တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်ပါဝင်ဆောင်ရွက်မည့် လားဟူဒီမိုကရက်တစ်အစည်းအရုံးဥက္ကဋ္ဌ ကြာခွန်ဆာဦးဆောင်သည့်အဖွဲ့အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ- ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ပါ၀င္ေဆာင္ရြက္မည့္ လားဟူဒီမုိကရက္တစ္အစည္းအ႐ုံး(Lahu Democratic Union-LDU)ဥကၠ႒ ၾကာခြန္ဆာဦးေဆာင္သည့္အဖြဲ႕အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး လားဟူဒီမုိကရက္တစ္အစည္းအ႐ုံးဥကၠ႒ႏွင့္အတူ ဒုတိယဥကၠ႒ ေစာလွမြန္ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံးအေနျဖင့္ ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ပါ၀င္ေဆာင္ရြက္မႈအတြက္ ေႏြးေထြးစြာ ႀကိဳဆုိပါေၾကာင္းေျပာၾကားၿပီး၊ ျပည္သူမ်ားမွေရြးခ်ယ္သည့္ဒီမုိကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈႏွင့္ တပ္မေတာ္မွျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိေအာင္ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ လားဟူတုိင္းရင္းသားမ်ားအတြက္ေဒသ ဖြံ႕ၿဖိဳးတုိးတက္ေရး၊ ပညာေရး၊ က်န္းမာေရး၊ မူးယစ္ေဆး၀ါးကင္းစင္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္မွကူညီေဆာင္ရြက္ေပးႏုိင္မည့္ အေျခအေနမ်ားအားရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ လားဟူဒီမုိကရက္တစ္အစည္းအ႐ုံးဥကၠ႒က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခြင့္ရရွိသည့္အတြက္ ေက်းဇူးအထူးတင္ရွိပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႀတိဂံေဒသတုိင္းမွဴးတာ၀န္ထမ္းေဆာင္စဥ္က လားဟူတုိင္းရင္းသားမ်ားအေပၚ ေဖးမကူညီေစာင့္ေရွာက္ခဲ့မႈမ်ားကုိမေမ့ပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တပ္မေတာ္အေပၚယုံၾကည္အားကုိးပါေၾကာင္းျပန္လည္ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လားဟူဒီမုိကရက္တစ္ အစည္းအ႐ုံးဥကၠ႒ႏွင့္အဖြဲ႕၀င္မ်ားအား စားေသာက္ဖြယ္ရာမ်ားလက္ေဆာင္ေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ညီၫြတ္ေသာတုိင္းရင္းသားလူမ်ိဳးမ်ားဖက္ဒရယ္ေကာင္စီ(UNFC)တြင္ NMSP၊ KNPP၊ ANC ႏွင့္ LDU အဖြဲ႕၄ ဖြဲ႕သာက်န္ရွိရာမွယခုအခါတြင္ NMSP (မြန္)အဖြဲ႕ႏွင့္ လားဟူဒီမုိကရက္တစ္အစည္းအ႐ုံး(LDU)တုိ႔သည္ NCA လမ္းေၾကာင္းကုိ ေလွ်ာက္လွမ္းၿပီး ၿငိမ္းခ်မ္းေရးေဆာင္ရြက္သြားမည္ျဖစ္၍ UNFC တြင္ KNPP ႏွင့္ ANC ႏွစ္ဖြဲ႕သာက်န္ရွိမည္ျဖစ္သည္။ တပ္မေတာ္အေနျဖင့္ NCA လမ္းေၾကာင္းေပၚတြင္ ခုိင္ခိုင္မာမာရပ္တည္၍ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်ပါ၀င်ဆောင်ရွက်မည့် လားဟူဒီမိုကရက်တစ်အစည်းအရုံးဥက္ကဋ္ဌ ကြာခွန်ဆာဦးဆောင်သည့်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ- ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်ဆောင်ရွက်မည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(Lahu Democratic Union-LDU)ဥက္ကဋ္ဌ ကြာခွန်ဆာဦးဆောင်သည့်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ စောလှမွန်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လားဟူဒီမိုကရက်တစ် အစည်းအရုံးအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်ဆောင်ရွက်မှုအတွက် နွေးထွေးစွာ ကြိုဆိုပါကြောင်းပြောကြားပြီး၊ ပြည်သူများမှရွေးချယ်သည့်ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုနှင့် တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်နေမှုအခြေအနေများ၊ လားဟူတိုင်းရင်းသားများအတွက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်မှကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားရှင်းလင်း ပြောကြားသည်။

ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံးဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တြိဂံဒေသတိုင်းမှူးတာဝန်ထမ်းဆောင်စဉ်က လားဟူတိုင်းရင်းသားများအပေါ် ဖေးမကူညီစောင့်ရှောက်ခဲ့မှုများကိုမမေ့ပါကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်အပေါ်ယုံကြည်အားကိုးပါကြောင်းပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လားဟူဒီမိုကရက်တစ် အစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများလက်ဆောင်ပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)တွင် NMSP၊ KNPP၊ ANC နှင့် LDU အဖွဲ့၄ ဖွဲ့သာကျန်ရှိရာမှယခုအခါတွင် NMSP (မွန်)အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့သည် NCA လမ်းကြောင်းကို လျှောက်လှမ်းပြီး ငြိမ်းချမ်းရေးဆောင်ရွက် သွားမည်ဖြစ်၍ UNFC တွင် KNPP နှင့် ANC နှစ်ဖွဲ့သာကျန်ရှိမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။