အရှေ့တောင်အာရှရှိတပ်မတော်များထဲတွင် မိမိတို့တပ်မတော်တစ်ခုတည်းသာ ဖရီးဂိတ်စစ်ရေယာဉ်များအား တပ်မတော်ပိုင်သင်္ဘောကျင်းတွင် ကိုယ်ပိုင်ထုတ်လုပ်နိုင်

ေနျပည္ေတာ္၊ ဒီဇင္ဘာ- ၂၄

ယခုကဲ့သုိ႔စစ္ေရယာဥ္မ်ားတည္ေဆာက္ႏုိင္ျခင္းေၾကာင့္ တပ္မေတာ္(ေရ)အတြက္ဂုဏ္ယူပါေၾကာင္း၊ ပင္လယ္အားျဖတ္သန္းႏုိင္သည့္ စံခ်ိန္မီေသာသေဘၤာမ်ားျဖစ္ပါေၾကာင္း၊ အေရွ႕ေတာင္အာရွရွိတပ္မေတာ္မ်ားထဲတြင္ မိမိတို႔တပ္မေတာ္တစ္ခုတည္းသာ ဖရီးဂိတ္စစ္ေရယာဥ္မ်ားအား တပ္မေတာ္ပုိင္သေဘၤာက်င္းတြင္ ကုိယ္ပုိင္ထုတ္လုပ္ႏုိင္သည့္အတြက္ဂုဏ္ယူဖြယ္ရာျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ေသာ အစဥ္အလာကုိထိန္းသိမ္းၿပီး ပုိမုိအစြမ္းထက္သည့္ စစ္ေရယာဥ္မ်ားတည္ေဆာက္သြားရန္လုိ ေၾကာင္းျဖင့္ ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ေရတပ္ဆိပ္ခံတံတား၌ က်င္းပျပဳလုပ္သည့္ ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ စစ္ေရယာဥ္မ်ား တပ္ေတာ္၀င္ျခင္းအခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က တပ္မေတာ္(ေရ)၀တ္စုံအားဂုဏ္ျပဳ၀တ္ဆင္၍ တက္ေရာက္ အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ဇနီး၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ေရတပ္စခန္းဌာနခ်ဳပ္မွဴးမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ဦးစြာ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ မုိးေအာင္က စစ္ေရယာဥ္ဆုိင္ရာအခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပသည္။ ထုိ႔ေနာက္ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴးက ဗ်ဴဟာစစ္ေရယာဥ္စုမွဴးထံ စစ္ေရယာဥ္မ်ားႏွင့္ပတ္သက္ေသာ စာရြက္စာတမ္းမ်ားအားလႊဲေျပာင္းေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က တပ္ေတာ္၀င္အခမ္းအနားအထိမ္းအမွတ္ စစ္ေရယာဥ္ပုံစံငယ္မ်ားကုိ ဂါရ၀ျပဳေပးအပ္သည္။

ထုိ႔ေနာက္ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ)က တပ္ေတာ္၀င္စစ္ေရယာဥ္မ်ားအျဖစ္္ ေၾကညာျခင္း၊ ႏုိင္ငံေတာ္အလံလႊင့္တင္ျခင္း၊ တပ္မေတာ္(ေရ)အလံလႊင့္တင္ျခင္း၊ တပ္ေတာ္၀င္အလံလႊင့္တင္ျခင္း၊ ေခါင္းေလာင္း(၈)ခ်က္တီးျခင္းႏွင့္ တပ္ေတာ္၀င္လုပ္ငန္းစဥ္မ်ားအား အစီအစဥ္အတုိင္းေဆာင္ရြက္ၾကသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္ေတာ္၀င္ စစ္ေရယာဥ္မ်ားျဖစ္ေသာ သံခ်ပ္ကာယာဥ္မ်ားတင္ေဆာင္ထားသည့္ ၅၆ မီတာတင့္ကားတင္ ကမ္းထုိးေရယာဥ္မ်ားႏွင့္ ၂၉ မီတာကမ္းထုိးေရယာဥ္မ်ားအားၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ ကမ္းလြန္ ကင္းလွည့္ေရယာဥ္စစ္ေရယာဥ္-အင္းေလးေပၚသုိ႔ တက္ေရာက္ၾကည့္႐ႈစစ္ေဆးရာ စစ္ေရယာဥ္တာ၀န္က် တပ္ဖြဲ႕မ်ားက ႀကိဳဆုိအေလးျပဳၾကၿပီး တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္ေရယာဥ္-အင္းေလး ဧည့္ခန္း၌ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္ လက္မွတ္ေရးထုိးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္ေရယာဥ္-အင္းေလးေပၚရွိ အေလးျပဳခံ စင္ျမင့္မွေန၍ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကုိခံယူသည္။ ထုိအခ်ိန္တြင္ စစ္ရယာဥ္-ရန္တုိင္းေအာင္ႏွင့္ စစ္ေရယာဥ္-ရန္ႀကီးေအာင္တုိ႔မွ အေျမာက္(၁၉)ခ်က္ ပစ္ေဖာက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဂုဏ္ျပဳအေလးျပဳၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳတပ္ဖြဲ႕အားစစ္ေဆးသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဖရီးဂိတ္စစ္ေရယာဥ္-ေအာင္ေဇယ် ဦးေဆာင္ေသာ ဖရီးဂိတ္စစ္ေရယာဥ္-က်န္စစ္သား၊ ဖရီးဂိတ္စစ္ေရယာဥ္-ဆင္ျဖဴရွင္၊ ေကာ္ဗက္စစ္ေရယာဥ္-တပင္ေရႊထီးႏွင့္ အျမန္သြားတုိက္ခုိက္ေရး ေရယာဥ္မ်ားက Single Line Formation ပုံစံျဖင့္ပုံျပဳေမာင္းႏွင္ၿပီး ခ်ီတက္အေလးျပဳၾကသည္။ ထုိသုိ႔ခ်ီတက္အေလးျပဳေနခ်ိန္တြင္ ယူ႐ုိေကာ္ပတာအမ်ိဳးအစားရဟတ္ယာဥ္တစ္ စင္းက စစ္ေရယာဥ္-ေအာင္ေဇယ်ေပၚသုိ႔ ဂုဏ္ျပဳဆင္းသက္အေလးျပဳသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က အေျမာက္ပစ္ေဖာက္ဂုဏ္ျပဳအေလးျပဳပစ္ခတ္ထားသည့္ ပထမဆုံးအေျမာက္က်ည္ဆံခြံအား အထိမ္းအမွတ္လက္ေဆာင္အျဖစ္ဂါရ၀ျပဳေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳခ်ီတက္အေလးျပဳခဲ့ၾကသည့္ စစ္ေရယာဥ္မ်ားႏွင့္ တပ္ေတာ္၀င္စစ္ေရယာဥ္မ်ားမွ အရာရွိ၊ စစ္သည္မ်ားအတြက္ ဂုဏ္ျပဳလက္ေဆာင္မ်ားအားေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ထုိ႔ေနာက္ တပ္ေတာ္၀င္ေရယာဥ္မ်ားတည္ေဆာက္ခဲ့ခ်ိန္တြင္ ပါ၀င္ေဆာင္ရြက္ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအတြက္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားအားေပးအပ္ခ်ီးျမႇင့္ရာ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴး ဗုိလ္မွဴးခ်ဳပ္သန္႔စင္ေလးက လက္ခံရယူသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ေရယာဥ္မ်ားအားတည္ေဆာက္ခဲ့သည့္ တပ္မေတာ္(ေရ)မွ အင္ဂ်င္နီယာအရာရွိ၊ စစ္သည္မ်ားအားဂုဏ္ျပဳခ်ီးက်ဴးပါေၾကာင္း၊ တပ္မေတာ္(ေရ)သည္ ျမန္မာ့ေရပုိင္နက္အား ကာကြယ္ရန္ တာ၀န္ရွိၿပီးႀကီးမားက်ယ္ျပန္႔လွသည့္ေရျပင္အား ကာကြယ္ရန္သည္ လြယ္ကူသည့္ကိစၥတစ္ရပ္မဟုတ္ေၾကာင္း၊ စစ္ေရယာဥ္-ေမယုမွစတင္ၿပီး သေႏၶတည္ခဲ့သည့္ မိမိတုိ႔တပ္မေတာ္(ေရ)သည္ ခက္ခဲၾကမ္းတမ္းသည့္ခရီးလမ္းမ်ား ေလွ်ာက္လွမ္းခဲ့ရေၾကာင္း၊ မိမိတုိ႔ႏုိင္ငံပုိင္ဆုိင္သည့္ ေရျပင္ပုိင္နက္အား လုံေလာက္စြာကာကြယ္ႏုိင္သည့္ ေရယာဥ္အေရအတြက္အလုံအေလာက္မရွိေသးေၾကာင္း၊ ၁၉၉၀ ျပည့္ႏွစ္မွစတင္၍ တပ္မေတာ္(ေရ)အတြက္ စစ္ေရယာဥ္မ်ား၀ယ္ယူျခင္းမ်ားေဆာင္ရြက္ခဲ့ၿပီး ျပင္ပသေဘၤာက်င္းမ်ားတြင္ ေရယာဥ္မ်ားတည္ေဆာက္ခဲ့ေၾကာင္း၊ သုိ႔ေသာ္လုံေလာက္မႈမရွိေသးသျဖင့္ အစြမ္းထက္ၿပီး ေရျပင္ပုိင္နက္အားကာကြယ္ႏုိင္စြမ္းရွိသည့္သေဘၤာမ်ား တည္ေဆာက္ႏုိင္ရန္အတြက္ တပ္မေတာ္ပုိင္သေဘၤာက်င္းမ်ားတည္ေဆာက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ေရယာဥ္မ်ားအားတည္ေဆာက္ခဲ့ၿပီး အေတြ႕အႀကဳံမ်ားကုိရယူ၍ ပုိမုိေကာင္းမြန္သည့္ စစ္ေရယာဥ္မ်ားအားအဆင့္ျမႇင့္တင္တည္ေဆာက္ခဲ့ေၾကာင္း၊ ယခုအခါ မိမိတုိ႔ပင္လယ္ျပင္အားေကာင္းစြာကာကြယ္ႏုိင္ရန္အတြက္ ဖရီးဂိတ္စစ္ေရယာဥ္ မ်ားတည္ေဆာက္ႏုိင္ခဲ့ၿပီး တပ္မေတာ္(ေရ)၏စြမ္းပကားသည္ အေရွ႕ေတာင္အာရွတြင္ အဆင့္မီသည့္ တပ္မေတာ္(ေရ)ျဖစ္လာၿပီျဖစ္ေၾကာင္း၊ ယခုအခါ မိမိတိို႔တပ္မေတာ္(ေရ)တြင္ ကုိယ္ပုိင္တည္ေဆာက္ႏုိင္သည့္အတြက္ စစ္ေရယာဥ္မ်ား၏စြမ္းပကားသည္ ပုိမုိတုိးတက္ေကာင္းမြန္လာေၾကာင္း၊ ထုိကဲ့သုိ႔ေဆာင္ရြက္ႏုိင္ျခင္းမွာလည္း ယခင္တပ္မေတာ္ေခါင္းေဆာင္မ်ားမွ အေျခတည္ၿပီးစတင္ေဆာင္ရြက္ေပးခဲ့သည့္ လူသားအရင္းအျမစ္မ်ားေမြးထုတ္ေပးခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

တပ္မေတာ္(ေရ)၏ေဆာင္ပုဒ္မွာ “ျမန္္မာ့ပင္လယ္ ဒုိ႔ကာကြယ္” ျဖစ္ၿပီး Blue Water Navy ပင္လယ္ျပာေရတပ္ဖြဲ႕ျဖစ္ရမည္ဟု မူ၀ါဒခ်မွတ္ေပးထားေၾကာင္း၊ ပင္လယ္ျပာေရတပ္ဖြဲ႕ျဖစ္ရန္အတြက္ ယခုထက္ပုိမုိအစြမ္းထက္ၿပီး ပမာဏႀကီးမားသည့္ စစ္ေရယာဥ္မ်ားလုိအပ္မည္ျဖစ္ၿပီး တစ္ဖက္ရန္သူအားၿခိမ္းေျခာက္ႏုိင္စြမ္းရွိေအာင္ နည္းပညာအရ၊ အတတ္ပညာအရ၊ လုပ္ငန္းရပ္အရႀကိဳးစားၾကရမည္ျဖစ္ေၾကာင္း၊ ယခုအခါ မိမိတုိ႔ တပ္မေတာ္(ေရ)သည္ အေရွ႕ေတာင္အာရွတြင္ထိပ္ဆုံးသုိ႔ေရာက္ရွိေနၿပီး ႏုိင္ငံတကာမွ အသိအမွတ္ျပဳသည့္ တပ္မေတာ္(ေရ)ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး စစ္ေရယာဥ္မ်ားအားတည္ေဆာက္ေန႐ုံျဖင့္မလုံေလာက္ဘဲ စြမ္းရည္ျပည့္ေစရန္အတြက္လည္းေဆာင္ရြက္ရန္လုိေၾကာင္း၊ အသုံးျပဳရန္လည္းလုိအပ္ၿပီး ထုိကဲ့သုိ႔ အသုံးျပဳမွသာ မိမိတို႔ႏုိင္ငံ၏ပင္လယ္ျပင္လုံၿခဳံမႈရွိမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ား၏ဘ၀လုံၿခဳံမႈရွိရန္အတြက္ မိမိတုိ႔(ၾကည္း၊ေရ၊ေလ) တပ္မေတာ္သားမ်ားႏွင့္ ကာကြယ္ေရးတပ္ဖြဲ႕၀င္မ်ားကေဆာင္ရြက္ေပးရမည္ျဖစ္ၿပီး ယခုအစဥ္အလာမ်ားအား ဆက္လက္ထိန္းသိမ္းေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ စစ္ေရယာဥ္မ်ား တည္ေဆာက္ရာတြင္ပါ၀င္ခဲ့ၾကသည့္တပ္မေတာ္(ေရ)မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္သည္။

ဆက္လက္ၿပီး ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အမွတ္(၃)ေရတပ္ဆိပ္ခံတံတားမွ ဧရာ၀တီေရတပ္စခန္းဌာနခ်ဳပ္သုိ႔ စစ္ေရယာဥ္-ရတနာပုံျဖင့္ ထြက္ခြာၾကသည္။

ထုိသုိ႔သြားေရာက္စဥ္ စစ္ေရယာဥ္ေပၚ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတုိ႔က ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ ကိတ္မုန္႔အား ဂုဏ္ျပဳလွီးျခင္းအားေဆာင္ရြက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)မ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္တံဆိပ္မ်ားအား အမွတ္တရ လက္ေဆာင္အျဖစ္ေပးအပ္သည္။

ထုိ႔ေနာက္ ဧရာ၀တီေရတပ္စခန္းဌာနခ်ဳပ္ရွိ ႏွစ္(၇၀)ျပည့္တပ္မေတာ္(ေရ) အထိမ္းအမွတ္ျပခန္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး အထိမ္းအမွတ္ျပခန္းမ်ားႏွင့္ ေရတပ္စခန္းဌာနခ်ဳပ္အလိုက္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။ ၎ေနာက္ တပ္မေတာ္(ေရ)စစ္တီး၀ုိင္းတပ္ဖြဲ႕၏ တီးမႈတ္ေဖ်ာ္ေျဖမႈမ်ားအားၾကည့္႐ႈအားေပးၿပီး ဂုဏ္ျပဳဆုေငြမ်ားေပးအပ္သည္။

အဆုိပါ ႏွစ္(၇၀)ျပည့္တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ျပခန္းမ်ားတြင္ ေရတပ္ သမုိင္းမွတ္တမ္းဓာတ္ပုံမ်ား၊ ေရတပ္အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ေရယာဥ္ပုံစံငယ္မ်ား၊ စာအုပ္အေရာင္းဆုိင္ႏွင့္ တပ္မေတာ္ထုတ္လူသုံးကုန္ပစၥည္းအေရာင္းဆုိင္မ်ား၊ ေဒသထြက္ကုန္ႏွင့္ ျမန္မာ့႐ုိးရာအစားအစာမ်ားကုိ ခင္းက်င္ျပသေရာင္းခ်လ်က္ရွိသည္။

ယေန႔က်င္းပျပဳလုပ္ေသာ ႏွစ္(၇၀)ျပည့္တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ စစ္ေရယာဥ္မ်ားတပ္ေတာ္၀င္ျခင္းအခမ္းအနားတြင္ ကမ္းလြန္ကင္းလွည့္ေရယာဥ္ တစ္စင္း၊ ၅၆ မီတာ တင့္ကားတင္ကမ္းထုိးေရယာဥ္ႏွစ္စင္းႏွင့္ ၂၉ မီတာ ကမ္းထုိးေရယာဥ္ေလးစင္း၊ စုစုေပါင္း ၇ စင္းတုိ႔တပ္ေတာ္၀င္ခဲ့ျခင္းျဖစ္သည္။

 

 

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နံနက္ပုိင္းကလည္း ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္သုိ႔ေရာက္ရွိၾကၿပီး တပ္မေတာ္(ေရ)မွထုတ္လုပ္ထားရွိသည့္ တပ္မေတာ္(ေရ)အသုံးအေဆာင္ပစၥည္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။

ယင္းေနာက္ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ အစည္းအေ၀းခန္းမတြင္ ဌာနခ်ဳပ္မွဴးက ေရယာဥ္မ်ားအသစ္တည္ေဆာက္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ေနမႈကုိ PowerPoint ျဖင့္ရွင္းလင္းတင္ျပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ားႏွင့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ားအား ျပည္တြင္း၌ပင္ တပ္မေတာ္(ေရ)အင္ဂ်င္နီယာမ်ားျဖင့္ တည္ေဆာက္ေနမႈမ်ား၊ ယခင္စစ္ေရယာဥ္မ်ားအား အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ ေဆး႐ုံေရယာဥ္မ်ားတည္ေဆာက္မႈ၊ ျမန္မာ့ပင္လယ္ျပင္လုံၿခဳံေရးအတြက္ တပ္မေတာ္(ေရ)၏ စြမ္းပကားအေရးပါမႈႏွင့္ စြမ္းရည္ျမင့္မားလာမႈအေျခအေနမ်ား၊ ယခင္တပ္မေတာ္ေခါင္းေဆာင္မ်ား၏ အေျမာ္အျမင္ရွိစြာျဖင့္ အေျခခံအုတ္ျမစ္တည္ေဆာက္ေပးခဲ့မႈမ်ားေၾကာင့္ ယခုကဲ့သုိ႔ တပ္မေတာ္(ေရ)ကုိ စြမ္းရည္၊ စြမ္းအားရွိသည့္ေခတ္မီတပ္မေတာ္(ေရ)ျဖစ္ေအာင္ တုိးခ်ဲ႕တည္ေဆာက္ႏုိင္ခဲ့မႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ ျပတုိက္အတြင္းလွည့္လည္ၾကည့္႐ႈၾကသည္။ ၎ေနာက္ ေရတပ္သေဘၤာက်င္းအတြင္း စစ္ေရယာဥ္မ်ားတည္ေဆာက္ေနမႈအေျခအေနမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္လွည့္လည္ၾကည့္႐ႈခဲ့ၾကသည္။

ယေန႔က်ေရာက္သည့္ ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အျဖစ္ နံနက္ပုိင္းတြင္ သန္လ်င္တပ္နယ္ရွိ နယ္ေျမခံေရတပ္စခန္းဌာနခ်ဳပ္၌ သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္းဆက္ကပ္ျခင္းအခမ္းအနားႏွင့္ စစ္ေရးျပအခမ္းအနားက်င္းပျခင္းမ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းဦးေဆာင္၍ က်င္းပခဲ့ၿပီး အၿငိမ္းစားကာကြယ္ေရးဦစီးခ်ဳပ္(ေရ)မ်ားႏွင့္ တပ္မေတာ္(ေရ)မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ခဲ့ၾကသည္။

(Unicode Version)

အရှေ့တောင်အာရှရှိတပ်မတော်များထဲတွင် မိမိတို့တပ်မတော်တစ်ခုတည်းသာ ဖရီးဂိတ်စစ်ရေယာဉ်များအား တပ်မတော်ပိုင်သင်္ဘောကျင်းတွင် ကိုယ်ပိုင်ထုတ်လုပ်နိုင်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၄

ယခုကဲ့သို့စစ်ရေယာဉ်များတည်ဆောက်နိုင်ခြင်းကြောင့် တပ်မတော်(ရေ)အတွက်ဂုဏ်ယူပါကြောင်း၊ ပင်လယ်အားဖြတ်သန်းနိုင်သည့် စံချိန်မီသောသင်္ဘောများဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှရှိတပ်မတော်များထဲတွင် မိမိတို့တပ်မတော်တစ်ခုတည်းသာ ဖရီးဂိတ်စစ်ရေယာဉ်များအား တပ်မတော်ပိုင်သင်္ဘောကျင်းတွင် ကိုယ်ပိုင်ထုတ်လုပ်နိုင်သည့်အတွက်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ ယခုကဲ့သို့သော အစဉ်အလာကိုထိန်းသိမ်းပြီး ပိုမိုအစွမ်းထက်သည့် စစ်ရေယာဉ်များတည်ဆောက်သွားရန်လို ကြောင်းဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(ရေ)၀တ်စုံအားဂုဏ်ပြုဝတ်ဆင်၍ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက် ကြသည်။

ဦးစွာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်က စစ်ရေယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအားလွှဲပြောင်းပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ်် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော သံချပ်ကာယာဉ်များတင်ဆောင်ထားသည့် ၅၆ မီတာတင့်ကားတင် ကမ်းထိုးရေယာဉ်များနှင့် ၂၉ မီတာကမ်းထိုးရေယာဉ်များအားကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ကမ်းလွန် ကင်းလှည့်ရေယာဉ်စစ်ရေယာဉ်-အင်းလေးပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးရာ စစ်ရေယာဉ်တာဝန်ကျ တပ်ဖွဲ့များက ကြိုဆိုအလေးပြုကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ်-အင်းလေး ဧည့်ခန်း၌ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်-အင်းလေးပေါ်ရှိ အလေးပြုခံ စင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူသည်။ ထိုအချိန်တွင် စစ်ရယာဉ်-ရန်တိုင်းအောင်နှင့် စစ်ရေယာဉ်-ရန်ကြီးအောင်တို့မှ အမြောက်(၁၉)ချက် ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက်စစ်ရေယာဉ်-တပင်ရွှေထီးနှင့် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များက Single Line Formation ပုံစံဖြင့်ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြသည်။ ထိုသို့ချီတက်အလေးပြုနေချိန်တွင် ယူရိုကော်ပတာအမျိုးအစားရဟတ်ယာဉ်တစ် စင်းက စစ်ရေယာဉ်-အောင်ဇေယျပေါ်သို့ ဂုဏ်ပြုဆင်းသက်အလေးပြုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက်ဂုဏ်ပြုအလေးပြုပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆံခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ်ဂါရဝပြုပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များနှင့် တပ်တော်ဝင်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုလက်ဆောင်များအားပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ထို့နောက် တပ်တော်ဝင်ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါ၀င်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ချီးမြှင့်ရာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန့်စင်လေးက လက်ခံရယူသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တပ်မတော်ရေယာဉ်များအားတည်ဆောက်ခဲ့သည့် တပ်မတော်(ရေ)မှ အင်ဂျင်နီယာအရာရှိ၊ စစ်သည်များအားဂုဏ်ပြုချီးကျူးပါကြောင်း၊ တပ်မတော်(ရေ)သည် မြန်မာ့ရေပိုင်နက်အား ကာကွယ်ရန် တာဝန်ရှိပြီးကြီးမားကျယ်ပြန့်လှသည့်ရေပြင်အား ကာကွယ်ရန်သည် လွယ်ကူသည့်ကိစ္စတစ်ရပ်မဟုတ်ကြောင်း၊ စစ်ရေယာဉ်-မေယုမှစတင်ပြီး သန္ဓေတည်ခဲ့သည့် မိမိတို့တပ်မတော်(ရေ)သည် ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းများ လျှောက်လှမ်းခဲ့ရကြောင်း၊ မိမိတို့နိုင်ငံပိုင်ဆိုင်သည့် ရေပြင်ပိုင်နက်အား လုံလောက်စွာကာကွယ်နိုင်သည့် ရေယာဉ်အရေအတွက်အလုံအလောက်မရှိသေးကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှစတင်၍ တပ်မတော်(ရေ)အတွက် စစ်ရေယာဉ်များဝယ်ယူခြင်းများဆောင်ရွက်ခဲ့ပြီး ပြင်ပသင်္ဘောကျင်းများတွင် ရေယာဉ်များတည်ဆောက်ခဲ့ကြောင်း၊ သို့သော်လုံလောက်မှုမရှိသေးသဖြင့် အစွမ်းထက်ပြီး ရေပြင်ပိုင်နက်အားကာကွယ်နိုင်စွမ်းရှိသည့်သင်္ဘောများ တည်ဆောက်နိုင်ရန်အတွက် တပ်မတော်ပိုင်သင်္ဘောကျင်းများတည်ဆောက်ခဲ့ကြောင်း၊ ယင်းနောက် ရေယာဉ်များအားတည်ဆောက်ခဲ့ပြီး အတွေ့အကြုံများကိုရယူ၍ ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များအားအဆင့်မြှင့်တင်တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့ပင်လယ်ပြင်အားကောင်းစွာကာကွယ်နိုင်ရန်အတွက် ဖရီးဂိတ်စစ်ရေယာဉ် များတည်ဆောက်နိုင်ခဲ့ပြီး တပ်မတော်(ရေ)၏စွမ်းပကားသည် အရှေ့တောင်အာရှတွင် အဆင့်မီသည့် တပ်မတော်(ရေ)ဖြစ်လာပြီဖြစ်ကြောင်း၊ ယခုအခါ မိမိတိို့တပ်မတော်(ရေ)တွင် ကိုယ်ပိုင်တည်ဆောက်နိုင်သည့်အတွက် စစ်ရေယာဉ်များ၏စွမ်းပကားသည် ပိုမိုတိုးတက်ကောင်းမွန်လာကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ခြင်းမှာလည်း ယခင်တပ်မတော်ခေါင်းဆောင်များမှ အခြေတည်ပြီးစတင်ဆောင်ရွက်ပေးခဲ့သည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

တပ်မတော်(ရေ)၏ဆောင်ပုဒ်မှာ “မြန််မာ့ပင်လယ် ဒို့ကာကွယ်” ဖြစ်ပြီး Blue Water Navy ပင်လယ်ပြာရေတပ်ဖွဲ့ဖြစ်ရမည်ဟု မူဝါဒချမှတ်ပေးထားကြောင်း၊ ပင်လယ်ပြာရေတပ်ဖွဲ့ဖြစ်ရန်အတွက် ယခုထက်ပိုမိုအစွမ်းထက်ပြီး ပမာဏကြီးမားသည့် စစ်ရေယာဉ်များလိုအပ်မည်ဖြစ်ပြီး တစ်ဖက်ရန်သူအားခြိမ်းခြောက်နိုင်စွမ်းရှိအောင် နည်းပညာအရ၊ အတတ်ပညာအရ၊ လုပ်ငန်းရပ်အရကြိုးစားကြရမည်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့ တပ်မတော်(ရေ)သည် အရှေ့တောင်အာရှတွင်ထိပ်ဆုံးသို့ရောက်ရှိနေပြီး နိုင်ငံတကာမှ အသိအမှတ်ပြုသည့် တပ်မတော်(ရေ)ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စစ်ရေယာဉ်များအားတည်ဆောက်နေရုံဖြင့်မလုံလောက်ဘဲ စွမ်းရည်ပြည့်စေရန်အတွက်လည်းဆောင်ရွက်ရန်လိုကြောင်း၊ အသုံးပြုရန်လည်းလိုအပ်ပြီး ထိုကဲ့သို့ အသုံးပြုမှသာ မိမိတို့နိုင်ငံ၏ပင်လယ်ပြင်လုံခြုံမှုရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ဘဝလုံခြုံမှုရှိရန်အတွက် မိမိတို့(ကြည်း၊ရေ၊လေ) တပ်မတော်သားများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယခုအစဉ်အလာများအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စစ်ရေယာဉ်များ တည်ဆောက်ရာတွင်ပါ၀င်ခဲ့ကြသည့်တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ဆက်လက်ပြီး ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်-ရတနာပုံဖြင့် ထွက်ခွာကြသည်။

ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နှစ်(၇၀)ပြည့် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကိတ်မုန့်အား ဂုဏ်ပြုလှီးခြင်းအားဆောင်ရွက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(လေ)များအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နှစ်(၇၀)ပြည့် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်များအား အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်သည်။

ထို့နောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ နှစ်(၇၀)ပြည့်တပ်မတော်(ရေ) အထိမ်းအမှတ်ပြခန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ၎င်းနောက် တပ်မတော်(ရေ)စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများအားကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်သည်။

အဆိုပါ နှစ်(၇၀)ပြည့်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ပြခန်းများတွင် ရေတပ် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ရေတပ်အသုံးအဆောင်ပစ္စည်းများနှင့်ရေယာဉ်ပုံစံငယ်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်နှင့် မြန်မာ့ရိုးရာအစားအစာများကို ခင်းကျင်ပြသရောင်းချလျက်ရှိသည်။

ယနေ့ကျင်းပပြုလုပ်သော နှစ်(၇၀)ပြည့်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ကမ်းလွန်ကင်းလှည့်ရေယာဉ် တစ်စင်း၊ ၅၆ မီတာ တင့်ကားတင်ကမ်းထိုးရေယာဉ်နှစ်စင်းနှင့် ၂၉ မီတာ ကမ်းထိုးရေယာဉ်လေးစင်း၊ စုစုပေါင်း ရ စင်းတို့တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းကလည်း ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့ရောက်ရှိကြပြီး တပ်မတော်(ရေ)မှထုတ်လုပ်ထားရှိသည့် တပ်မတော်(ရေ)အသုံးအဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် အစည်းအဝေးခန်းမတွင် ဌာနချုပ်မှူးက ရေယာဉ်များအသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို PowerPoint ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ပြည်တွင်း၌ပင် တပ်မတော်(ရေ)အင်ဂျင်နီယာများဖြင့် တည်ဆောက်နေမှုများ၊ ယခင်စစ်ရေယာဉ်များအား အဆင့်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆေးရုံရေယာဉ်များတည်ဆောက်မှု၊ မြန်မာ့ပင်လယ်ပြင်လုံခြုံရေးအတွက် တပ်မတော်(ရေ)၏ စွမ်းပကားအရေးပါမှုနှင့် စွမ်းရည်မြင့်မားလာမှုအခြေအနေများ၊ ယခင်တပ်မတော်ခေါင်းဆောင်များ၏ အမြော်အမြင်ရှိစွာဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ပေးခဲ့မှုများကြောင့် ယခုကဲ့သို့ တပ်မတော်(ရေ)ကို စွမ်းရည်၊ စွမ်းအားရှိသည့်ခေတ်မီတပ်မတော်(ရေ)ဖြစ်အောင် တိုးချဲ့တည်ဆောက်နိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေတပ်သင်္ဘောကျင်းဌာနချုပ် ပြတိုက်အတွင်းလှည့်လည်ကြည့်ရှုကြသည်။ ၎င်းနောက် ရေတပ်သင်္ဘောကျင်းအတွင်း စစ်ရေယာဉ်များတည်ဆောက်နေမှုအခြေအနေများအား မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယနေ့ကျရောက်သည့် နှစ်(၇၀)ပြည့် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်းအခမ်းအနားနှင့် စစ်ရေးပြအခမ်းအနားကျင်းပခြင်းများအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်၍ ကျင်းပခဲ့ပြီး အငြိမ်းစားကာကွယ်ရေးဦစီးချုပ်(ရေ)များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။