တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Kong Xuanyou ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏုိင္ငံ၊ ဒုတိယႏုိင္ငံျခားေရး ၀န္ႀကီး Mr. Kong Xuanyou ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံ၊ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Mr. Kong Xuanyou တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟုိစစ္ေကာ္မရွင္ ဒုတိယၫႇိႏႈိင္းကြပ္ကဲေရးမွဴး Maj. Gen. Shao Yuanming ၊ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ၊ စစ္သံမွဴး Sr. Col. Xioang Shaowei ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-တ႐ုတ္ႏွစ္ႏုိင္ငံႏုိင္ငံျခားေရး၀န္ႀကီးဌာနႏွင့္ ကာကြယ္ေရး၀န္ႀကီးဌာနတုိ႔ ဦးေဆာင္သည့္ ၂+၂ အဆင့္ျမင့္ေဆြးေႏြးပြဲက်င္းပျပဳလုပ္ခဲ့မႈရလဒ္မ်ားႏွင့္ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးဆုိင္ရာကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံ၏ျပည္တြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တ႐ုတ္ႏုိင္ငံမွကူညီေဆာင္ရြက္ေပးမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္မႈျပႆနာမ်ားအား ျမန္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္မွေျဖရွင္းေဆာင္ရြက္ခဲ့မႈ အေပၚ တ႐ုတ္ႏုိင္ငံမွေထာက္ခံရပ္တည္မႈအေျခအေနမ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တ႐ုတ္ႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးမ်ားေရာက္ရွိစဥ္ တ႐ုတ္ႏုိင္ငံသမၼတ မစၥတာရွီက်င့္ဖ်င္ အပါအ၀င္တ႐ုတ္ႏုိင္ငံေခါင္းေဆာင္မ်ား၊ တပ္မေတာ္ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံခ်ိန္၌ ႏွစ္ႏုိင္ငံခ်စ္ၾကည္ ရင္းႏွီးမႈတုိးျမႇင့္ေဆာင္ရြက္ႏုိင္ေရးအတြက္ ေဆြးေႏြးေဆာင္ရြက္ႏုိင္ခဲ့မႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တ႐ုတ္ႏုိင္ငံ၊ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီဗဟုိစစ္ေကာ္မရွင္ဒုတိယ ၫႇိႏႈိင္းကြပ္ကဲေရးမွဴးတုိ႔ႏွင့္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Kong Xuanyou ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Mr. Kong Xuanyou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Kong Xuanyou တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး Maj. Gen. Shao Yuanming ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ စစ်သံမှူး Sr. Col. Xioang Shaowei နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ၂+၂ အဆင့်မြင့်ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့မှုရလဒ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုပြဿနာများအား မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်မှဖြေရှင်းဆောင်ရွက်ခဲ့မှုအပေါ် တရုတ်နိုင်ငံမှထောက်ခံရပ်တည်မှုအခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးများရောက်ရှိစဉ် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် အပါအဝင်တရုတ်နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုစစ်ကော်မရှင်ဒုတိယ ညှိနှိုင်းကွပ်ကဲရေးမှူးတို့နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။