မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၁

လယ္ေ၀းတပ္နယ္ရွိ ေနျပည္ေတာ္ေလဆိပ္အနီး တည္ထားကုိးကြယ္ေသာ ေျမနီေတာင္ေစတီေတာ္ႀကီး ေရႊထီးေတာ္တင္လွဴပူေဇာ္ျခင္းႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ ေအလာၿမိဳ႕၊ ၿမိဳ႕သစ္ဓမၼရကၡိတေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲ၀ိမလ အမွဴးျပဳေသာသံဃာေတာ္မ်ား ၾကြေရာက္ေတာ္မႈၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ေအလာၿမိဳ႕၊ ၿမိဳ႕သစ္ ဓမၼရကၡိတေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲ၀ိမလထံမွ ၈ ပါးသီလခံယူေဆာက္တည္ၾကၿပီး ေမတၱသုတ္ပရိတ္တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္ ၀တၱဳကံေနရာတြင္ ပက္ဖ်န္းႀကဲျဖန္႔ခ်ည္ေႏွာင္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ားက ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေရႊထီးေတာ္ဘုံအဆင့္ဆင့္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား သံဃာေတာ္အရွင္သူျမတ္မ်ားထံဆက္ကပ္ လွဴဒါန္းၾကသည္။

ယင္းေနာက္ ေအလာၿမိဳ႕၊ ဂုိဏ္းေထာက္ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲဥာဏိႆရ ထံမွ အႏုေမာဒနာတရားနာယူၾကၿပီး ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္ဘုံအဆင့္ဆင့္အား ပင့္ေဆာင္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္သုံးႀကိမ္လွည့္လည္ပူေဇာ္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေရႊထီးေတာ္ ဘုံအဆင့္ဆင့္အား မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္ အထြဋ္သုိ႔ ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းပူေဇာ္ၾကသည္။ ယင္းေနာက္ ေရႊထီးေတာ္ တင္လွဴပူေဇာ္မႈေအာင္ျမင္ျခင္း အထိမ္းအမွတ္ ရတနာေရႊမုိးေငြမုိးမ်ား ရြာသြန္းၿဖိဳးၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ေစတီေတာ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လွဴပူေဇာ္၍ဖူးေျမာ္ၾကည္ညိဳၿပီး ေစတီေတာ္ႀကီး ကမၸည္းေမာ္ကြန္းေက်ာက္စာတုိင္အား အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းသည္။

ဆက္လက္ၿပီး သံဃာေတာ္မ်ားက ေစတီေတာ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ သံဃာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ၾကသည္။

အဆုိပါေျမနီေတာင္ေစတီေတာ္ျမတ္ႀကီးသည္ ေနျပည္ေတာ္ေကာင္စီ နယ္ေျမ၊ ဒကၡိဏခ႐ုိင္၊ လယ္ေ၀းၿမိဳ႕နယ္၊ ေလယာဥ္ကြင္းအနီးတြင္ တည္ရွိၿပီး ျမန္မာသကၠရာဇ္ ၁၂၄၃ ခုႏွစ္ခန္႔(ခရစ္သကၠရာဇ္ ၁၈၇၁)တြင္ အလွဴရွင္မ်ားက တည္ထားကုိးကြယ္ခဲ့ၿပီး ရြာႏွင့္အနည္းငယ္ အလွမ္းေ၀းသျဖင့္ျပဳျပင္မႈမရွိဘဲ ေဆးေရာင္မ်ားလြင့္ျပယ္၍ ဘုရား ငုတ္တုိသာက်န္ရွိခဲ့သည္။ ယခုအခါေစတီေတာ္ႀကီးအား တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အနီးပတ္၀န္းက်င္ေက်းရြာမ်ားမွ အလွဴရွင္မ်ားစုေပါင္းကုသုိလ္ျဖင့္ ျပန္လည္တည္ေဆာက္ျပဳျပင္မြမ္းမံ၍ ထီးေတာ္တင္လွဴပူေဇာ္ခဲ့ျခင္းျဖစ္သည္။

(Unicode Version)

မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁

လယ်ဝေးတပ်နယ်ရှိ နေပြည်တော်လေဆိပ်အနီး တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မှုကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အေလာမြို့၊ မြို့သစ် ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလထံမှ ၈ ပါးသီလခံယူဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ်တရားတော်များနာယူကြသည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော် ၀တ္တုကံနေရာတွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် အေလာမြို့၊ ဂိုဏ်းထောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရ ထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေထီးတော် ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွဋ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် ရွှေထီးတော် တင်လှူပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းသည်။

ဆက်လက်ပြီး သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

အခမ်းအနားအပြီးတွင် တပ််မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါမြေနီတောင်စေတီတော်မြတ်ကြီးသည် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်ခန့်(ခရစ်သက္ကရာဇ် ၁၈၇၁)တွင် အလှူရှင်များက တည်ထားကိုးကွယ်ခဲ့ပြီး ရွာနှင့်အနည်းငယ် အလှမ်းဝေးသဖြင့်ပြုပြင်မှုမရှိဘဲ ဆေးရောင်များလွင့်ပြယ်၍ ဘုရား ငုတ်တိုသာကျန်ရှိခဲ့သည်။ ယခုအခါစေတီတော်ကြီးအား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အလှူရှင်များစုပေါင်းကုသိုလ်ဖြင့် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံ၍ ထီးတော်တင်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။