တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel အား လက်ခံတွေ့ဆုံ




ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ဂျာမနီနိုင်ငံဆက်ဆံမှုအခြေအနေများနှင့် တပ်မတော်နှစ်ရပ်ပိုမိုနီးကပ်စွာဆက်ဆံနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာ့တပ်မတော်၏စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးစစ်မှုထမ်းများ တာဝန်ထမ်းဆောင်နေမှုအခြေအနေများ၊ လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတာဝန်ပေးအပ်ထားမှုအခြေအနေများ၊  မြန်မာနိုင်ငံတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရရှိစေရန် အတွက်အစိုးရနှင့်တပ်မတော်မှဆောင်ရွက်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွား သည့် ဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီပြန်လည်လက်ခံရေးကိစ္စရပ်များအား အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel အား လက်ခံတွေ့ဆုံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ- ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H.E.Mrs. Dorothee Janetzke-Wenzel အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ဂျာမနီနိုင်ငံဆက်ဆံမှုအခြေအနေများနှင့် တပ်မတော်နှစ်ရပ်ပိုမိုနီးကပ်စွာဆက်ဆံနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာ့တပ်မတော်၏စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးစစ်မှုထမ်းများ တာဝန််ထမ်းဆောင်နေမှုအခြေအနေများ၊ လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတာဝန်ပေးအပ်ထားမှုအခြေအနေများ၊  မြန်မာနိုင်ငံတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရရှိစေရန် အတွက်အစိုးရနှင့်တပ်မတော်မှဆောင်ရွက်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွား သည့် ဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီပြန်လည်လက်ခံရေးကိစ္စရပ်များအား အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျာမနီနိုင်ငံသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။