တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သီလဝါအထူး စီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ စက်တင်ဘာ- ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ၊ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ Myanmar Japan Thilawa Development Limited အုပ်ချုပ်မှုရုံးခန်း၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. WATANABE နှင့်ကုမ္ပဏီ CEO ဖြစ်သူ Mr. Yanai တို့က သီလဝါအထူးစီးပွားရေးဇုန်အား စတင်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်းဧရိယာ ၅၉၃၀ ဧကခန့်ရှိပြီး လက်ရှိတွင် ဇုန် A ကို ဧက ၁၀၀၀ သတ်မှတ်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ကုမ္ပဏီ ၈၄ ခုဖြင့် စာချုပ် ချုပ်ဆိုပြီး ကုမ္ပဏီ ၃၄ ခုလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု၊ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင်ပါ၀င်မည့် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပို့ကုန်လုပ်ငန်းများ၊ ယင်းလုပ်ငန်းများတွင် ကုမ္ပဏီ ၁၅၀ ခန့်ဖြင့် စာချုပ်ချုပ်ဆိုလုပ်ဆောင်ရန်လျာထားပြီး ၀န်ထမ်း ၄၀၀၀၀ ခန့် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မှု၊ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရန် One Stop Service Centre ထည့်သွင်းထားရှိမှု၊ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကိုပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး စီမံကိန်းဧရိယာအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်အတွက် Green Zone ထားရှိရေးနှင့် အရိပ်ရလေကာပင်များ၏ အရိပ်ရရှိနိုင်မှုအချိန်ကာလအရ သစ်ပင်များ ကြိုတင်စိုက်ပျိုးရန်လိုအပ်မှု၊ စီမံကိန်းတွင် ၀န်ထမ်းအင်အား ၄၀၀၀၀ ခန့်လျာထားသဖြင့် နေထိုင်ရေး၊ ကျန်းမာရေး၊ လုပ်ငန်းခွင်အတတ်ပညာသင်ကြားရေးများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်မှုများကို အကြံပြုဆွေးနွေးသည်။

ထို့နောက် တပ််မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သီလဝါအထူး စီးပွားရေးဇုန်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းကလည်း သန်လျင်တပ်နယ်၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ Green House စိုက်ပျိုးရေးဇုန်တွင် သီးနှံပင်များစိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Green House ၏ သဘောသဘာဝမှာ အမိုးအကာအောက်တွင် နေရောင်ခြည်၊ ရေ၊ မြေတို့အား စိုက်ပျိုးမည့်သီးနှံအပေါ်မူတည်၍ သင့်တင့်မျှတစွာရရှိအောင်လုပ်ဆောင်ရန်လိုကြောင်း၊ Green House အတွင်း စင်များဖြင့်အဆင့်လိုက် အလွှာလိုက်စိုက်ပျိုးခြင်းဖြင့် မြေနေရာ သာမက ရေသုံးစွဲမှုကိုပါ ခြိုးခြံချွေတာနိုင်ကြောင်း၊ Green House  ဖြင့်စိုက်ပျိုးခြင်းဖြင့် ရာသီမရွေးဟင်းသီးဟင်းရွက်များကို စုံလင်စွာရရှိစားသုံးနိုင်ကြောင်း၊ ကိုက်လန်၊ ပန်းပွင့်စိမ်း၊ မုံလာဥနီ၊ မှို စသည်ဖြင့် ရှားပါးသော၊ တန်ဖိုးရှိသော သာမန်စိုက်ခင်းဖြင့် စိုက်ပျိုးရန်ခက်ခဲသော သီးနှံများကိုရွေးချယ်စိုက်ပျိုးသင့်ကြောင်းနှင့် စိုက်ပျိုးရေးဇုန်အတွင်း ဒန့်ဒလွန်၊ ငှက်ပျော၊ သင်္ဘောမျိုးကောင်းမျိုးသန့်များကိုလည်း စနစ်တကျ အကွက်ချ၍ စိုက်ပျိုးသွားရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Green House မှထွက်ရှိသည့် အသီးအနှံများအား ကြည့်ရှုစစ်ဆေးပြီး Green House အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ သီလဝါအထူး စီးပြားေရးဇုန္သို႔ သြားေရာက္ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္၊ စက္တင္ဘာ- ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ လုိက္ပါၿပီး ယေန႔ နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္ရွိ၊ သီလ၀ါအထူးစီးပြားေရးဇုန္သုိ႔ သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ Myanmar Japan Thilawa Development Limited အုပ္ခ်ဳပ္မႈ႐ုံးခန္း၌ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Mr. WATANABE ႏွင့္ကုမၸဏီ CEO ျဖစ္သူ Mr. Yanai တုိ႔က သီလ၀ါအထူးစီးပြားေရးဇုန္အား စတင္ေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား၊ စီမံကိန္းဧရိယာ ၅၉၃၀ ဧကခန္႔ရွိၿပီး လက္ရွိတြင္ ဇုန္ A ကုိ ဧက ၁၀၀၀ သတ္မွတ္၍ လုပ္ငန္းေဆာင္ရြက္ခဲ့မႈ၊ ကုမၸဏီ ၈၄ ခုျဖင့္ စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး ကုမၸဏီ ၃၄ ခုလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနမႈ၊ သီလ၀ါအထူးစီးပြားေရးဇုန္ စီမံကိန္းတြင္ပါ၀င္မည့္ သြင္းကုန္အစားထုိးလုပ္ငန္းမ်ား၊ ပုိ႔ကုန္လုပ္ငန္းမ်ား၊ ယင္းလုပ္ငန္းမ်ားတြင္ ကုမၸဏီ ၁၅၀ ခန္႔ျဖင့္ စာခ်ဳပ္ခ်ဳပ္ဆုိလုပ္ေဆာင္ရန္လ်ာထားၿပီး ၀န္ထမ္း ၄၀၀၀၀ ခန္႔ အလုပ္အကုိင္ အခြင့္အလမ္းရရွိႏုိင္မႈ၊ လုပ္ငန္းေဆာင္ရြက္မႈ အဆင္ေျပေစရန္ One Stop Service Centre ထည့္သြင္းထားရွိမႈ၊ နယ္ေျမေဒသဖြံ႔ၿဖိဳးေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး လုပ္ငန္းမ်ားကုိပါ ထည့္သြင္းစဥ္းစား လုပ္ေဆာင္ေနမႈအေျခအေနမ်ားကုိ ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားေမးျမန္းၿပီး စီမံကိန္းဧရိယာအတြင္း သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းႏုိင္ရန္အတြက္ Green Zone ထားရွိေရးႏွင့္ အရိပ္ရေလကာပင္မ်ား၏ အရိပ္ရရွိႏုိင္မႈအခ်ိန္ကာလအရ သစ္ပင္မ်ား ႀကိဳတင္စုိက္ပ်ိဳးရန္လုိအပ္မႈ၊ စီမံကိန္းတြင္ ၀န္ထမ္းအင္အား ၄၀၀၀၀ ခန္႔လ်ာထားသျဖင့္ ေနထုိင္ေရး၊ က်န္းမာေရး၊ လုပ္ငန္းခြင္အတတ္ပညာသင္ၾကားေရးမ်ားကုိပါ ထည့္သြင္းစဥ္းစားရန္လိုအပ္မႈမ်ားကုိ အႀကံျပဳေဆြးေႏြးသည္။

ထုိ႔ေနာက္ တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သီလ၀ါအထူး စီးပြားေရးဇုန္အတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္႐ႈေလ့လာခဲ့ၾကသည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နံနက္ပုိင္းကလည္း သန္လ်င္တပ္နယ္၊ နယ္ေျမခံေရတပ္စခန္းဌာနခ်ဳပ္ရွိ Green House စုိက္ပ်ိဳးေရးဇုန္တြင္ သီးႏွံပင္မ်ားစုိက္ပ်ိဳးထားရွိမႈအား သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ခံအရာရွိႏွင့္ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Green House ၏ သေဘာသဘာ၀မွာ အမုိးအကာေအာက္တြင္ ေနေရာင္ျခည္၊ ေရ၊ ေျမတုိ႔အား စုိက္ပ်ိဳးမည့္သီးႏွံအေပၚမူတည္၍ သင့္တင့္မွ်တစြာရရွိေအာင္လုပ္ေဆာင္ရန္လုိေၾကာင္း၊ Green House အတြင္း စင္မ်ားျဖင့္အဆင့္လုိက္ အလႊာလုိက္စုိက္ပ်ိဳးျခင္းျဖင့္ ေျမေနရာ သာမက ေရသုံးစြဲမႈကုိပါ ၿခိဳးၿခံေခြၽတာႏုိင္ေၾကာင္း၊ Green House  ျဖင့္စုိက္ပ်ိဳးျခင္းျဖင့္ ရာသီမေရြးဟင္းသီးဟင္းရြက္မ်ားကုိ စုံလင္စြာရရွိစားသုံးႏုိင္ေၾကာင္း၊ ကုိက္လန္၊ ပန္းပြင့္စိမ္း၊ မုံလာဥနီ၊ မႈိ စသည္ျဖင့္ ရွားပါးေသာ၊ တန္ဖိုးရွိေသာ သာမန္စုိက္ခင္းျဖင့္ စုိက္ပ်ိဳးရန္ခက္ခဲေသာ သီးႏွံမ်ားကုိေရြးခ်ယ္စုိက္ပ်ိဳးသင့္ေၾကာင္းႏွင့္ စုိက္ပ်ိဳးေရးဇုန္အတြင္း ဒန္႔ဒလြန္၊ ငွက္ေပ်ာ၊ သေဘၤာမ်ိဳးေကာင္းမ်ိဳးသန္႔မ်ားကုိလည္း စနစ္တက် အကြက္ခ်၍ စုိက္ပ်ိဳးသြားရန္တုိ႔အား မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ Green House မွထြက္ရွိသည့္ အသီးအႏွံမ်ားအား ၾကည့္႐ႈစစ္ေဆးၿပီး Green House အတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။