တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်အတွက် ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများနှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် ဒုတိယအကြိမ်အလှူငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားပြီး အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူငွေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ရခိုင္ျပည္နယ္အတြက္ ဒုတိယအႀကိမ္အလႉေငြေပးအပ္ပြဲအခမ္းအနား တက္ေရာက္

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ ညေနပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္သည့္ ရခိုင္ျပည္နယ္အတြင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္မ်ားကို သက္စြန႔္ႀကိဳးပမ္းထမ္းေဆာင္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္ သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသည့္ ေဒသခံျပည္သူမ်ားႏွင့္ နယ္စပ္ၿခံစည္း႐ိုးကာရံရန္အတြက္ ဒုတိယအႀကိမ္အလႉေငြမ်ား ေပးအပ္ပြဲအခမ္းအနားသို႔ တက္ေရာက္၍ အမွာစကားေျပာၾကားသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားၿပီး အလႉရွင္မ်ားက ေပးအပ္လႉဒါန္းသည့္ အလႉေငြမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးလက္ခံရယူခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။