မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများပူးတွဲ၍ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတွင် သံဃာတော်အပါး(၁၀၀၀) အား ဆွမ်းဆန်တော် နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၄

ျမန္မာ့တပ္မေတာ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားပူးတြဲ၍ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး ရင္ျပင္ေတာ္ေပၚ၌ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေက်ာင္းတုိက္မ်ားမွ ဆရာေတာ္၊ သံဃာေတာ္ အပါး(၁၀၀၀) အားဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴပြဲ အခမ္းအနားက်င္းပျပဳလုပ္သည္။

အဆုိပါအခမ္းအနားသုိ႔ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕၊ မဟာ၀ိသုတာရာမေစ်းကုန္း ေက်ာင္းတုိက္ ပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ က၀ိသာရအမွဴးျပဳေသာ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္းရွိ ေက်ာင္းတုိက္မ်ားမွ ဆရာေတာ္၊ သံဃာေတာ္မ်ားၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwanႏွင့္ဇနီး Mrs. Jiraporn Srisuwan ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္ႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားသည္ မဟာ၀ိသုတာရာမ ေစ်းကုန္းေက်ာင္းတုိက္ ပဓာနနာယက အဘိဓဇ မဟာရ႒ဂု႐ု ဘဒၵႏၲက၀ိသာရအမွဴ ျပဳေသာ ဆရာေတာ္၊ သံဃာေတာ္အပါး(၁၀၀၀)အား ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားေလာင္းလွဴၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔သည္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။

ဆက္လက္ၿပီးျမန္မာ့တပ္မေတာ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္မိသားစုမ်ားပူးတြဲ၍ သံဃာေတာ္အပါး(၁၀၀၀)အား ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္ ေလာင္းလွဴျခင္း ေအာင္ပြဲမဂၤလာကုသုိလ္ေတာ္ အခမ္းအနားအား က်င္းပျပဳလုပ္ရာ ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မဟာ၀ိသုတာရာမ ေစ်းကုန္း ေက်ာင္းတုိက္ ပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ က၀ိသာရထံမွငါးပါးသီလခံယူေဆာက္တည္ၾကၿပီး ဆရာေတာ္သံဃာေတာ္မ်ားထံမွ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားနာယူၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသည့္ႏွစ္ႏုိင္ငံတပ္မေတာ္ အရာရွိႀကီးမ်ားက ဆရာေတာ္ႀကီးမ်ားအား လွဴဖြယ္ပစၥည္းမ်ား အသီးသီး ဆက္ကပ္လွဴဒါန္း ၾကသည္။

 

ယင္းေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး ေရႊစင္ေရႊျပားကပ္လွဴပူေဇာ္ရန္ႏွင့္ ဘက္စုံျပဳျပင္မြမ္းမံရန္အတြက္ အလွဴေငြမ်ားႏွင့္ မဟာပရဟိတမိဘမဲ့ ေဂဟာ(စမေတာင္)တုိ႔အတြက္အလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကၿပီး ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ထုိ႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မဟာ၀ိသုတာရာမ ေစ်းကုန္းေက်ာင္းတုိက္ ပဓာန နာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ က၀ိသာရထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးႏွင့္ အခမ္းအနားတက္ေရာက္လာၾကသည့္ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားသည္ မဟာ၀ိသုတာရာမ ေစ်းကုန္းေက်ာင္းတုိက္ ပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ က၀ိသာရအမွဴးျပဳေသာ ဆရာေတာ္ႀကီးမ်ားအားေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

အခမ္းအနားအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အခမ္းအနားတက္ေရာက္လာၾကသည့္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။

ယေန႔က်င္းပျပဳလုပ္သည္ျမန္မာ့တပ္မေတာ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ (ၾကည္း၊ ေရ၊ေလ)မိသားစုမ်ားပူးတြဲ၍ သံဃာေတာ္အပါး(၁၀၀၀)အား ဆြမ္းဆန္ေတာ္ႏွင့္လွဴဖြယ္ ပစၥည္းမ်ားလွဴဒါန္းျခင္းအခမ္းအနားသည္ ျမန္မာ့ တပ္မေတာ္ႏွင့္ထုိင္းဘုရင့္တပ္မေတာ္ ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈခုိင္ၿမဲသည့္ အထိမ္းအမွတ္မွတ္တုိင္ တစ္ရပ္အျဖစ္ ပထမဦးဆုံးအႀကိမ္က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အခမ္းအနားသုိ႔ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အင္အား ၁၂၀ ေက်ာ္တက္ေရာက္ခဲ့ သည္။ အဆုိပါထုိင္းဘုရင့္တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕သည္ မႏၲေလးၿမိဳ႕ရွိ မဟာျမတ္မုနိ ဘုရားႀကီးႏွင့္ မႏၲေလးေတာင္ေတာ္သုိ႔သြားေရာက္ဖူးေျမာ္သြားမည္ျဖစ္သည္။

(Unicode Version)

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများပူးတွဲ၍ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတွင် သံဃာတော်အပါး(၁၀၀၀) အား ဆွမ်းဆန်တော် နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၄

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများပူးတွဲ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အပါး(၁၀၀၀) အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမစျေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအမှူးပြုသော နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwanနှင့်ဇနီး Mrs. Jiraporn Srisuwan ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများသည် မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရအမှူး ပြုသော ဆရာတော်၊ သံဃာတော်အပါး(၁၀၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများလောင်းလှူကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ သည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီးမြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်မိသားစုများပူးတွဲ၍ သံဃာတော်အပါး(၁၀၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လောင်းလှူခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်း အနားအား ကျင်းပပြုလုပ်ရာ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာဝိသုတာရာမ စျေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရထံမှငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များနာယူကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး နှင့် အခမ်းအနား တက်ရောက် လာကြသည့်နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် အတွက်အလှူငွေများနှင့် မဟာပရဟိတမိဘမဲ့ ဂေဟာ(စမတောင်)တို့အတွက်အလှူငွေ များပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသည့်နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများသည် မဟာဝိသုတာရာမ စျေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအမှူးပြုသော ဆရာတော်ကြီးများ အားနေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။

အခမ်းအနားအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ယနေ့ကျင်းပပြုလုပ်သည်မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ ရေ၊လေ)မိသားစုများပူးတွဲ၍ သံဃာတော်အပါး(၁၀၀၀)အား ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားသည် မြန်မာ့ တပ်မတော်နှင့်ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုခိုင်မြဲသည့် အထိမ်းအမှတ်မှတ်တိုင် တစ်ရပ်အဖြစ် ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အင်အား ၁၂၀ ကျော်တက်ရောက်ခဲ့ သည်။ အဆိုပါထိုင်းဘုရင့်တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီးနှင့် မန္တလေးတောင်တော်သို့သွားရောက် ဖူးမြော်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။