Museum အပါအဝင်ရှေးဟောင်း အနုပညာလက်ရာ အဆောက်အဦပြတိုက်များအားလှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတစ်ဦးကလိုက်လံရှင်းလင်းပြသသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည်ရင်ပြင်တွင်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။အဆိုပါ Patan Museum သည် UNESCO ကမ္ဘာ့သမိုင်းအမွေအနှစ်စာရင်းဝင် နီပေါနိုင်ငံမလ္လာဘုရင်မင်းဆက် (Malla Dynasty) လက်ထက်စေတီဘုရားကျောင်း၊ နန်းတော်အဆောက်အဦများကို ပြန်လည်ပြုပြင်မွန်းမံထိန်းသိမ်း၍ ပြတိုက်အဖြစ်ပြသထားခြင်းဖြစ်သည်။ သြစတြီးယားအစိုးရ၏ ငွေကြေးနှင့်နည်းပညာဆိုင်ရာအကူအညီဖြင့် ပြုပြင်ထိန်းသိမ်းခဲ့၍ နိုင်ငံပိုင်ပြတိုက်အဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ် ပြသခဲ့ခြင်းဖြစ်သည်။ ပန်းပု၊ ပန်းရံ၊ ပန်းတမော့၊ ကျောက်ဆစ်စသောရှေးဟောင်း အနုပညာလက်ရာမွန်များစွာကိုလေ့လာကြည့်ရှုနိုင်ကြောင်းသိရှိရသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီချုပ်နှင့်အဖွဲ့ဝင်များသည် Buddhanath စေတီတော်ကြီးသို့ရောက်ရှိဖူးမြော်ပြီး လှည့်လည်ကြည့်ရှုလေ့လာရာတာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက်စေတီတော်ပေါ်တွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။