တိုင်းပြည်က အားထားရပြီး ပြည်သူများကအားကိုးရသည့် တပ်မတော်ဖြစ်စေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ကျွမ်းကျင်မှုပြည့်ဝသည့်တပ်မတော်သားများ လေ့ကျင့်မွေးထုတ် ပေးလျက်ရှိ

ေနျပည္ေတာ္၊ ဇန္န၀ါရီ  ၂၉

တပ္မေတာ္အေနျဖင့္ တုိက္ရည္ခုိက္ရည္ျပည့္၀၍ တုိက္ပြဲတစ္ရာႏုိင္ပြဲတစ္ရာတုိက္ႏုိင္ၿပီး စစ္ကုိႏုိင္ေအာင္တုိက္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းေကာင္းမြန္မႈႏွင့္ စစ္ပညာမ်ားကြၽမ္းက်င္မႈမ်ား ရွိရမည္ျဖစ္ၿပီး ေခတ္မီစစ္လက္နက္ပစၥည္းမ်ားကုိ အသုံးျပဳႏုိင္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ျပည္သူမ်ားအတြက္ အသက္ကုိပဓာနမထားဘဲ ရြပ္ရြပ္ခြၽံခြၽံတုိက္ခုိက္မႈမ်ားေၾကာင့္ တုိက္ပြဲမ်ားတြင္ေအာင္ျမင္မႈမ်ားရရွိခဲ့ေၾကာင္း၊ စစ္ကုိႏုိင္ေအာင္တုိက္ႏုိင္မွသာ မိမိတုိ႔အေပၚျပည္သူမ်ားမွအားကုိးယုံၾကည္မည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က က်ိဳင္းတုံတပ္နယ္ရွိနယ္ေျမခံ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းမွ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ နယ္ေျမခံ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးသင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီး၊ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားစစ္သည္မ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သည္ လြတ္လပ္ေရးရၿပီးခ်ိန္မွစ၍ ယေန႔အခ်ိန္အထိ ႏုိင္ငံေတာ္၏အေျခအေနအရပ္ရပ္ကုိ မယိမ္းယိုင္ေအာင္ထိန္းသိမ္းေပးခဲ့ေၾကာင္း၊ ၁၉၈၈ ခုႏွစ္တြင္တပ္မေတာ္မွ ႏုိင္ငံေတာ္၏တာ၀န္မ်ားကုိ လႊဲေျပာင္းရယူခ်ိန္မွစ၍ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္း ေပၚေလွ်ာက္လွမ္းရန္အတြက္ ဦးတည္ေဆာင္ရြက္ခဲ့သည္ကုိေတြ႕ရွိရၿပီး ယခုအခါ ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း၊ ျပည္သူမ်ားလုိလားသည့္ ဒီမုိကေရစီရရွိေစရန္အတြက္ ဒီမုိကေရစီအေလ့အက်င့္မ်ားရရွိေအာင္ေျပာင္းလဲေဆာင္ရြက္ေပးခဲ့ကာ ႏုိင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ တစ္ဖက္ကလည္း ဒီမုိကေရစီ စနစ္ႏွင့္ကိုက္ညီေစရန္ တပ္မေတာ္၏တပ္တည္ေဆာက္ေရးလုပ္ငန္းမ်ားကုိ စတင္ေျပာင္းလဲေဆာင္ရြက္ခဲ့ေၾကာင္း၊ ယခုအခါတြင္ဒီမုိကေရစီစနစ္ႏွင့္ကုိက္ညီေစရန္ႏွင့္ သမား႐ုိးက်စစ္ကုိ ေဆာင္ရြက္ႏုိင္ရန္အတြက္တပ္မေတာ္ကုိ အဆင့္ျမႇင့္တင္မႈမ်ားေဆာင္ရြက္၍ေခတ္မီ တပ္မေတာ္ Standard Army တစ္ရပ္ျဖစ္ေအာင္တည္ေဆာက္ၿပီးႏုိင္ငံတကာႏွင့္ ရင္ေဘာင္တန္းႏုိင္ရန္အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္းရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္တြင္ အင္မတန္ဂုဏ္ယူစရာေကာင္းသည့္ တပ္မေတာ္အစဥ္အလာေကာင္းျဖစ္ေသာ အမိန္႔နာခံမႈႏွင့္စစ္စည္းကမ္းေကာင္းမြန္မႈ ဆုိသည့္အေလ့အက်င့္ေကာင္းတစ္ခုရွိၿပီး အထက္မွေပးအပ္သည့္တာ၀န္မ်ားကုိ လက္ေအာက္မွ ေက်ပြန္စြာထမ္းေဆာင္ၾကေၾကာင္း၊ အဆုိပါအခ်က္အားအေျခခံၿပီး တပ္မေတာ္အားအဆင့္ဆင့္ျပဳျပင္ေျပာင္းလဲမႈမ်ား တုိးတက္ေကာင္းမြန္ေအာင္ေဆာင္ရြက္ႏုိင္ခဲ့ၿပီး ဆက္လက္တုိးတက္ခုိင္မာေအာင္ ထိန္းသိမ္းေဆာင္ရြက္သြားၾကရန္လုိေၾကာင္း၊ တုိးျမင့္လာသည့္ ကုန္ေစ်းႏႈန္းမ်ားအားတစ္ဖက္တစ္လမ္းမွ ထိန္းညႇိႏုိင္ရန္ႏွင့္ တပ္မိသားစု၀င္မ်ားစားေရးတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ တပ္မေတာ္မွတပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္၍ သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔တပ္မေတာ္သားမ်ားအေနျဖင့္ ၀င္ေငြႏွင့္ထြက္ေငြ ညီမွ်ေအာင္ႀကိဳးစားသုံးစြဲရန္လုိေၾကာင္း၊ တပ္မေတာ္၏ေလ့က်င့္ေရးေဆာင္ပုဒ္ျဖစ္သည့္ က်န္းမာႀကံ့ခုိင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္ဆုိသည့္အတုိင္း က်န္းမာႀကံ့ခုိင္ရန္အတြက္ က်န္းမာေရးကုိထိခုိက္ေစသည့္ မူးယစ္ေသစာေသာက္စားမႈမ်ား ေရွာင္က်ဥ္ရန္လုိအပ္ေၾကာင္း၊ မိမိကုိယ္ကုိအလုိမလုိက္ဘဲ အသုံးႏွင့္အျဖဳန္းကုိသိရွိၿပီး ၿခိဳးၿခံေခြၽတာရန္လိုေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔တပ္မေတာ္အား ေခတ္မီတပ္မေတာ္ Standard Army တည္ေဆာက္ေရးတြင္အတတ္ပညာသည္အေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္သားမ်ား ပညာရည္ျမင့္မားေရးအတြက္ ျမႇင့္တင္ေဆာင္ရြက္ေပးလ်က္ရွိၿပီး တပ္မေတာ္သားမိသားစု၀င္မ်ား ပညာရည္ျမင့္မားေရးအတြက္လည္းေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ က်န္းမာေရး ေစာင့္ေရွာက္ေပးမႈႏွင့္ပတ္သက္၍ စစ္မႈထမ္းဆဲ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားသာမက စစ္မႈထမ္းေဟာင္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားကုိပါ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔တစ္ဦးခ်င္းက်န္းမာေရးအတြက္ ကုိယ္တုိင္ထိန္းသိမ္းေဆာင္ရြက္ရန္ လုိအပ္ၿပီး ႀကံ့ခုိင္မႈရွိရန္အတြက္အၿမဲေလ့က်င့္ရန္ လုိအပ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္သားမ်ားတစ္ဦးခ်င္း အရည္အခ်င္းျပည့္၀မႈရွိေစရန္အတြက္ သင္တန္းေက်ာင္းမ်ားမွ စနစ္တက်ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ နည္းျပမ်ားကလည္း သင္ခန္းစာကုိပုိင္ႏုိင္ကြၽမ္းက်င္မႈရွိရမည္ျဖစ္သလုိ သင္တန္းသားမ်ားကလည္းသင္တန္းေက်ာင္းမွ ေလ့က်င့္သင္ၾကားေပးမႈမ်ားကုိ ကြၽမ္းက်င္ပုိင္ႏုိင္စြာတတ္ကြၽမ္းေစရန္ သင္ယူသြားရန္လုိေၾကာင္း၊ သင္တန္းၿပီးဆုံး၍ မိမိတုိ႔တပ္သုိ႔ျပန္ေရာက္လ်ွင္ သင္တန္းေက်ာင္းမွသင္ယူခဲ့သည့္ အတတ္ပညာမ်ား ကုိထိေရာက္စြာအသုံးခ်ရန္ လုိအပ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းေက်ာင္းအတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ားေပးအပ္ရာ ေက်ာင္းအုပ္ႀကီးကလက္ခံရယူသည္။ ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက စားေသာက္ဖြယ္ရာမ်ားအားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က အားကစားပစၥည္းမ်ားအားလည္းေကာင္း အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့သည္။

 

(Unicode Version)

တိုင်းပြည်က အားထားရပြီး ပြည်သူများကအားကိုးရသည့် တပ်မတော်ဖြစ်စေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ကျွမ်းကျင်မှုပြည့်ဝသည့်တပ်မတော်သားများ လေ့ကျင့်မွေးထုတ် ပေးလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ  ၂၉

တပ်မတော်အနေဖြင့် တိုက်ရည်ခိုက်ရည်ပြည့်ဝ၍ တိုက်ပွဲတစ်ရာနိုင်ပွဲတစ်ရာတိုက်နိုင်ပြီး စစ်ကိုနိုင်အောင်တိုက်နိုင်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်မှုနှင့် စစ်ပညာများကျွမ်းကျင်မှုများ ရှိရမည်ဖြစ်ပြီး ခေတ်မီစစ်လက်နက်ပစ္စည်းများကို အသုံးပြုနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်သူများအတွက် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများတွင်အောင်မြင်မှုများရရှိခဲ့ကြောင်း၊ စစ်ကိုနိုင်အောင်တိုက်နိုင်မှသာ မိမိတို့အပေါ်ပြည်သူများမှအားကိုးယုံကြည်မည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုင်းတုံတပ်နယ်ရှိနယ်မြေခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နယ်မြေခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားစစ်သည်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို မယိမ်းယိုင်အောင်ထိန်းသိမ်းပေးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းရယူချိန်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်လှမ်းရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပြီး ယခုအခါ ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီရရှိစေရန်အတွက် ဒီမိုကရေစီအလေ့အကျင့်များရရှိအောင်ပြောင်းလဲဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်ဖက်ကလည်း ဒီမိုကရေစီ စနစ်နှင့်ကိုက်ညီစေရန် တပ်မတော်၏တပ်တည်ဆောက်ရေးလုပ်ငန်းများကို စတင်ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင်ဒီမိုကရေစီစနစ်နှင့်ကိုက်ညီစေရန်နှင့် သမားရိုးကျစစ်ကို ဆောင်ရွက်နိုင်ရန်အတွက်တပ်မတော်ကို အဆင့်မြှင့်တင်မှုများဆောင်ရွက်၍ခေတ်မီ တပ်မတော် Standard Army တစ်ရပ်ဖြစ်အောင်တည်ဆောက်ပြီးနိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်တွင် အင်မတန်ဂုဏ်ယူစရာကောင်းသည့် တပ်မတော်အစဉ်အလာကောင်းဖြစ်သော အမိန့်နာခံမှုနှင့်စစ်စည်းကမ်းကောင်းမွန်မှု ဆိုသည့်အလေ့အကျင့်ကောင်းတစ်ခုရှိပြီး အထက်မှပေးအပ်သည့်တာဝန်များကို လက်အောက်မှ ကျေပွန်စွာထမ်းဆောင်ကြကြောင်း၊ အဆိုပါအချက်အားအခြေခံပြီး တပ်မတော်အားအဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်တိုးတက်ခိုင်မာအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုးမြင့်လာသည့် ကုန်စျေးနှုန်းများအားတစ်ဖက်တစ်လမ်းမှ ထိန်းညှိနိုင်ရန်နှင့် တပ်မိသားစုဝင်များစားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်မှတပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်၍ သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ၀င်ငွေနှင့်ထွက်ငွေ ညီမျှအောင်ကြိုးစားသုံးစွဲရန်လိုကြောင်း၊ တပ်မတော်၏လေ့ကျင့်ရေးဆောင်ပုဒ်ဖြစ်သည့် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့်အတိုင်း ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးကိုထိခိုက်စေသည့် မူးယစ်သေစာသောက်စားမှုများ ရှောင်ကျဉ်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကိုအလိုမလိုက်ဘဲ အသုံးနှင့်အဖြုန်းကိုသိရှိပြီး ခြိုးခြံချွေတာရန်လိုကြောင်းမှာကြားသည်။

ဆက်လက်ပြီး မိမိတို့တပ်မတော်အား ခေတ်မီတပ်မတော် Standard Army တည်ဆောက်ရေးတွင်အတတ်ပညာသည်အရေးကြီးကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ ပညာရည်မြင့်မားရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တပ်မတော်သားမိသားစုဝင်များ ပညာရည်မြင့်မားရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ ကျန်းမာရေး စောင့်ရှောက်ပေးမှုနှင့်ပတ်သက်၍ စစ်မှုထမ်းဆဲ တပ်မတော်သားများနှင့် မိသားစုဝင်များသာမက စစ်မှုထမ်းဟောင်းများနှင့် ဒေသခံပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တစ်ဦးချင်းကျန်းမာရေးအတွက် ကိုယ်တိုင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပြီး ကြံ့ခိုင်မှုရှိရန်အတွက်အမြဲလေ့ကျင့်ရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်သားများတစ်ဦးချင်း အရည်အချင်းပြည့်ဝမှုရှိစေရန်အတွက် သင်တန်းကျောင်းများမှ စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ နည်းပြများကလည်း သင်ခန်းစာကိုပိုင်နိုင်ကျွမ်းကျင်မှုရှိရမည်ဖြစ်သလို သင်တန်းသားများကလည်းသင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးမှုများကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်ကျွမ်းစေရန် သင်ယူသွားရန်လိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တပ်သို့ပြန်ရောက်လျှင် သင်တန်းကျောင်းမှသင်ယူခဲ့သည့် အတတ်ပညာများ ကိုထိရောက်စွာအသုံးချရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က အားကစားပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့်နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။