တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း(ဆင်ဖြူရှင်)ပထမပိုင်း လေ့ကျင့်ဆောင်ရွက်နေမှုများအားကြည့်ရှု

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ ၂

ႏုိင္ငံေတာ္လုံၿခဳံေရးႏွင့္ကာကြယ္ေရးအတြက္ရည္မွန္း၍ သမား႐ုိးက်စစ္ပြဲမ်ား ဆင္ႏႊဲႏုိင္သည့္ စြမ္းရည္ျမင့္မားလာေစရန္အတြက္ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္ ပုသိမ္တပ္နယ္တြင္ ေလ့က်င့္ေဆာင္ရြက္လ်က္ရွိသည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ပူးေပါင္းစစ္ဆင္ေရးေလ့က်င့္ခန္း(ဆင္ျဖဴရွင္) ေလ့က်င့္ေဆာင္ရြက္ေနမႈမ်ားကုိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ၾကည့္႐ႈစစ္ေဆးသည္။

အဆုိပါေလ့က်င့္ခန္းသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)လက္႐ုံးတပ္ဖြဲ႕မ်ားမွ တပ္မေတာ္သားမ်ား၊ ျပည္တြင္းသတင္းမီဒီယာမ်ားမွသတင္းေထာက္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ပုသိမ္တပ္နယ္ရွိ နယ္ေျမခံသင္တန္းေက်ာင္းအစည္းအေ၀းခန္းမ၌ ေလ့က်င့္ခန္းအဖြဲ႕ေခါင္းေဆာင္ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ေတဇေက်ာ္က ျဖစ္စဥ္အေၾကာင္းအရာအဖြင့္အား PowerPoint ၊ သဲေျမပုံမ်ားျဖင့္ရွင္းလင္းတင္ျပၿပီး တုိက္စစ္ႏႈတ္မိန္႔ေပးမႈ၊ သက္ဆုိင္ရာ ၾကည္း၊ေရ၊ေလ တပ္မမွဴးမ်ား၏ မိမိတုိ႔ႏွင့္သက္ဆုိင္သည့္ေလ့က်င့္ခန္းမ်ားအား တုိက္စစ္ႏႈတ္မိန္႔ေပးမႈႏွင့္ ေပါင္းစပ္ေဆာင္ရြက္မည့္အစီအမံမ်ားအား ရွင္းလင္းတင္ျပမႈတုိ႔ကုိၾကည့္႐ႈၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ Joint Operation Command Center အတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးရာတာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ပူးေပါင္းစစ္ဆင္ေရးေလ့က်င့္ခန္း(ဆင္ျဖဴရွင္)မွ ေျခလ်င္၊ သံခ်ပ္ကာပူးေပါင္း၍ တပ္ရင္းအဆင့္တုိက္စစ္ေလ့က်င့္ခန္းျပဳလုပ္ေနမႈအား ၾကည့္႐ႈၾကသည္။

ယင္းေလ့က်င့္ခန္းတြင္ ရဟတ္ယာဥ္ျဖင့္အေျမာက္ခ်ိတ္ဆြဲေရႊ႕ေျပာင္းျခင္း၊ ေျခလ်င္၊ တင့္ပူးေပါင္း၍ ရန္သူကုိေခ်မႈန္းတုိက္ခိုက္ၿပီးရည္မွန္းခ်က္ကုိ သိမ္းပုိက္ျခင္းမ်ား ေဆာင္ရြက္ေလ့က်င့္ခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္မအဆင့္ တုိက္စစ္ ျပဳလုပ္မည့္႐ႈရပ္သုိ႔ေရာက္ရွိၾကၿပီး ေလ့က်င့္ခန္းျပဳလုပ္မႈအား ၾကည့္႐ႈစစ္ေဆးသည္။ ယင္းေလ့က်င့္ခန္းတြင္ အတြဲလုိက္ဒုံးမ်ားပစ္ခတ္ျခင္း၊ တပ္မေတာ္(ေလ)မွ တုိက္ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားျဖင့္ ရန္သူ႕ပစ္မွတ္အသီးသီးအားႀကိဳတင္ေခ်မႈန္းျခင္း၊ ေျခလ်င္တပ္မ်ားက ထုိးေဖာက္၀င္ေရာက္၍ ရန္သူကုိေခ်မႈန္းတုိက္ခိုက္ၿပီး ရည္မွန္းခ်က္အသီးသီးအား သိမ္းပုိက္ျခင္းေလ့က်င့္မႈကုိ ေဆာင္ရြက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္ေျမျပင္ေထာက္ပံ့ေရးစခန္းမ်ားႏွင့္ ေရြ႕လ်ားစစ္ေျမျပင္ေဆး႐ုံတပ္စု ကုတင္-၂၀ တုိ႔အားလွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္မ်ား ေဆြးေႏြးမွာၾကားသည္။

တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ပူးေပါင္းစစ္ဆင္ေရး ဒုတိယပုိင္းေလ့က်င့္ခန္းအား ေဖေဖၚ၀ါရီ ၃ ရက္ေန႔တြင္ ဆက္လက္ေလ့က်င့္ေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း(ဆင်ဖြူရှင်)ပထမပိုင်း လေ့ကျင့်ဆောင်ရွက်နေမှုများအားကြည့်ရှု

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂

နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက်ရည်မှန်း၍ သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်သည့် စွမ်းရည်မြင့်မားလာစေရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်တွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း(ဆင်ဖြူရှင်) လေ့ကျင့်ဆောင်ရွက်နေမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါလေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း၊ရေ၊လေ)လက်ရုံးတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ပြည်တွင်းသတင်းမီဒီယာများမှသတင်းထောက်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုသိမ်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ လေ့ကျင့်ခန်းအဖွဲ့ခေါင်းဆောင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က ဖြစ်စဉ်အကြောင်းအရာအဖွင့်အား PowerPoint ၊ သဲမြေပုံများဖြင့်ရှင်းလင်းတင်ပြပြီး တိုက်စစ်နှုတ်မိန့်ပေးမှု၊ သက်ဆိုင်ရာ ကြည်း၊ရေ၊လေ တပ်မမှူးများ၏ မိမိတို့နှင့်သက်ဆိုင်သည့်လေ့ကျင့်ခန်းများအား တိုက်စစ်နှုတ်မိန့်ပေးမှုနှင့် ပေါင်းစပ်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြမှုတို့ကိုကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Joint Operation Command Center အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း၊ရေ၊လေ)ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း(ဆင်ဖြူရှင်)မှ ခြေလျင်၊ သံချပ်ကာပူးပေါင်း၍ တပ်ရင်းအဆင့်တိုက်စစ်လေ့ကျင့်ခန်းပြုလုပ်နေမှုအား ကြည့်ရှုကြသည်။

ယင်းလေ့ကျင့်ခန်းတွင် ရဟတ်ယာဉ်ဖြင့်အမြောက်ချိတ်ဆွဲရွှေ့ပြောင်းခြင်း၊ ခြေလျင်၊ တင့်ပူးပေါင်း၍ ရန်သူကိုချေမှုန်းတိုက်ခိုက်ပြီးရည်မှန်းချက်ကို သိမ်းပိုက်ခြင်းများ ဆောင်ရွက်လေ့ကျင့်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မအဆင့် တိုက်စစ် ပြုလုပ်မည့်ရှုရပ်သို့ရောက်ရှိကြပြီး လေ့ကျင့်ခန်းပြုလုပ်မှုအား ကြည့်ရှုစစ်ဆေးသည်။ ယင်းလေ့ကျင့်ခန်းတွင် အတွဲလိုက်ဒုံးများပစ်ခတ်ခြင်း၊ တပ်မတော်(လေ)မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရန်သူ့ပစ်မှတ်အသီးသီးအားကြိုတင်ချေမှုန်းခြင်း၊ ခြေလျင်တပ်များက ထိုးဖောက်ဝင်ရောက်၍ ရန်သူကိုချေမှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက်အသီးသီးအား သိမ်းပိုက်ခြင်းလေ့ကျင့်မှုကို ဆောင်ရွက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မြေပြင်ထောက်ပံ့ရေးစခန်းများနှင့် ရွေ့လျားစစ်မြေပြင်ဆေးရုံတပ်စု ကုတင်-၂၀ တို့အားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး ဒုတိယပိုင်းလေ့ကျင့်ခန်းအား ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ဆက်လက်လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။