တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergey K.SHOIGU အား ယေန႔ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လုိက္လံၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနား တက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကာကြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ျမင့္ႏြယ္တုိ႔ တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသံအမတ္ႀကီး H.E. Dr. Nikolay A.LISTOPADOV၊ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ဒုတိယကာကြယ္ေရး၀န္ႀကီး Lieutenant General Alexander V.FOMIN ၊ ႐ုရွားတပ္မေတာ္မွအရာရွိႀကီးမ်ားႏွင့္ ႐ုရွားႏုိင္ငံစစ္သံမွဴးတုိ႔တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံကာကြယ္ေရး၀န္ႀကီးသည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ေတြ႕ဆုံ၍အျပန္အလွန္ႏႈတ္ခြန္းဆက္ စကားမ်ားေျပာၾကားခဲ့ၾကသည္။

ထုိ႔ေနာက္ ႐ုရွား-ျမန္မာ ႏွစ္ႏုိင္ငံအက်ိဳးတူေဆြးေႏြးပြဲျပဳလုပ္ခဲ့ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံႏွင့္႐ုရွားႏုိင္ငံႏွစ္ႏုိင္ငံသည္ မိတ္ေဆြႏိုင္ငံမ်ားျဖစ္ၿပီး မိမိတုိ႔ႏုိင္ငံ လြတ္လပ္ေရးရရွိခ်ိန္မွစ၍ ႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ားဆက္ဆံေရးေကာင္းမြန္ခဲ့ေၾကာင္း၊ အလွမ္းကြာေ၀းေသာ္လည္းထူးျခားသည့္ ဆက္ဆံေရးမ်ားရွိေၾကာင္း၊ ႏွစ္ႏုိင္ငံဆက္ဆံေရး ပုိမုိတုိးျမႇင့္ေဆာင္ရြက္ရန္လုိအပ္ပါေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ျခင္းျဖင့္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္မႈ နယ္ပယ္မ်ားစြာက်ယ္ျပန္႔လာမည္ျဖစ္ေၾကာင္း၊ ႐ုရွားႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံ၏ျပဳျပင္ေျပာင္းလဲမႈမ်ားတြင္ ႏုိင္ငံတကာမ်က္ႏွာစာ၌ ျမန္မာႏုိင္ငံဘက္မွ ရပ္တည္ေဆာင္ရြက္ေပးခဲ့မႈမ်ားအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ဧည့္သည္ေတာ္၀န္ႀကီးက ႏွစ္ႏုိင္ငံအခက္အခဲမ်ားကုိအျပန္အလွန္ ကူညီပူးေပါင္းေဆာင္ရြက္မႈမ်ားျဖင့္ ေအာင္ျမင္မႈမ်ားရရွိမည္ျဖစ္ေၾကာင္း၊ စစ္ဘက္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ားပုိမုိတုိးျမႇင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈကုိ ပုိမုိတုိးျမႇင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္(ေရ)ႏွစ္ရပ္အၾကား စစ္သေဘၤာမ်ားအျပန္အလွန္ လည္ပတ္ေရးကိစၥရပ္မ်ားအား တုိးျမႇင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရခုိင္ျပည္နယ္အတြင္းျဖစ္ပြား ခဲ့သည့္အၾကမ္းဖက္တုိက္ခိုက္မႈမ်ားတြင္ ျမန္မာႏုိင္ငံအစုိးရႏွင့္တပ္မေတာ္မွ ေျဖရွင္းေဆာင္ရြက္ခဲ့မႈမ်ားအေပၚ ေထာက္ခံေပးမႈအတြက္လည္းေက်းဇူးတင္ရွိပါေၾကာင္း၊ မ်က္ေမွာက္ေခတ္ကာလ အၾကမ္းဖက္တုိက္ခိုက္မႈမ်ားအား ဆုိရွယ္မီဒီယာမ်ားတြင္ ေန႔စဥ္ေတြ႕ျမင္ေနရၿပီး ကမၻာ့ႏုိင္ငံမ်ား၏လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈမ်ားကုိ ေန႔စဥ္ၿခိမ္းေျခာက္လ်က္ရွိေၾကာင္း၊ အၾကမ္းဖက္သမားမ်ားသည္ အမ်ားျပည္သူမ်ားသြားလာလ်က္ရွိသည့္ Public Area မ်ားတြင္ အၾကမ္းဖက္မႈမ်ားအၿမဲတေစ ေဆာင္ရြက္လ်က္ရွိၿပီး အစြန္းေရာက္သမားမ်ားသည္ ဆုိရွယ္မီဒီယာမ်ားအားအသုံးျပဳ၍၀ါဒျဖန္႔စည္း႐ုံး လူသစ္စုေဆာင္းလ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏တုိက္ခုိက္မႈမ်ားတြင္ တပ္မေတာ္သားမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာ၀န္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ား ရက္ရက္စက္စက္သတ္ျဖတ္ခံခဲ့ရေၾကာင္း၊ အဆုိပါအၾကမ္းဖက္တုိက္ခုိက္မႈမ်ားသည္ ႏုိင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစုိးမုိးေရး၊ နယ္ေျမတည္တံ့ခုိင္ၿမဲေရးႏွင့္ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္မ်ားအားထိခိုက္ေစေၾကာင္း၊ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားသည္ ျမန္မာႏုိင္ငံ၏ တရားဥပေဒစုိးမုိးေရးလုပ္ငန္းစဥ္မ်ား ထိခုိက္ေစရန္ဦးတည္ေဆာင္ရြက္လ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ အၾကမ္းဖက္သမားမ်ားသည္ ႏုိင္ငံတကာတြင္ ဆုိရွယ္မီဒီယာမ်ားအားအသုံးျပဳ၍ ၎တုိ႔က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္မႈမ်ားအား ေမွးမွိန္ေပ်ာက္ကြယ္ေစရန္အတြက္ ၀ါဒျဖန္႔မႈမ်ားေဆာင္ရြက္၍ မိမိတုိ႔လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ဘဂၤါလီမ်ားကုိသာ ႏွိပ္စက္သည့္ပုံစံျဖင့္ေဆာင္ရြက္လ်က္ရွိၿပီး တစ္ခ်ိဳ႕ႏုိင္ငံတကာအသုိင္းအ၀ုိင္းမ်ားက ျမန္မာႏုိင္ငံအေပၚစြပ္စြဲၿပီး ပိတ္ဆုိ႔ကန္႔သတ္မႈမ်ား ေဆာင္ရြက္လာေၾကာင္း၊ ယခုအခ်ိန္တြင္ ရခုိင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အစုိးရႏွင့္တပ္မေတာ္မွေဆာင္ရြက္လ်က္ရွိၿပီး အေဆြေတာ္တုိ႔၏ အၿမဲေထာက္ခံအားေပးၿပီး အတူယွဥ္တြဲေနျခင္းသည္ မိမိတုိ႔ေရွ႕ဆက္ေဆာင္ရြက္ရန္အားတစ္ခုျဖစ္ေၾကာင္းေဆြးေႏြးေျပာၾကားသည္။

ဧည့္သည္ေတာ္၀န္ႀကီးက ရခုိင္ေဒသအတြင္းျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားသည္ ႏုိင္ငံေရးႏွင့္ပတ္သက္ဆက္ႏြယ္မႈမ်ားရွိသည္ဟုယူဆပါေၾကာင္း၊ ျမန္မာႏုိင္ငံအစုိးရ၊ တပ္မေတာ္ႏွင့္ႏုိင္ငံသားမ်ားအားလုံး နည္းလမ္းရွာေဖြေဆာင္ရြက္ရမည္ျဖစ္ၿပီး အခက္အခဲမ်ားရွိပါေၾကာင္း၊ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားလ်က္ရွိသည့္ အေျခအေနမွန္မ်ားအား ႏုိင္ငံတကာမွသိရွိေအာင္ မိမိတုိ႔ႏုိင္ငံမီဒီယာမွေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီး တုိ႔သည္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္နည္းပညာပူးေပါင္းေဆာင္ရြက္မႈဆုိင္ရာကိစၥရပ္မ်ား၊ ေလ့က်င့္ေရးဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရး၊ တပ္မေတာ္(ေရ)ႏွစ္ရပ္အၾကား စစ္သေဘၤာမ်ား အျပန္အလွန္လည္ပတ္ေရး၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးခရီးမ်ားအျပန္အလွန္လည္ပတ္ေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးၾကသည္။

ဆက္လက္ၿပီး ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံႏွင့္ ျပည္ေထာင္စုသမၼတႏုိင္ငံေတာ္၊ ျမန္မာ့တပ္မေတာ္တုိ႔အၾကား ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထုိးျခင္း အခမ္းအနားအား က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergey K.SHOIGU ႏွင့္႐ုရွားတပ္မေတာ္မွ အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergey K.SHOIGU ႏွင့္အဖြဲ႕၀င္မ်ားအား ဂုဏ္ျပဳေန႔လယ္စာျဖင့္တည္ခင္းဧည့္ခံသည္။ ေန႔လယ္စာသုံးေဆာင္ ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ႏွစ္ႏုိင္ငံေတးသီခ်င္းမ်ား၊ အကပေဒသာမ်ားျဖင့္ သီဆုိတီးမႈတ္ေဖ်ာ္ေျဖၾကသည္။

 

ေန႔လယ္စာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ ၾကသည္။ ထုိ႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးသည္ ျမ၀တီ၊ ျမန္မာ့႐ုိးရာယဥ္ေက်းမႈ ျမန္မာ့ဆုိင္း၀ုိင္းကုိ စိတ္၀င္တစားျဖင့္ ကုိယ္တုိင္တီးခတ္ေလ့လာၾကည့္႐ႈခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနား တက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay A.LISTOPADOV၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Lieutenant General Alexander V.FOMIN ၊ ရုရှားတပ်မတော်မှအရာရှိကြီးများနှင့် ရုရှားနိုင်ငံစစ်သံမှူးတို့တက်ရောက်ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍အပြန်အလှန်နှုတ်ခွန်းဆက် စကားများပြောကြားခဲ့ကြသည်။

ထို့နောက် ရုရှား-မြန်မာ နှစ်နိုင်ငံအကျိုးတူဆွေးနွေးပွဲပြုလုပ်ခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံနှစ်နိုင်ငံသည် မိတ်ဆွေနိုင်ငံများဖြစ်ပြီး မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ နှစ်နိုင်ငံခေါင်းဆောင်များဆက်ဆံရေးကောင်းမွန်ခဲ့ကြောင်း၊ အလှမ်းကွာဝေးသော်လည်းထူးခြားသည့် ဆက်ဆံရေးများရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များစွာကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများတွင် နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော်ဝန်ကြီးက နှစ်နိုင်ငံအခက်အခဲများကိုအပြန်အလှန် ကူညီပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်(ရေ)နှစ်ရပ်အကြား စစ်သင်္ဘောများအပြန်အလှန် လည်ပတ်ရေးကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေဦးစီးချုပ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွား ခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုများတွင် မြန်မာနိုင်ငံအစိုးရနှင့်တပ်မတော်မှ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအပေါ် ထောက်ခံပေးမှုအတွက်လည်းကျေးဇူးတင်ရှိပါကြောင်း၊ မျက်မှောက်ခေတ်ကာလ အကြမ်းဖက်တိုက်ခိုက်မှုများအား ဆိုရှယ်မီဒီယာများတွင် နေ့စဉ်တွေ့မြင်နေရပြီး ကမ္ဘာ့နိုင်ငံများ၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုများကို နေ့စဉ်ခြိမ်းခြောက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများသည် အများပြည်သူများသွားလာလျက်ရှိသည့် Public Area များတွင် အကြမ်းဖက်မှုများအမြဲတစေ ဆောင်ရွက်လျက်ရှိပြီး အစွန်းရောက်သမားများသည် ဆိုရှယ်မီဒီယာများအားအသုံးပြု၍ဝါဒဖြန့်စည်းရုံး လူသစ်စုဆောင်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများတွင် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရကြောင်း၊ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအားထိခိုက်စေကြောင်း၊ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ထိခိုက်စေရန်ဦးတည်ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အကြမ်းဖက်သမားများသည် နိုင်ငံတကာတွင် ဆိုရှယ်မီဒီယာများအားအသုံးပြု၍ ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအား မှေးမှိန်ပျောက်ကွယ်စေရန်အတွက် ၀ါဒဖြန့်မှုများဆောင်ရွက်၍ မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကိုသာ နှိပ်စက်သည့်ပုံစံဖြင့်ဆောင်ရွက်လျက်ရှိပြီး တစ်ချို့နိုင်ငံတကာအသိုင်းအဝိုင်းများက မြန်မာနိုင်ငံအပေါ်စွပ်စွဲပြီး ပိတ်ဆို့ကန့်သတ်မှုများ ဆောင်ရွက်လာကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရနှင့်တပ်မတော်မှဆောင်ရွက်လျက်ရှိပြီး အဆွေတော်တို့၏ အမြဲထောက်ခံအားပေးပြီး အတူယှဉ်တွဲနေခြင်းသည် မိမိတို့ရှေ့ဆက်ဆောင်ရွက်ရန်အားတစ်ခုဖြစ် ကြောင်းဆွေးနွေးပြောကြားသည်။

ဧည့်သည်တော်ဝန်ကြီးက ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုများရှိသည်ဟုယူဆပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နှင့်နိုင်ငံသားများအားလုံး နည်းလမ်းရှာဖွေဆောင်ရွက်ရမည်ဖြစ်ပြီး အခက်အခဲများရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် အခြေအနေမှန်များအား နိုင်ငံတကာမှသိရှိအောင် မိမိတို့နိုင်ငံမီဒီယာမှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး တို့သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်(ရေ)နှစ်ရပ်အကြား စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးများအပြန်အလှန်လည်ပတ်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU နှင့်ရုရှားတပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Lieutenant General Alexander V. FOMIN တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာ့တပ်မတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU နှင့်အဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့်တည်ခင်းဧည့်ခံသည်။ နေ့လယ်စာသုံးဆောင် နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံတေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက် ကြသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးသည် မြဝတီ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ဆိုင်းဝိုင်းကို စိတ်ဝင်တစားဖြင့် ကိုယ်တိုင်တီးခတ်လေ့လာကြည့်ရှုခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။