တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၅)နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ- ၂၈

တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၁၅)ႏွင့္ အမ်ိဳးသမီးသူနာျပဳသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၂)သင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားကုိ ယေန႔ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္ေတာ္ ေဆးတကၠသုိလ္ဘြဲ႕ႏွင္း သဘင္ခန္းမေဆာင္၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္ သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသုိလ္ ေခတၱေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းသူနာျပဳမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ သင္တန္းဆင္းသူနာျပဳမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ သင္တန္းဆင္း သူနာျပဳမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသံုးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕ႏွင့္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဖက္ပညာတကၠသုိလ္ဂုဏ္ျပဳစစ္တီး၀ုိင္း တပ္ဖြဲ႕ တုိ႔က ေတးသီခ်င္းမ်ားျဖင့္ သီဆုိ တီးမႈတ္ေဖ်ာ္ေျဖၾကသည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖဲြ႕၀င္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမေဆာင္၌ ျမ၀တီေတးဂီတအဖဲြ႕ႏွင့္ျမ၀တီအၿငိမ့္ အဖဲြ႕တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၅)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ- ၂၈

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၅)နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်တော် ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်းသူနာပြုများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်းသူနာပြုများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် သင်တန်းဆင်း သူနာပြုများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့နှင့် တပ်မတော်သူနာပြုနှင့် ဆေးဖက်ပညာတက္ကသိုလ်ဂုဏ်ပြုစစ်တီးဝိုင်း တပ်ဖွဲ့ တို့က တေးသီချင်းများဖြင့် သီဆို တီးမှုတ်ဖျော်ဖြေကြသည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မြဝတီတေးဂီတအဖွဲ့နှင့်မြဝတီအငြိမ့် အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။