အားကစားကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကားကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးခြင်းဖြစ်

ေနျပည္ေတာ္၊ ဇန္န၀ါရီ- ၂၇

အားကစားက႑ကုိျမႇင့္တင္ေဆာင္ရြက္ျခင္းသည္ ႏုိင္ငံေတာ္၏ကာကြယ္ေရး စြမ္းပကားကုိ စိတ္ဓာတ္ေရးရာအရျမႇင့္တင္ ေပးျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏုိင္ငံဆုရရွိခ်ိန္တြင္ မိမိတုိ႕ႏိုင္ငံအလံလႊင့္တင္ၿပီး ႏုိင္ငံေတာ္သီခ်င္းအား တက္ေရာက္လာသူ အားလုံးကပါ၀င္ သီဆုိအေလးျပဳၾကသျဖင့္ တုိင္းခ်စ္ျပည္ခ်စ္စိတ္ကုိပုိမုိျဖစ္ေပၚေစေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ အားကစားသမားမ်ားအေနျဖင့္ ၿပိဳင္ပြဲမ်ားတြင္ ေအာင္ပြဲမ်ားရရွိေအာင္ ေဆာင္ရြက္ျခင္းျဖင့္ တုိင္းခ်စ္ျပည္ခ်စ္စိတ္မ်ား ပုိမုိတုိးတက္ ေအာင္ေဆာင္ရြက္ၾကရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ၌က်င္းပျပဳလုပ္သည့္ (၂၇)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ဆုတံဆိပ္မ်ားရရွိခဲ့သည့္ ႏုိင္ငံ့ဂုဏ္ေဆာင္ႏွင့္ တပ္မေတာ္ဂုဏ္ေဆာင္ အားကစားသမားမ်ားႏွင့္နည္းျပမ်ားအား ဂုဏ္ျပဳဆုေပးအပ္ပြဲတြင္ အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီးေဒၚသန္းသန္းႏြယ္၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္၀င္း၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ဆုတံဆိပ္မ်ားရရွိေအာင္စြမ္းေဆာင္ေပးခဲ့ၾကသည့္ နည္းျပမ်ားႏွင့္ အားကစားသမားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ အာဆီယံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ ပစ္ၿပိဳင္ပြဲအား ျမန္မာ့တပ္မေတာ္အေနျဖင့္ ၂၀၀၀ ျပည့္ႏွစ္တြင္စတင္၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အမ်ိဳးသမီးပစၥတုိအသင္းသည္ ၃ ႀကိမ္ ေရႊတံဆိပ္ဆုရယူေပးႏုိင္ခဲ့ေၾကာင္း၊ တပ္မေတာ္တြင္ ေဘာလုံး၊ ေဘာ္လီေဘာ၊ ေသနတ္ပစ္၊ လက္ေ၀ွ႕ႏွင့္ေျပးခုံပစ္စသည့္ အားကစား ၅ မ်ိဳးအားအဓိကထား၍ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ေဘာလုံးအားကစားႏွင့္ ေဘာ္လီေဘာအားကစားနည္းသည္ အသင္းလုိက္လုပ္ေဆာင္ရသည့္အားကစားျဖစ္ေသာေၾကာင့္ အစုအဖြဲ႕ျဖင့္ လုပ္ေဆာင္တတ္ေစရန္ တပ္မေတာ္၏ အဓိကအားကစားအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ အဓိကတာ၀န္ထမ္းေဆာင္ရေသာေၾကာင့္ တပ္မေတာ္သားတုိင္းသည္ ေသနတ္ပစ္ကြၽမ္းက်င္ေနရမည္ျဖစ္ေၾကာင္း၊ လက္ေ၀ွ႔ အားကစားနည္းသည္ တုိက္ပြဲ၀င္ရာတြင္ရဲစြမ္းသတၱိရွိေစၿပီး သက္လုံေကာင္းေစရန္ အတြက္ ေျပး၊ ခုန္၊ ပစ္ အားကစားကုိ ေဆာင္ရြက္ေစျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ေသနတ္ပစ္အားကစားႏွင့္ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဒုိင္း၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ေသနတ္ပစ္အားကစားၿပိဳင္ပြဲမ်ားအား ႏွစ္စဥ္က်င္းပျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ အာဆီယံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ ၿပိဳင္ပြဲမ်ားတြင္ ပစ္ခတ္စဥ္အခ်ိဳ႕၌ ျမန္မာ့တပ္မေတာ္ထုတ္ေသနတ္မ်ားျဖင့္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုရရွိသည္ အထိစြမ္းေဆာင္ႏုိင္ခဲ့သျဖင့္ တပ္မေတာ္၏စြမ္းပကားကုိ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျဖစ္ေစေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ဆက္လက္ၿပီး အမ်ိဳးသမီးအသင္းအေနျဖင့္ယခုကဲ့သုိ႔ ေရႊတံဆိပ္ရရွိေအာင္ေဆာင္ ရြက္ႏိုင္ခဲ့သျဖင့္ တစ္ခ်ိဳ႕တပ္မ်ားတြင္ မိမိတို႔တပ္၏လုံၿခဳံေရးကုိ ကုိယ္တုိင္ပါ၀င္ေဆာင္ရြက္ ေနရသည့္ တပ္မေတာ္သားမ်ား၏ဇနီးမွီခုိသူအမ်ိဳးသမီးမ်ားအတြက္လည္း စိတ္ဓာတ္ေရး ရာအရခြန္အားမ်ားရရွိေစေၾကာင္း၊ ျမန္မာ့ေသနတ္ပစ္အသင္းအေနျဖင့္ အာဆီယံ ၿပိဳင္ပြဲမ်ားတြင္သာမဟုတ္ ကမၻာ့အဆင့္ေသနတ္ပစ္ၿပိဳင္ပြဲမ်ားတြင္လည္း ဆုမ်ားဆြတ္ခူး ေပးႏုိင္ခဲ့ၿပီး ႏုိင္ငံ့ဂုဏ္ကုိေဖၚေဆာင္ခဲ့သည့္ သာဓကမ်ားရွိေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ အားကစားသမားမ်ားအေနျဖင့္လည္း ထုိကဲ့သုိ႔စြမ္းေဆာင္ႏုိင္ရန္အတြက္ ႀကိဳးစား ေဆာင္ရြက္ၾကရန္ လုိေၾကာင္း၊ ယခုအခ်ိန္တြင္မိမိတုိ႔ႏုိင္ငံသည္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနၿပီး ထုိသို႔ ေလွ်ာက္လွမ္းႏုိင္ရန္အတြက္ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားကုိလည္း တပ္မေတာ္သားမ်ားအေနျဖင့္ အင္ျပည့္အားျပည့္ဆက္လက္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ ယင္းသုိ႔ေဆာင္ရြက္ႏုိင္ရန္ အတြက္ ကုိယ္ခံစြမ္းအားမ်ား ေကာင္းမွသာမိမိတုိ႔၏ႀကိဳးစားအားထုတ္မႈမ်ားသည္ ေအာင္ျမင္မႈမ်ားကုိရရွိႏုိင္မည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က (၂၇)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္ၾကည္း မ်ားေသနတ္ပစ္ၿပိဳင္ပြဲတြင္ ပစၥတုိ အသင္းလုိက္(မ)ၿပိဳင္ပြဲတြင္ ေရႊတံဆိပ္ ၁ ခုရရွိခဲ့သည့္အသင္းမွ အရာခံဗုိလ္ နန္းယု၀ါလႈိင္၊ အရာခံဗုိလ္ ခ်ိဳမာလႈိင္၊ တပ္ၾကပ္ႀကီး/စာေရး အိျမတ္ျဖဴတုိ႔အားလည္းေကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက ထုတ္လုပ္မႈကြၽမ္းက်င္ မေအးေအးျမင့္၊ ထုတ္လုပ္မႈကြၽမ္းက်င္ မေအးေအးၿငိမ္းတုိ႔အားလည္းေကာင္း ဂုဏ္ျပဳ မွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းက ပစၥတုိအသင္းလုိက္(က်ား)ၿပိဳင္ပြဲတြင္ ေငြတံဆိပ္ဆု ရရွိခဲ့သည့္အသင္းမွ ဗုိလ္ႀကီး ရဲထြန္းကုိ၊ ဗုိလ္ႀကီး မင္းဗုိလ္ႏွင့္ တပ္ၾကပ္ႀကီး ေဇာ္ဂ်ာ တုိ႔အားလည္းေကာင္း၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)၏ ဇနီးက တပ္ၾကပ္ရဲထြန္းႏွင့္ ဒုတိယတပ္ၾကပ္ ဇင္မင္းေအာင္တုိ႔အားလည္း ေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

၎ေနာက္ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက အသင္းလုိက္စက္ေသနတ္ၿပိဳင္ပြဲတြင္ ေၾကးတံဆိပ္ဆုရရွိခဲ့သည့္အသင္းမွ ဗုိလ္စုိးလင္းထုိက္၊ တပ္ၾကပ္ေနသူႏွင့္ တပ္ၾကပ္ေအာင္ေအာင္တုိ႔အားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက အသင္းလုိက္စက္ေသနတ္ၿပိဳင္ပြဲတြင္ ေၾကးတံဆိပ္ ဆုရရွိခဲ့သည့္ ဒုတိယတပ္ၾကပ္ရာဇာေက်ာ္၊ တပ္သား ေအာင္ျမင့္သန္းႏွင့္ တပ္သားဉာဏ္ျမင့္ဦး တုိ႔အားလည္းေကာင္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ က ေရႊတံဆိပ္ဆုရရွိေအာင္စြမ္းေဆာင္ႏုိင္ခဲ့သည့္ ပစၥတုိ(မ)အသင္းနည္းျပ ဗုိလ္ႀကီး ေဒၚခင္နႏၵာထြန္းႏွင့္ ခြဲတပ္ၾကပ္ႀကီး ငုိင္ကီးတုိ႔အားလည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာ ႏွင့္ ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္သည္။

ယင္းေနာက္ ေရႊတံဆိပ္ဆုရရွိခဲ့သည့္ အသင္းလုိက္ပစၥတုိ(မ)အသင္းမွ အရာခံဗုိလ္ ခ်ိဳမာလိႈင္က ေက်းဇူးတင္ စကားျပန္လည္ေျပာၾကားသည္။ ထုိ႔ေနာက္အခမ္းအနား တက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳလက္ဖက္ရည္ မ်ားျဖင့္တည္ခင္းဧည့္ခံသည္။ ဂုဏ္ျပဳလက္ဖက္ရည္သုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ ေရးၫြန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႔က ေတးသီခ်င္းမ်ားျဖင့္ သီဆုိေဖ်ာ္ေျဖခဲ့ၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားသုိ႔တက္ေရာက္ လာၾကသူမ်ား အား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

( Unicode Version )

အားကစားကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကားကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးခြင်းဖြစ်

နေပြည်တော်၊ ဇန်နဝါရီ- ၂၇

အားကစားကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ကာကွယ်ရေး စွမ်းပကားကို စိတ်ဓာတ်ရေးရာအရမြှင့်တင် ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဆုရရှိချိန်တွင် မိမိတို့နိုင်ငံအလံလွှင့်တင်ပြီး နိုင်ငံတော်သီချင်းအား တက်ရောက်လာသူ အားလုံးကပါ၀င် သီဆိုအလေးပြုကြသဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကိုပိုမိုဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် မိမိတို့ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများတွင် အောင်ပွဲများရရှိအောင် ဆောင်ရွက်ခြင်းဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များ ပိုမိုတိုးတက် အောင်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက်အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုဆုပေးအပ်ပွဲတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆုတံဆိပ်များရရှိအောင်စွမ်းဆောင်ပေးခဲ့ကြသည့် နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အာဆီယံတပ်မတော်(ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲအား မြန်မာ့တပ်မတော်အနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင်စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးပစ္စတိုအသင်းသည် ၃ ကြိမ် ရွှေတံဆိပ်ဆုရယူပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်တွင် ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ်၊ လက်ဝှေ့နှင့်ပြေးခုံပစ်စသည့် အားကစား ၅ မျိုးအားအဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘောလုံးအားကစားနှင့် ဘော်လီဘောအားကစားနည်းသည် အသင်းလိုက်လုပ်ဆောင်ရသည့်အားကစားဖြစ်သောကြောင့် အစုအဖွဲ့ဖြင့် လုပ်ဆောင်တတ်စေရန် တပ်မတော်၏ အဓိကအားကစားအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ တပ်မတော်သည်နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်ရသောကြောင့် တပ်မတော်သားတိုင်းသည် သေနတ်ပစ်ကျွမ်းကျင်နေရမည်ဖြစ်ကြောင်း၊ လက်ဝှေ့ အားကစားနည်းသည် တိုက်ပွဲဝင်ရာတွင်ရဲစွမ်းသတ္တိရှိစေပြီး သက်လုံကောင်းစေရန် အတွက် ပြေး၊ ခုန်၊ ပစ် အားကစားကို ဆောင်ရွက်စေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သေနတ်ပစ်အားကစားနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) သေနတ်ပစ်အားကစားပြိုင်ပွဲများအား နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲများတွင် ပစ်ခတ်စဉ်အချို့၌ မြန်မာ့တပ်မတော်ထုတ်သေနတ်များဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည် အထိစွမ်းဆောင်နိုင်ခဲ့သဖြင့် တပ်မတော်၏စွမ်းပကားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အမျိုးသမီးအသင်းအနေဖြင့်ယခုကဲ့သို့ ရွှေတံဆိပ်ရရှိအောင်ဆောင် ရွက်နိုင်ခဲ့သဖြင့် တစ်ချို့တပ်များတွင် မိမိတို့တပ်၏လုံခြုံရေးကို ကိုယ်တိုင်ပါ၀င်ဆောင်ရွက် နေရသည့် တပ်မတော်သားများ၏ဇနီးမှီခိုသူအမျိုးသမီးများအတွက်လည်း စိတ်ဓာတ်ရေး ရာအရခွန်အားများရရှိစေကြောင်း၊ မြန်မာ့သေနတ်ပစ်အသင်းအနေဖြင့် အာဆီယံ ပြိုင်ပွဲများတွင်သာမဟုတ် ကမ္ဘာ့အဆင့်သေနတ်ပစ်ပြိုင်ပွဲများတွင်လည်း ဆုများဆွတ်ခူး ပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုဖေါ်ဆောင်ခဲ့သည့် သာဓကများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ အားကစားသမားများအနေဖြင့်လည်း ထိုကဲ့သို့စွမ်းဆောင်နိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုအချိန်တွင်မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီး ထိုသို့ လျှောက်လှမ်းနိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း တပ်မတော်သားများအနေဖြင့် အင်ပြည့်အားပြည့်ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် အတွက် ကိုယ်ခံစွမ်းအားများ ကောင်းမှသာမိမိတို့၏ကြိုးစားအားထုတ်မှုများသည် အောင်မြင်မှုများကိုရရှိနိုင်မည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၇)ကြိမ်မြောက်အာဆီယံ တပ်မတော်ကြည်း များသေနတ်ပစ်ပြိုင်ပွဲတွင် ပစ္စတို အသင်းလိုက်(မ)ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုရရှိခဲ့သည့်အသင်းမှ အရာခံဗိုလ် နန်းယုဝါလှိုင်၊ အရာခံဗိုလ် ချိုမာလှိုင်၊ တပ်ကြပ်ကြီး/စာရေး အိမြတ်ဖြူတို့အားလည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက ထုတ်လုပ်မှုကျွမ်းကျင် မအေးအေးမြင့်၊ ထုတ်လုပ်မှုကျွမ်းကျင် မအေးအေးငြိမ်းတို့အားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပစ္စတိုအသင်းလိုက်(ကျား)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သည့်အသင်းမှ ဗိုလ်ကြီး ရဲထွန်းကို၊ ဗိုလ်ကြီး မင်းဗိုလ်နှင့် တပ်ကြပ်ကြီး ဇော်ဂျာ တို့အားလည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ ဇနီးက တပ်ကြပ်ရဲထွန်းနှင့် ဒုတိယတပ်ကြပ် ဇင်မင်းအောင်တို့အားလည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အသင်းလိုက်စက်သေနတ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့်အသင်းမှ ဗိုလ်စိုးလင်းထိုက်၊ တပ်ကြပ်နေသူနှင့် တပ်ကြပ်အောင်အောင်တို့အားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အသင်းလိုက်စက်သေနတ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ဆုရရှိခဲ့သည့် ဒုတိယတပ်ကြပ်ရာဇာကျော်၊ တပ်သား အောင်မြင့်သန်းနှင့် တပ်သားဉာဏ်မြင့်ဦး တို့အားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် က ရွှေတံဆိပ်ဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့် ပစ္စတို(မ)အသင်းနည်းပြ ဗိုလ်ကြီး ဒေါ်ခင်နန္ဒာထွန်းနှင့် ခွဲတပ်ကြပ်ကြီး ငိုင်ကီးတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်သည်။

ယင်းနောက် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အသင်းလိုက်ပစ္စတို(မ)အသင်းမှ အရာခံဗိုလ် ချိုမာလှိုင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ထို့နောက်အခမ်းအနား တက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည် များဖြင့်တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုလက်ဖက်ရည်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် အခမ်းအနားသို့တက်ရောက် လာကြသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။