တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝီသတိမအကြိမ် (အကြိမ် ၂၀)မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး တက်ရောက်လျက်ရှိသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်း၊ အစည်းအဝေးပိတ်ပွဲအခမ်းအနားတက်ရောက်

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၃၁

ရန္ကုန္တုိင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ ဓမၼဒူတေဇတ၀န္ေတာရေဆကိႏၵရာမ ေက်ာင္းတုိက္ႀကီး၌ ဆင္ယင္က်င္းပလ်က္ရွိေသာ ဝီသတိမအႀကိမ္ (အႀကိမ္ ၂၀)ေျမာက္ ဗုဒၶသာသနာေတာ္လုံးဆုိင္ရာ ေရႊက်င္နိကာယသံဃာ့ အစည္းအေ၀းႀကီးတက္ေရာက္လ်က္ရွိသည့္ ဆရာေတာ္ႀကီးမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔သည္ ဂႏၶကုဋိမွန္နန္းေဆာင္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဗုဒၶသာသနာေတာ္လုံးဆုိင္ရာ ေရႊက်င္နိကာယသံဃာ့အစည္းအေ၀းႀကီးက်င္းပျပဳလုပ္လ်က္ရွိသည့္ မဟာဓမၼဗိမာန္ေတာ္သုိ႔သြားေရာက္ၿပီး ဆရာေတာ္ႀကီးမ်ားအား ဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္ပစၥည္းမ်ားေလာင္းလွဴသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယ၊ ေရႊက်င္နိကာယ အဓိပတိဥကၠ႒ မဟာနာယကဓမၼေသနာပတိ ပႏၷရသမ ေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ ၀ိေဇၨာတာ႐ုံဆရာေတာ္ဘုရားႀကီး ဘဒၵႏၲ၀ိေဇၨာတ၊ ေရႊက်င္နိကာယဥပဥကၠ႒ မဟာနာယက (တြဲဖက္ေရႊက်င္ သာသနာပုိင္)ဆရာေတာ္ႀကီးမ်ားျဖစ္ၾကသည့္ မႏၲေလးၿမိဳ႕၊ မဟာ၀ိသုဒၶါ႐ုံတုိက္သစ္၊ မတၱရာသူေဌးတန္းဆရာေတာ္ ဘဒၵႏၲမာနိတသိရီဘိ၀ံသႏွင့္ သီတဂူကမၻာ့ဗုဒၶတကၠသုိလ္ အဓိပတိသီတဂူဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ေဒါက္တာဘဒၵႏၲဉာဏိႆရ၊ ေရႊက်င္နိကာယ ဂုိဏ္းလုံး၀န္ေဆာင္နာယက ရန္ကုန္ၿမိဳ႕၊ မဟာ၀ိသုဒၶါ႐ုံတုိက္သစ္ ေယာဆရာေတာ္အဂၢမဟာပ႑ိတ တိပိဋကဓရ ဓမၼဘ႑ာဂါရိကဘဒၵႏၲသိရိႏၵာဘိ၀ံသတုိ႔အား တစ္ပါးခ်င္းစီ လုိက္လံဖူးေျမာ္ၾကည္ညိဳ၍ သာသနာေရးဆုိင္ရာမ်ားေမးျမန္းေလွ်ာက္ထားၿပီး ဆရာေတာ္မ်ားအား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္ ေန႔လယ္ပုိင္းတြင္ ဗုဒၶသာသနာေတာ္လုံးဆုိင္ရာ ေရႊက်င္နိကာယ အစည္းအေ၀းႀကီးမ်ား ေအာင္ျမင္မႈ အထိမ္းအမွတ္အျဖစ္ တည္ေထာင္ေဆာက္လုပ္ခဲ့ေသာ ဓမၼဒူတေဆကိႏၵတကၠသုိလ္ႀကီး၏ ေမာ္ကြန္းေက်ာက္စာ ပႏၷက္ေတာ္တင္မဂၤလာအား က်င္းပျပဳလုပ္ရာ ေရႊက်င္နိကာယ ဥပဥကၠ႒မဟာနာယက (တြဲဖက္ေရႊက်င္ သာသနာပုိင္)ဆရာေတာ္ႀကီးမ်ားျဖစ္ၾကသည့္ သီတဂူကမၻာ့ဗုဒၶတကၠသုိလ္အဓိပတိ သီတဂူဆရာေတာ္ အဘိဓဇ မဟာရ႒ဂု႐ု ေဒါက္တာဘဒၵႏၲဉာဏိႆရႏွင့္ မႏၲေလးၿမိဳ႕၊ မဟာ၀ိသုဒၶ႐ုံတုိက္သစ္ စည္ရွင္ေက်ာင္းနာယက အဂၢမဟာပ႑ိတဘဒၵႏၲအဂၢဉာနာဘိ၀ံသတုိ႔ႀကီးမွဴး၍ က်င္းပျပဳလုပ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဓမၼဒူတေ၀ယ်ာ၀စၥအဖြဲ႕နာယက ဦးစံၿငိမ္းတုိ႔က မဂၤလာအခ်ိန္တြင္ တစ္ၿပိဳင္တည္းပႏၷက္ေတာ္မ်ားအား႐ုိက္၍ ဆရာေတာ္ႀကီးမ်ားက အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းၾကၿပီး သံဃာေတာ္မ်ားက ဇယေႏၲာေဗာဓိယာ မူေလအစရွိေသာ ဇယမဂၤလာေအာင္ဂါထာေတာ္တုိ႔ျဖင့္ ခ်ီးျမႇင့္ေတာ္မူၾကသည္။

ဆက္လက္ၿပီး ဝီသတိမအႀကိမ္(အႀကိမ္ ၂၀)ေျမာက္ ဗုဒၶသာသနာေတာ္လုံးဆုိင္ရာ ေရႊက်င္နိကာယ သံဃာ့အစည္းအေ၀းႀကီး တတိယေန႔ဒုတိယပုိင္းအစီအစဥ္ကုိ က်င္းပျပဳလုပ္ရာ ယခုအစည္းအေ၀းႀကီးမွ ေရြးခ်ယ္တင္ေျမႇာက္ေသာ ဥပဥကၠ႒နာယက(တြဲဖက္ေရႊက်င္သာသနာပုိင္)ဆရာေတာ္ႀကီးမ်ားျဖစ္ၾကသည့္ မႏၲေလးၿမိဳ႕၊ မဟာ ၀ိသုဒၶါ႐ုံတုိက္သစ္ စည္ရွင္ေက်ာင္းနာယက အဂၢမဟာပ႑ိတ ဘဒၵႏၲအဂၢဉာနာ ဘိ၀ံသႏွင့္ စစ္ကုိင္းၿမိဳ႕၊ မဟာ သုေဗာဓာ႐ုံေက်ာင္းတုိက္ ပဓာနနာယက ပါေမာကၡခ်ဳပ္ ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိက ဓဇ ေဒါက္တာဘဒၵႏၲနႏၵမာလာဘိ၀ံသတုိ႔ထံမွ ၾသ၀ါဒကထာမ်ားအား နာယူၾကသည္။

ထုိ႔ေနာက္ အခမ္းအနားမွဴး ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၀င္၊ ေရႊက်င္ဂုိဏ္း အက်ိဳးေတာ္ေဆာင္ မႏၲေလးၿမိဳ႕၊ အေ၀ရာရာမရန္ကင္းေက်ာင္းတုိက္ ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ ဘဒၵႏၲၾသဒါတ သိရီဘိ၀ံသက အစည္းအေ၀းဆုံးျဖတ္ခ်က္ႏွင့္ မွတ္တမ္းတင္ခ်က္မ်ားကုိ ေၾကညာ၍ အတည္ျပဳသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ၀မ္းေျမာက္ရႊင္လန္း ဥဒါန္း စကားကုိေလွ်ာက္ထားတင္ျပရာ အရွင္ျမတ္တုိ႔၏အတြင္းသႏၲာန္၌ တည္ရွိေနကုန္ေသာ သီလ၊ သမာဓိ၊ ပညာတုိ႕ကုိ အာ႐ုံျပဳ၍ ၀မ္းသာၾကည္ညိဳ မႈျဖစ္႐ုံမက ယခုဖူးျမင္ခြင့္ရရွိေသာ သံဃာ့အာ႐ုံသည္ တပည့္ေတာ္တုိ႔၏ စိတ္ႏွလုံးတြင္ စြဲထင္က်န္ရွိေနမည့္ အျမတ္ဆုံးေသာ ျမင္ကြင္းမ်ိဳးျဖစ္ရပါေၾကာင္း၊ ထုိသံဃာ့အာ႐ုံကုိ ဖူးျမင္ခြင့္ရရွိျခင္းအတြက္ လြန္စြာပင္၀မ္းသာၾကည္ႏူးျဖစ္ရပါေၾကာင္း၊ ကမၻာမ်ားစြာ ရွည္ျမင့္ၾကာမွ ပြင့္ေတာ္မူရေသာ ဘုရားပြင့္ျခင္းအခြင့္အခါ၊ ထုိဘုရား၏ ဓမၼရတနာ ထင္ရွားေပၚထြန္းလာေသာအခြင့္အခါ၊ သိကၡာသုံးပါးအက်င့္တရားတုိ႔ကုိပြားမ်ားျဖည့္က်င့္ ေနေသာသံဃာရတနာတုိ႔ေပၚထြန္းတည္ရွိေနေသာ အခြင့္အခါတုိ႔မွာ ႀကဳံဖုိ႕ရန္ခဲယဥ္းေသာ အခြင့္အခါမ်ား ျဖစ္ၾကပါ ေၾကာင္း၊ ထုိရတနာမ်ား ေပ်ာက္ကြယ္မသြားဘဲ ဘုရားဟု သိေသာ အသိတရား၊ တရားဟုသိေသာအသိတရား၊ သံဃာဟုသိေသာ အသိတရားမ်ား လူသားတုိ႔၏ ႏွလုံးသား၌ တုိးပြားျပန္႔ႏွံ႔ေအာင္ ႀကိဳးစားအားထုတ္ၾကရမည္ဟု နားလည္ ယုံၾကည္မိပါေၾကာင္း၊ ဤသုိ႔ႀကိဳးစားအားထုတ္ရာတြင္လည္း ဆရာေတာ္သံဃာေတာ္မ်ား ကသာလွ်င္ ဦးေဆာင္ဦးရြက္ျပဳႏုိင္ၾကပါသျဖင့္ ဆရာေတာ္သံဃာေတာ္မ်ားကုိသာ အေလးထား၍အားကုိးၾကရမည္ျဖစ္ပါေၾကာင္း၊ အဓိကအခန္းက႑မွ အားကုိးအားထား ျပဳရပါေသာ ဆရာေတာ္ သံဃာေတာ္အရွင္သူျမတ္တုိ႔၏ သာသနာ့၀န္ ထမ္းရြက္ေက်ပြန္ေတာ္မူခဲ့ၾကသျဖင့္ ေထရ၀ါဒဗုဒၶသာသနာေတာ္တြင္ ဘုရားတပည့္ေတာ္တုိ႔ ျပည္ေထာင္စု သမၼတျမန္မာႏုိင္ငံေတာ္၏ သာသနာ့ဂုဏ္ရည္သည္ သံဃာအေရအတြက္ႏွင့္ စာေပဂုဏ္ အက်င့္ဂုဏ္မွာပါ အသာလြန္ဆုံးျဖစ္သည္ကုိ သိရွိရပါေၾကာင္း၊ ပထမေရႊက်င္ဆရာေတာ္ ဘုရားႀကီးမွ အစျပဳခဲ့ေသာ ေရႊက်င္ဂုိဏ္း၀င္ ဆရာေတာ္သံဃာေတာ္အရွင္သူျမတ္မ်ား အေနျဖင့္ စာေပက်မ္းဂန္ဘက္မွာေရာ က်င့္ႀကံအားထုတ္မႈဘက္မွာပါ ထူးခြၽန္ေတာ္မူၾကသည့္ တပည့္စဥ္ဆက္ ေျမာက္မ်ားစြာေပၚထြန္းခဲ့ၾကေၾကာင္းကုိလည္း အားရၾကည္ညိဳ ဖြယ္သိရွိရပါ ေၾကာင္း၊ အႀကိမ္ ၂၀ ေျမာက္တုိင္ေအာင္ညီညီၫြတ္ၫြတ္ စည္းေ၀းတုိင္ပင္၍ သာသာနာေတာ္အတြက္ ႀကိဳးစားအားထုတ္ေတာ္မူခဲ့ၾကသကဲ့သုိ႔ ေနာင္ကာလမ်ားစြာ အထိ ဤလမ္းစဥ္အတုိင္းႀကိဳးစားအားထုတ္ ေတာ္မူၾကမည့္ ဆရာေတာ္သံဃာေတာ္တုိ႔၏ သာသနာျပဳလုပ္ငန္းမ်ားကုိ ဗုဒၶဘာသာသာသနာကုိ သက္၀င္ ယုံၾကည္ၾကသည့္ ဘုရားတပည့္ေတာ္တုိ႔ ဒကာဒကာမအပုိင္းကလည္း ဆက္လက္၍ၾကည္ညိဳအားရ ကူညီေထာက္ပံ့ ေနၾကဦးမည္သာျဖစ္ပါေၾကာင္း၊ အဓိကအားျဖင့္ ဗုဒၶသာသနာေတာ္ တည္တံ့ခုိင္ၿမဲေစေရးအတြက္ ဆရာေတာ္ဘုရား တုိ႔က ဦးေဆာင္လမ္းျပေပးၿပီး တပည့္ေတာ္ တုိ႔ကလုိက္နာေစာင့္ထိန္းအေကာင္အထည္ ေဖာ္သြားၾကရမည္ ျဖစ္ေၾကာင္းေလွ်ာက္ထား တင္ျပသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယ၊ ေရႊက်င္နိကာယအဓိပတိ ဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ ၀ိေဇာတာ႐ုံဆရာေတာ္ ဘုရားႀကီး ဘဒၵႏၲ၀ိေဇၨာတအားလွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၿပီး အစည္းအေ၀းႀကီး အတြက္အလွဴေငြမ်ားအားေပးအပ္လွဴဒါန္းရာဓမၼဒူတေ၀ယ်ာ၀စၥအဖြဲ႕မွတာ၀န္ရွိသူမ်ားက လက္ခံရယူသည္။ ၎ေနာက္ဆရာေတာ္ဘုရားႀကီးက တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕အား ၀ီသတိမအႀကိမ္ ေရႊက်င္နိ ကာယသံဃာအစည္းအေ၀းႀကီး ေအာင္ျမင္စြာက်င္းပႏုိင္ေရးအတြက္ လွဴဒါန္းပူေဇာ္ေဆာင္ရြက္မႈေၾကာင့္ ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္သည္။

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ဆရာေတာ္ႀကီးမ်ား အားလွဴဖြယ္ပစၥည္းမ်ားဆက္ကပ္ လွဴဒါန္းၾကသည္။ ၎ေနာက္အလွဴရွင္မ်ားက ဆရာေတာ္ႀကီးမ်ားအတြက္အလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ ဓမၼဒူတေ၀ယ်ာ၀စၥအဖြဲ႕မွ တာ၀န္ရွိသူ မ်ားကလက္ခံရယူၾကသည္။ ထုိ႔ေနာက္ ၀ိေဇာတာ႐ုံဆရာေတာ္ဘုရားႀကီး ဘဒၵႏၲ၀ိေဇၨာတ က ဓမၼဒူတေ၀ယ်ာ၀စၥအဖြဲ႕ ဒါယိကာ၊ ဒါယိကာမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္သည္။

ယင္းေနာက္ အစည္းအေ၀းႀကီး က်င္းပေရးဦးစီးေကာ္မတီ၏ ေလွ်ာက္ထားလႊာ ကုိ ဓမၼဒူတေ၀ယ်ာ၀စၥအဖြဲ႕ နာယက ဦးစံၿငိမ္းကေလွ်ာက္ထားတင္ျပသည္။ ၎ေနာက္ အစည္းအေ၀းသဘာပတိ ၀ိေဇာတာ႐ုံဆရာေတာ္ဘုရားႀကီး ဘဒၵႏၲ၀ိေဇၨာတ၏နိဂုံးခ်ဳပ္ ၾသ၀ါဒကထာကုိနာယူၾကည္ညိဳၾကၿပီး သီတဂူဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ေဒါက္တာ ဘဒၵႏၲဉာဏိႆရထံမွ အႏုေမာဒနာတရားနာယူၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

ဆက္လက္ၿပီး ပါေမာကၡခ်ဳပ္ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ေဒါက္တာဘဒၵႏၲနႏၵ မာလာဘိ၀ံသေရးသားပူေဇာ္အပ္ေသာ အစည္းအေ၀းႀကီး အခမ္းအနားသိမ္းေအာင္ၾသဘာစာကုိ မုံရြာၿမိဳ႕၊ သဒၶမၼ ေဇာတကသုေဗာဓာ႐ုံေက်ာင္းတုိက္ ပဓာနနာယက တိပိဋကဓရ တိပိဋကေကာ၀ိဒ အရွင္အဘိဇာတာလကၤာရာ ဘိ၀ံသကဖတ္ၾကားပူေဇာ္သည္။ ထုိ႔ေနာက္ ဇယေႏၲာ ေဗာဓိယာ မူေလ စေသာႏွစ္ဂါထာကုိ သုံးႀကိမ္ရြတ္ဆုိ၍ အစည္းအေ၀းအားေအာင္ျမင္စြာ႐ုပ္သိမ္းလုိက္သည္။

ထုိ႔ေနာက္ တပ္မေတာာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စုဒၵသမ ေရႊက်င္သာသနာပုိင္ ၀ါဆုိဆရာေတာ္ ဘုရားႀကီး၏ ေမတၱာေစတနာႀကီးမားစြာျဖင့္ခြင့္ျပဳမႈေၾကာင့္ သုံးႀကိမ္တုိင္တုိင္က်င္းပခြင့္ရေသာ ဗုဒၶသာသနာေတာ္လုံးဆုိင္ရာ ေရႊက်င္နိကာယအစည္းအေ၀းႀကီးမ်ားေအာင္ျမင္မႈအထိမ္းအမွတ္အျဖစ္တည္ေထာင္ေဆာက္ လုပ္ခဲ့ေသာ ဓမၼဒူတေဆကိႏၵတကၠသုိလ္ႀကီး တည္ေဆာက္ေနမႈအေျခအေနမ်ားအား လွည့္လည္ၾကည့္႐ႈခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝီသတိမအကြိမ် (အကြိမ် ၂၀)မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး တက်ရောက်လျက်ရှိသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်း၊ အစည်းအဝေး ပိတ်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ – ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒရာမ ကျောင်းတိုက်ကြီး၌ ဆင်ယင်ကျင်းပ လျက်ရှိသော ဝီသတိမအကြိမ် (အကြိမ် ၂၀)မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့ အစည်းအဝေးကြီးတက်ရောက်လျက်ရှိသည့် ဆရာတော်ကြီးများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည် ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဂန္ဓကုဋိမှန်နန်းဆောင် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးကျင်းပပြုလုပ်လျက်ရှိသည့် မဟာ ဓမ္မဗိမာန်တော်သို့သွားရောက်ပြီး ဆရာတော်ကြီးများအားဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများလောင်းလှူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင်နိကာယ အဓိပတိဥက္ကဋ္ဌ မဟာနာယကဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇ္ဇောတ၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင် သာသနာပိုင်)ဆရာတော်ကြီးများဖြစ်ကြသည့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးတန်းဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ယောဆရာတော်အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘဒ္ဒန္တသိရိန္ဒာဘိဝံသတို့အား တစ်ပါးချင်းစီ လိုက်လံဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများမေးမြန်းလျှောက်ထားပြီး ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အစည်းအဝေးကြီးများ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် တည်ထောင်ဆောက်လုပ်ခဲ့သော ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်ကြီး၏ မော်ကွန်းကျောက်စာ ပန္နက်တော်တင်မင်္ဂလာအားကျင်းပပြုလုပ်ရာ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက (တွဲဖက်ရွှေကျင် သာသနာပိုင်)ဆရာတော်ကြီးများဖြစ်ကြသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓရုံတိုက်သစ် စည်ရှင်ကျောင်းနာယက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ တို့ကြီးမှူး၍ ကျင်းပပြုလုပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဓမ္မဒူတဝေယျာဝစ္စအဖွဲ့နာယက ဦးစံငြိမ်းတို့က မင်္ဂလာအချိန်တွင် တစ်ပြိုင်တည်းပန္နက်တော်များအားရိုက်၍ ဆရာတော်ကြီးများက အမွှေးနံ့သာရည်များပက်ဖျန်းကြပြီး သံဃာတော်များက ဇယန္တောဗောဓိယာ မူလေအစရှိသော ဇယမင်္ဂလာအောင်ဂါထာတော်တို့ဖြင့်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ပြီး ဝီသတိမအကြိမ်(အကြိမ် ၂၀)မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်း အဝေးကြီး တတိယနေ့ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ယခုအစည်းအဝေးကြီးမှ ရွေးချယ်တင်မြှောက်သော ဥပဥက္ကဋ္ဌနာယက(တွဲဖက်ရွှေကျင်သာသနာပိုင်)ဆရာတော်ကြီးများဖြစ်ကြသည့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဉာနာ ဘိဝံသနှင့် စစ်ကိုင်းမြို့၊ မဟာ သုဗောဓာရုံကျောင်းတိုက် ပဓာနနာယက ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့ထံမှ သြဝါဒကထာများအားနာယူကြသည်။

ထို့နောက် အခမ်းအနားမှူး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် မန္တလေးမြို့၊ အဝေရာရာမရန်ကင်းကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသြဒါတ သိရီဘိဝံသက အစည်းအဝေးဆုံးဖြတ်ချက်နှင့် မှတ်တမ်းတင်ချက်များကိုကြေညာ၍ အတည်ပြုသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၀မ်းမြောက်ရွှင်လန်း ဥဒါန်း စကားကိုလျှောက်ထားတင်ပြရာ အရှင်မြတ်တို့၏အတွင်းသန္တာန်၌ တည်ရှိနေကုန်သော သီလ၊ သမာဓိ၊ ပညာတို့ကို အာရုံပြု၍ ၀မ်းသာကြည်ညို မှုဖြစ်ရုံမက ယခုဖူးမြင်ခွင့်ရရှိသော သံဃာ့အာရုံသည် တပည့်တော်တို့၏ စိတ်နှလုံးတွင် စွဲထင်ကျန်ရှိနေမည့် အမြတ်ဆုံးသော မြင်ကွင်းမျိုးဖြစ်ရပါကြောင်း၊ ထိုသံဃာ့အာရုံကို ဖူးမြင်ခွင့်ရရှိခြင်းအတွက် လွန်စွာပင်ဝမ်းသာကြည်နူးဖြစ်ရပါကြောင်း၊ ကမ္ဘာများစွာ ရှည်မြင့်ကြာမှ ပွင့်တော်မူရသော ဘုရားပွင့်ခြင်းအခွင့်အခါ၊ ထိုဘုရား၏ ဓမ္မရတနာ ထင်ရှားပေါ်ထွန်းလာသောအခွင့်အခါ၊ သိက္ခာသုံးပါးအကျင့်တရားတို့ကိုပွားများဖြည့်ကျင့် နေသောသံဃာရတနာတို့ပေါ်ထွန်းတည်ရှိနေသော အခွင့်အခါတို့မှာ ကြုံဖို့ရန်ခဲယဉ်းသော အခွင့်အခါများ ဖြစ်ကြပါ ကြောင်း၊ ထိုရတနာများ ပျောက်ကွယ်မသွားဘဲ ဘုရားဟု သိသော အသိတရား၊ တရားဟုသိသောအသိတရား၊ သံဃာဟုသိသော အသိတရားများ လူသားတို့၏ နှလုံးသား၌ တိုးပွားပြန့်နှံ့အောင် ကြိုးစားအားထုတ်ကြရမည်ဟု နားလည် ယုံကြည်မိပါကြောင်း၊ ဤသို့ကြိုးစားအားထုတ်ရာတွင်လည်း ဆရာတော်သံဃာတော်များ ကသာလျှင် ဦးဆောင်ဦးရွက်ပြုနိုင်ကြပါသဖြင့် ဆရာတော်သံဃာတော်များကိုသာ အလေးထား၍အားကိုးကြရမည်ဖြစ်ပါကြောင်း၊ အဓိကအခန်းကဏ္ဍမှ အားကိုးအားထား ပြုရပါသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့၏ သာသနာ့ဝန် ထမ်းရွက်ကျေပွန်တော်မူခဲ့ကြသဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်တွင် ဘုရားတပည့်တော်တို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သာသနာ့ဂုဏ်ရည်သည် သံဃာအရေအတွက်နှင့် စာပေဂုဏ် အကျင့်ဂုဏ်မှာပါ အသာလွန်ဆုံးဖြစ်သည်ကို သိရှိရပါကြောင်း၊ ပထမရွှေကျင်ဆရာတော် ဘုရားကြီးမှ အစပြုခဲ့သော ရွှေကျင်ဂိုဏ်းဝင် ဆရာတော်သံဃာတော်အရှင်သူမြတ်များ အနေဖြင့် စာပေကျမ်းဂန်ဘက်မှာရော ကျင့်ကြံအားထုတ်မှုဘက်မှာပါ ထူးချွန်တော်မူကြသည့် တပည့်စဉ်ဆက် မြောက်များစွာပေါ်ထွန်းခဲ့ကြကြောင်းကိုလည်း အားရကြည်ညို ဖွယ်သိရှိရပါ ကြောင်း၊ အကြိမ် ၂၀ မြောက်တိုင်အောင်ညီညီညွတ်ညွတ် စည်းဝေးတိုင်ပင်၍ သာသာနာတော်အတွက် ကြိုးစားအားထုတ်တော်မူခဲ့ကြသကဲ့သို့ နောင်ကာလများစွာ အထိ ဤလမ်းစဉ်အတိုင်းကြိုးစားအားထုတ် တော်မူကြမည့် ဆရာတော်သံဃာတော်တို့၏ သာသနာပြုလုပ်ငန်းများကို ဗုဒ္ဓဘာသာသာသနာကို သက်ဝင် ယုံကြည်ကြသည့် ဘုရားတပည့်တော်တို့ ဒကာဒကာမအပိုင်းကလည်း ဆက်လက်၍ကြည်ညိုအားရ ကူညီထောက်ပံ့ နေကြဦးမည်သာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲစေရေးအတွက် ဆရာတော်ဘုရား တို့က ဦးဆောင်လမ်းပြပေးပြီး တပည့်တော် တို့ကလိုက်နာစောင့်ထိန်းအကောင်အထည် ဖော်သွားကြရမည် ဖြစ်ကြောင်းလျှောက်ထား တင်ပြသည်။

ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင်နိကာယအဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇောတာရုံဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိဇ္ဇောတအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး အစည်းအဝေးကြီး အတွက်အလှူငွေများအားပေးအပ်လှူဒါန်းရာဓမ္မဒူတဝေယျာဝစ္စအဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက်ဆရာတော်ဘုရားကြီးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့အား ဝီသတိမအကြိမ် ရွှေကျင်နိ ကာယသံဃာအစည်းအဝေးကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှူဒါန်းပူဇော်ဆောင်ရွက်မှုကြောင့် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်သည်။

ယင်းနောက်အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများ အားလှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။ ၎င်းနောက်အလှူရှင်များက ဆရာတော် ကြီးများအတွက်အလှူငွေများပေးအပ်လှူဒါန်းရာ ဓမ္မဒူတဝေယျာဝစ္စအဖွဲ့မှ တာဝန်ရှိသူ များကလက်ခံရယူကြသည်။ ထို့နောက် ဝိဇောတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇ္ဇောတ က ဓမ္မဒူတဝေယျာဝစ္စအဖွဲ့ ဒါယိကာ၊ ဒါယိကာများအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက်အစည်းအဝေးကြီး ကျင်းပရေးဦးစီးကော်မတီ၏ လျှောက်ထားလွှာကို ဓမ္မဒူတဝေယျာဝစ္စအဖွဲ့ နာယက ဦးစံငြိမ်းကလျှောက်ထားတင်ပြသည်။ ၎င်းနောက် အစည်းအဝေးသဘာပတိ ဝိဇောတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇ္ဇောတ၏နိဂုံးချုပ် သြဝါဒကထာကိုနာယူကြည်ညိုကြပြီး သီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒ မာလာဘိဝံသရေးသားပူဇော်အပ်သော အစည်းအဝေးကြီး အခမ်းအနားသိမ်းအောင်သြဘာစာကို မုံရွာမြို့၊ သဒ္ဓမ္မ ဇောတကသုဗောဓာရုံကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ တိပိဋကကောဝိဒ အရှင်အဘိဇာတာလင်္ကာရာ ဘိဝံသကဖတ်ကြားပူဇော်သည်။ ထို့နောက် ဇယန္တော ဗောဓိယာ မူလေ စသောနှစ်ဂါထာကို သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအားအောင်မြင်စွာရုပ်သိမ်းလိုက်သည်။

ထို့နောက် တပ္မေတာ္ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် ဘုရားကြီး၏ မေတ္တာစေတနာကြီးမားစွာဖြင့် ခွင့်ပြုမှုကြောင့် သုံးကြိမ်တိုင်တိုင်ကျင်းပခွင့်ရသော ဗုဒ္ဓသာသနာတော် လုံးဆိုင်ရာ ရွှေကျင်နိကာယအစည်းအဝေးကြီးများအောင်မြင်မှုအထိမ်းအမှတ်အဖြစ် တည်ထောင်ဆောက်လုပ်ခဲ့သော ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်ကြီး တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။