တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့စစ်ဦးစီးချုပ် Gen. Koji YAMAZAKI က ဂါရဝပြုတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အား ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၏ဖိတ္ၾကားခ်က္အရ ျမန္မာႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ ဂ်ပန္ေျမျပင္ကုိယ္ပုိင္ကာကြယ္ေရးတပ္ဖြဲ႕ စစ္ဦးစီးခ်ဳပ္ Gen. Koji YAMAZAKI က ယေန႔ နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လာေရာက္ဂါရ၀ျပဳ ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ဂ်ပန္ ေျမျပင္ကုိယ္ပုိင္ ကာကြယ္ေရးတပ္ဖြဲ႕စစ္ဦးစီးခ်ဳပ္ႏွင့္အတူ ဂ်ပန္ေျမျပင္ကုိယ္ပုိင္ကာကြယ္ေရးတပ္ဖြဲ႕မွ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာဂ်ပန္ႏုိင္ငံစစ္သံမွဴး Col.Kei TAJIKA တုိ႔တက္ ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-ဂ်ပန္ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္း ေဆာင္ရြက္ မႈ တုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ား၊ အဆင့္လုိက္ပူးေပါင္း ေဆာင္ရြက္မႈကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကားေလ့က်င့္ေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္အတြင္း ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ေဒသခံျပည္သူမ်ားအားအၾကမ္းဖက္တုိက္ခုိက္ခဲ့မႈအေပၚ တပ္မေတာ္မွ ေျဖရွင္းေဆာင္ရြက္မႈကိစၥရပ္မ်ား၊ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးအတြက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ျမန္မာႏုိင္ငံ၏ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္တပ္မေတာ္မွ ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ေျမျပင္ကုိယ္ပုိင္ ကာကြယ္ေရးတပ္ဖြဲ႕ စစ္ဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္ အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾက သူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့စစ်ဦးစီးချုပ် Gen. Koji YAMAZAKI က ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဂျပန် မြေပြင်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ်နှင့်အတူ ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံစစ်သံမှူး Col.Kei TAJIKA တို့တက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက် မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အဆင့်လိုက်ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားလေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ဒေသခံပြည်သူများအားအကြမ်းဖက်တိုက်ခိုက်ခဲ့မှုအပေါ် တပ်မတော်မှ ဖြေရှင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်မြန်မာနိုင်ငံ၏ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်မြေပြင်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန် အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။