တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅





(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

နှစ်(၇၀) ပြည့်တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ အခမ်းအနားအားဒီဇင်ဘာ ၁၄ ရက်ညနေပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြ သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦစီးချုပ်နှင့်ဇနီးတို့က နှစ်(၇၀)ပြည့်တပ်မတော် (လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်မိသားစုများသည် အထိမ်းအမှတ်ပြခန်းများနှင့် လေတပ်စခန်းဌာနချုပ်အလိုက် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ အဆိုပါ နှစ်(၇၀)ပြည့်တပ်မတော်(လေ)နှစ်ပတ် လည်နေ့အထိမ်းအမှတ်ပြခန်းတွင် လေကြောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ)တပ်တော်ဝင်အခမ်းအနားမှတ်တမ်းဓာတ်ပုံများ၊ လေသူရဲအသုံးအဆောင် ပစ္စည်းများနှင့် လေယာဉ်ပုံစံငယ်များ၊ တပ်မတော်(လေ)တွင်အသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များ၊ စာအုပ်အရောင်းဆိုင်နှင့်တပ်မတော်ထုတ်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့်မြန်မာ့ရိုးရာအစားအစာများ၊ မိသားစုခြံထွက် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများအား ခင်းကျင်းပြသရောင်းချလျက်ရှိပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။