တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့သွားရောက်ဖူးမြော်ပြီး စေတီတော်ကုန်းတော်ပေါ်တွင် စိုက်ထူပူဇော်မည့် ပိဋကတ်သုံးပုံကျောက်စာတိုင်များစိုက်ထူပူဇော်နေမှုအားကြည့်ရှု၍စိုက်ထူပူဇော်

ေနျပည္ေတာ္၊ ဇန္န၀ါရီ  ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး သုိ႔သြားေရာက္ဖူးေျမာ္၍ ေစတီေတာ္ကုန္းေတာ္ေပၚတြင္ စုိက္ထူပူေဇာ္မည့္ ပိဋကတ္သုံးပုံ ေက်ာက္စာတုိင္မ်ားထြင္းထုပူေဇာ္ေနမႈအားၾကည့္႐ႈၿပီး စုိက္ထူပူေဇာ္သည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တာခ်ီလိတ္ေရႊတိဂုံဘုရား စိန္ဖူးေတာ္အားေရႊသကၤန္းကပ္လွဴပူေဇာ္ၿပီး နဂါးႏွစ္ေကာင္ ေက်ာင္းတုိက္ဆရာေတာ္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာက႑ိတ ဘဒၵႏၲဓမၼသီရိအား ဖူးေျမာ္ၾကည္ညိဳသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ လက္ေထာက္ေက်ာင္းထုိင္ ဆရာေတာ္ ဦးသုဓမၼထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က နဂါးႏွစ္ေကာင္ ေက်ာင္းတုိက္ဆရာေတာ္ႀကီးအား လွဴဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအားလွဴဖြယ္ပစၥည္းမ်ားအသီးသီး ဆက္ကပ္ လွဴဒါန္းၾကၿပီး ဆရာေတာ္ဦးသုဓမၼထံမွ အႏုေမာဒနာတရားနာယူ၍လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

ယင္းေနာက္နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ဆရာေတာ္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား ဓမၼလက္ေဆာင္အျဖစ္ေပးအပ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အဖြဲ႕၀င္မ်ားသည္ တာခ်ီလိတ္ ေရႊတိဂုံေစတီေတာ္ကုန္္းေတာ္ေပၚတြင္ ထြင္းထုပူေဇာ္လ်က္ရွိသည့္ ေက်ာက္စာတုိင္မ်ားအား ေရႊသကၤန္းကပ္လွဴ၍ စုိက္ထူပူေဇာ္ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တာခ်ီလိတ္ေရႊတိဂုံေစတီေတာ္ႀကီး၏ စိန္ဖူးေတာ္ႏွင့္ ငွက္ျမတ္ နားေတာ္အား ေစတီေတာ္ အထြဋ္တြင္တင္လွဴပူေဇာ္ၾကသည္။

နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ဆရာေတာ္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာက႑ိတ ဘဒၵႏၲဓမၼ သီရိဦးစီး၍ ရဟန္းရွင္လူ၊ ျပည္သူအမ်ားေကာင္းမႈျဖင့္ သုံးေလာကထြဋ္ထားျမတ္စြာဘုရားရွင္ေဟာၾကားေတာ္ မူခဲ့ေသာပိဋကတ္ သုံးပုံပါဠိေတာ္အား ဂုံရွမ္းတုိင္းရင္းသားဘာသာသုိ႔ျပန္ဆုိၿပီး ေက်ာက္စာခ်ပ္မ်ားေပၚတြင္ေရးထြင္းကာ ၂၀၁၂ ခုႏွစ္ေမလမွစတင္၍ တာခ်ီလိတ္ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ကုန္းေတာ္ေပၚ၌စုိက္ထူပူေဇာ္လ်က္ရွိသည္။ ယခုအခ်ိန္ထိ ေက်ာက္စာတုိင္ ၃၂၀ ခန္႔အားစုိက္ထူပူေဇာ္ၿပီးျဖစ္ေၾကာင္းႏွင့္ က်န္ရွိသည့္ေက်ာက္စာတုိင္မ်ားအား စုိက္ထူပူေဇာ္ႏုိင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရ သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕၊ မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယက ဆရာေတာ္အဂၢမဟာ သဒၵမၼေဇာတိကဓဇ ဘဒၵႏၲပညာသာမိအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး လွဴဖြယ္ ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားဆက္ကပ္လွဴဒါန္းခဲ့သည္။

(Unicode Version)

နေပြည်တော်၊ ဇန်နဝါရီ  ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး သို့သွားရောက်ဖူးမြော်၍ စေတီတော်ကုန်းတော်ပေါ်တွင် စိုက်ထူပူဇော်မည့် ပိဋကတ်သုံးပုံ ကျောက်စာတိုင်များထွင်းထုပူဇော်နေမှုအားကြည့်ရှုပြီး စိုက်ထူပူဇော်သည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တာချီလိတ်ရွှေတိဂုံဘုရား စိန်ဖူးတော်အားရွှေသင်္ကန်းကပ်လှူပူဇော်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာကဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိအား ဖူးမြော် ကြည်ညိုသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် လက်ထောက်ကျောင်းထိုင် ဆရာတော် ဦးသုဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တပ်မတော်ကာကွယ်ရေးဦးးစီးချုပ်နှင့်ဇနီးတို့က နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအားလှူဖွယ်ပစ္စည်းများအသီးသီး ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်ဦးသုဓမ္မထံမှ အနုမောဒနာတရားနာယူ၍လှူဒါန်းမှု အစုစု အတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက်နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဗုဒ္ဓရုပ်ပွားတော် များအား ဓမ္မလက်ဆောင်အဖြစ်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တာချီလိတ် ရွှေတိဂုံစေတီတော်ကုန််းတော်ပေါ်တွင် ထွင်းထုပူဇော်လျက်ရှိသည့် ကျောက်စာတိုင်များအား ရွှေသင်္ကန်းကပ်လှူ၍ စိုက်ထူ ပူဇော်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာချီလိတ်ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်အား စေတီတော် အထွဋ်တွင်တင်လှူပူဇော်ကြသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကဏ္ဍိတ ဘဒ္ဒန္တဓမ္မ သီရိဦးစီး၍ ရဟန်းရှင်လူ၊ ပြည်သူအများကောင်းမှုဖြင့် သုံးလောကထွဋ်ထားမြတ်စွာဘုရားရှင်ဟောကြားတော် မူခဲ့သောပိဋကတ် သုံးပုံပါဠိတော်အား ဂုံရှမ်းတိုင်းရင်းသားဘာသာသို့ပြန်ဆိုပြီး ကျောက်စာချပ်များပေါ်တွင်ရေးထွင်းကာ ၂၀၁၂ ခုနှစ်မေလမှစတင်၍ တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကုန်းတော်ပေါ်၌စိုက်ထူပူဇော်လျက်ရှိသည်။ ယခုအချိန်ထိ ကျောက်စာတိုင် ၃၂၀ ခန့်အားစိုက်ထူပူဇော်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ကျောက်စာတိုင်များအား စိုက်ထူပူဇော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။