ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၉

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ က်ိဳင္းတုံၿမိဳ႕ရွိ စြမ္ခမ္း(စြမ္ေတာင္း) ေစတီေတာ္ျမတ္ႀကီး လုံးေတာ္ျပည့္ေရႊသကၤန္းကပ္လွဴပူေဇာ္ျခင္းေအာင္ပြဲကုသုိလ္ေတာ္ႏွင့္ ဗုဒၶဘိေသက အေနကဇာတင္ မဟာမဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ က်ိဳင္းယင္းေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာသဒၵမၼေဇာတိကဓဇ ဘဒၵႏၲေခမာစာရ အမွဴးျပဳေသာသံဃာေတာ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသ တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ အလွဴရွင္မ်ားႏွင့္ဖိတ္ၾကား ထားသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အခမ္းအနားတက္ေရာက္လာၾက သူမ်ားသည္ က်ိဳင္းယင္းေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာသဒၵမၼ ေဇာတိကဓဇ ဘဒၵႏၲေခမာစာရထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး ဆရာေတာ္၊ သံဃာေတာ္မ်ားထံမွ ပုရိတ္တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က သဗၺညဳဘုရားရွင္အား ရည္မွန္းထား၍ စြမ္ခမ္း(စြမ္ေတာင္း) ေစတီေတာ္ျမတ္ႀကီးအား က်ိဳင္းယင္းေက်ာင္းတုိက္ ဆရာေတာ္ထံဆက္ကပ္ၿပီး လွဴဖြယ္၀တၳဳပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၾကသည္။ ၎ေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားအသီးသီးဆက္ကပ္လွဴဒါန္း ၾကသည္။ ယင္းေနာက္စြမ္ခမ္းေက်ာင္းတုိက္မွ အရွင္ပရိယတၱိဓါရီက တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္အားဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ စြမ္ခမ္းေစတီေတာ္ျမတ္ႀကီး ပုံတူအားေပးအပ္သည္။

၎ေနာက္ႏုိင္ငံေတာ္သံဃနယကအဖြဲ႕ ဒုတိယဥကၠ႒ လြဳိင္လင္ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာ သဒၵမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲပညာနႏၵထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈ အစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

ဆက္လက္ၿပီး ဆရာေတာ္သံဃာေတာ္မ်ားက စြမ္ခမ္း(စြမ္ေတာင္း) ေစတီေတာ္ျမတ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာေရႊမုိးေငြမုိးမ်ား ရြာသြန္းၿဖိဳးၾကၿပီး ေစတီေတာ္ျမတ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္အား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီးပန္းမန္ႏွင့္ ေသာက္ေတာ္ေရခ်မ္းမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေစတီေတာ္ႀကီးအား ေရႊသကၤန္းကပ္လွဴပူေဇာ္ခဲ့မႈမွတ္တမ္းဓာတ္ပုံမ်ားအားၾကည့္႐ႈၾကသည္။

အဆုိပါစြမ္ခမ္း(စြမ္ေတာင္း)ေစတီေတာ္ျမတ္ႀကီးသည္ က်ိဳင္းတုံၿမိဳ႕၏ က်က္သေရေဆာင္ ေစတီေတာ္ႀကီးျဖစ္ၿပီးသာသနာသကၠရာဇ္ ၁၅၇ ခုႏွစ္ခန္႔တြင္ တည္ထားခဲ့သည့္ ေရွးေဟာင္းသမုိင္း၀င္ေစတီေတာ္ျမတ္ႀကီးျဖစ္ၿပီး ေကာဇာသကၠရာဇ္ ၈၅၃ ခုႏွစ္တြင္ စြန္ဆန္ေစတီေတာ္ႀကီးသည္ ဥတုသုံးပါးဒဏ္ေၾကာင့္ ၿပိဳလဲခဲ့သည္။ ေကာဇာသကၠရာဇ္ ၈၇၁ ခုႏွစ္၊ သီတင္းကြၽတ္လျပည့္ေန႔ညအခ်ိန္တြင္ ေစတီေတာ္မွေရာင္ျခည္ေတာ္ လႊတ္ထြက္သျဖင့္ တစ္ၿမိဳ႕လုံးထိန္လင္းခဲ့ၿပီး ဆရာေတာ္(ဗုဒၶရတၱမေထရ္)ႏွင့္ က်ိဳင္းတုံေစာ္ဘြား (အတိတ်ရာဇာ)အမည္ရွိေသာ ေစာ္ဘြားႀကီးတုိ႔က ဒုတိယအႀကိမ္ျပန္လည္မြမ္းမံခဲ့ၿပီး ထီးေတာ္ကုိေရႊျဖင့္ကြပ္၍တင္ထားျခင္းေၾကာင့္ စြမ္ခမ္းေစတီေတာ္ဟုေခၚဆုိခဲ့သည္။ ထုိ႔ေနာက္ ေကာဇာသကၠရာဇ္ ၈၈၁ ခုႏွစ္၊ သီတင္းကြၽတ္လျပည့္ေန႔အ႐ုဏ္တက္ခ်ိန္တြင္ ေရာင္ျခည္ေတာ္မ်ားထပ္မံလႊတ္သျဖင့္ တစ္ၿမိဳ႕လုံးလင္းထိန္ေစခဲ့ၿပီး စြမ္၀ုိးရြာသူေဌးႀကီး သမီး နန္းသုဂႏၵရေကသာက ျပန္လည္မြန္းမံတည္ေဆာက္ခဲ့ၿပီး ထီးေတာ္ကုိေၾကးျဖင့္ ကြပ္၍တင္ထားျခင္းေၾကာင့္ စြမ္ေတာင္းေစတီဟု ေျပာင္းလဲေခၚေ၀ၚခဲ့သည္။ ယင္းေနာက္ သကၠရာဇ္ ၁၂၅၉ ခုႏွစ္၊ သီတင္းကြၽတ္လျပည့္ေန႔တြင္ေရာင္ျခည္ေတာ္မ်ား ထပ္မံလႊတ္ခဲ့ၿပီး သကၠရာဇ္ ၁၂၆၆ ခုႏွစ္တြင္ က်ိဳင္းတုံၿမိဳ႕ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ေစတီေတာ္ႀကီးမွာၿပိဳက်ပ်က္စီးခဲ့ၿပီး ၁၂၉၆ ခုႏွစ္တြင္ စတုတၳအႀကိမ္ျပန္လည္ျပဳျပင္မြမ္းမံခဲ့သည္။ ၎ေနာက္ သကၠရာဇ္ ၁၃၁၃ ခုႏွစ္တြင္ က်ိဳင္းတုံေစာ္ဘြား ေဆတရပရမေရးပႏၵ ႏွင့္ ဆရာေတာ္သံဃာေတာ္မ်ား၊ က်ိဳင္းတုံၿမိဳ႕ျပည္သူမ်ား၀ုိင္း၀န္း၍ ပဥၥမအႀကိမ္ေျမာက္ ျပန္လည္ျပဳျပင္မြန္းမံခဲ့ၿပီး ထီးေတာ္ကုိေရႊျဖင့္တင္ထားသျဖင့္ စြမ္ခမ္းေစတီဟု ျပန္လည္ သမုတ္ခဲ့သည္။ ေစတီေတာ္ႀကီးအား ၁၉၈၈ ခုႏွစ္တြင္ ပထမဦးဆုံးအႀကိမ္အျဖစ္ က်ိဳင္းငမ္းေက်ာင္းတုိက္ဆရာေတာ္ဖခူး၀ါးေက်ာက္ဘဒၵႏၲ ဌိတပညာႏွင့္ စြမ္ခမ္းေက်ာင္း တုိက္ဆရာေတာ္ ဖခူး၀ါးယီႏြန္းအမွဴးျပဳေသာ သံဃာေတာ္မ်ားႏွင့္ အလွဴရွင္မ်ားက ေရႊသကၤန္းကပ္လွဴပူေဇာ္ခဲ့သည္။ က်ိဳင္းယင္းေက်ာင္းတုိက္ဆရာေတာ္၊ စြမ္ခမ္း ေက်ာင္းတုိက္ဆရာေတာ္ႏွင့္ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ ဆရာေတာ္အမွဴးျပဳေသာ သံဃာေတာ္မ်ား ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ မင္းေအာင္လိႈင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွအမွဴးျပဳေသာ တပ္မေတာ္မိသားစုမ်ားႏွင့္က်ိဳင္းတုံၿမိဳ႕ရွိအလွဴရွင္မ်ား စုေပါင္း၍ ေစတီေတာ္ျမတ္ႀကီးအား ၂၀၀၅ ခုႏွစ္တြင္ ဒုတိယအႀကိမ္ေရႊသကၤန္းကပ္လွဴျခင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ အမွဴးျပဳေသာ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ က်ိဳင္းတုံၿမိဳ႕ရွိအလွဴရွင္မ်ား စုေပါင္း၍ေစတီေတာ္ျမတ္ႀကီးအား ၂၀၁၂ ခုႏွစ္တြင္ တတိယအႀကိမ္ေရႊသကၤန္း ကပ္လွဴျခင္းႏွင့္ ယခုႏွစ္တြင္ စတုတၳအႀကိမ္အျဖစ္ ေၾကးျပားေရႊသကၤန္းကပ္လွဴပူေဇာ္ခဲ့ျခင္းျဖစ္သည္။

(Unicode Version)

ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲကုသိုလ်တော်နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသောသံဃာတော်များကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြ သူများသည် ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပုရိတ်တရားတော်များနာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီးအား ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက်စွမ်ခမ်းကျောင်းတိုက်မှ အရှင်ပရိယတ္တိဓါရီက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အားဂုဏ်ပြုမှတ်တမ်းလွှာနှင့် စွမ်ခမ်းစေတီတော်မြတ်ကြီး ပုံတူအားပေးအပ်သည်။

၎င်းနောက်နိုင်ငံတော်သံဃနယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး ဆရာတော်သံဃာတော်များက စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြပြီး စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော်ရေချမ်းများကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီး အား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့မှုမှတ်တမ်းဓာတ်ပုံများအားကြည့်ရှုကြသည်။

အဆိုပါစွမ်ခမ်း(စွမ်တောင်း)စေတီတော်မြတ်ကြီးသည် ကျိုင်းတုံမြို့၏ ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပြီးသာသနာသက္ကရာဇ် ၁၅၇ ခုနှစ်ခန့်တွင် တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်ပြီး ကောဇာသက္ကရာဇ် ၈၅၃ ခုနှစ်တွင် စွန်ဆန်စေတီတော်ကြီးသည် ဥတုသုံးပါးဒဏ်ကြောင့် ပြိုလဲခဲ့သည်။ ကောဇာသက္ကရာဇ် ၈၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ညအချိန်တွင် စေတီတော်မှရောင်ခြည်တော် လွှတ်ထွက်သဖြင့် တစ်မြို့လုံးထိန်လင်းခဲ့ပြီး ဆရာတော်(ဗုဒ္ဓရတ္တမထေရ်)နှင့် ကျိုင်းတုံစော်ဘွား (အတိတျရာဇာ)အမည်ရှိသော စော်ဘွားကြီးတို့က ဒုတိယအကြိမ်ပြန်လည်မွမ်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်ကွပ်၍တင်ထားခြင်းကြောင့် စွမ်ခမ်းစေတီတော်ဟုခေါ်ဆိုခဲ့သည်။ ထို့နောက် ကောဇာသက္ကရာဇ် ၈၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့အရုဏ်တက်ချိန်တွင် ရောင်ခြည်တော်များထပ်မံလွှတ်သဖြင့် တစ်မြို့လုံးလင်းထိန်စေခဲ့ပြီး စွမ်ဝိုးရွာသူဌေးကြီး သမီး နန်းသုဂန္ဒရကေသာက ပြန်လည်မွန်းမံတည်ဆောက်ခဲ့ပြီး ထီးတော်ကိုကြေးဖြင့် ကွပ်၍တင်ထားခြင်းကြောင့် စွမ်တောင်းစေတီဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ယင်းနောက် သက္ကရာဇ် ၁၂၅၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင်ရောင်ခြည်တော်များ ထပ်မံလွှတ်ခဲ့ပြီး သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ကျိုင်းတုံမြို့မြေငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်ကြီးမှာပြိုကျပျက်စီးခဲ့ပြီး ၁၂၉၆ ခုနှစ်တွင် စတုတ္ထအကြိမ်ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ ၎င်းနောက် သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင် ကျိုင်းတုံစော်ဘွား ဆေတရပရမရေးပန္ဒ နှင့် ဆရာတော်သံဃာတော်များ၊ ကျိုင်းတုံမြို့ပြည်သူများဝိုင်းဝန်း၍ ပဥ္စမအကြိမ်မြောက် ပြန်လည်ပြုပြင်မွန်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်တင်ထားသဖြင့် စွမ်ခမ်းစေတီဟု ပြန်လည် သမုတ်ခဲ့သည်။ စေတီတော်ကြီးအား ၁၉၈၈ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျိုင်းငမ်းကျောင်းတိုက်ဆရာတော်ဖခူးဝါးကျောက်ဘဒ္ဒန္တ ဌိတပညာနှင့် စွမ်ခမ်းကျောင်း တိုက်ဆရာတော် ဖခူးဝါးယီနွန်းအမှူးပြုသော သံဃာတော်များနှင့် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်၊ စွမ်ခမ်း ကျောင်းတိုက်ဆရာတော်နှင့် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှအမှူးပြုသော တပ်မတော်မိသားစုများနှင့်ကျိုင်းတုံမြို့ရှိအလှူရှင်များ စုပေါင်း၍ စေတီတော်မြတ်ကြီးအား ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွှေသင်္ကန်းကပ်လှူခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် ကျိုင်းတုံမြို့ရှိအလှူရှင်များ စုပေါင်း၍စေတီတော်မြတ်ကြီးအား ၂၀၁၂ ခုနှစ်တွင် တတိယအကြိမ်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ယခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ကြေးပြားရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။