တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ(Singapore Airshow 2018) တတိယနေ့ ဆက်လက်ကြည့်ရှု

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၈

စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ၏ ဖိတ္ၾကားခ်က္အရ စင္ကာပူေလေၾကာင္း ျပပြဲ (Singapore Airshow 2018) သုိ႔တက္ေရာက္ရန္အတြက္ စင္ကာပူႏုိင္ငံသုိ႔ေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ဆန္းၫြန္႔ဦးႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ Changi Exhibition Centre ၌ က်င္းပျပဳလုပ္လ်က္ရွိသည့္ စင္ကာပူေလေၾကာင္းျပပြဲ (Singapore Airshow 2018) တတိယေန႔အား ဆက္လက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ Changi Exhibition Centre အတြင္း ႏုိင္ငံအလိုက္ကုမၸဏီမ်ားမွျပသထားသည့္ျပခန္းမ်ားႏွင့္ အဆင့္ျမင့္နည္းပညာသုံး ကာကြယ္ေရးအသုံးအေဆာင္ပစၥည္းျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ခင္းက်င္းျပသထားသည့္ တုိက္ခုိက္ေရး ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ ေမာင္းသူမဲ႔ေလယာဥ္မ်ားႏွင့္ သယ္ယူပုိ႔ေဆာင္ေရးေလယာဥ္မ်ားအား လုိက္လံၾကည့္႐ႈေလ့လာၾကသည္။ ထုိ႔ေနာက္ ေလယာဥ္အလွျပပ်ံသန္းေမာင္းႏွင္မႈႏွင့္ စြမ္းရည္သ႐ုပ္ျပပ်ံသန္း ေမာင္းႏွင္မႈမ်ားအား ၾကည့္႐ႈခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ(Singapore Airshow 2018) တတိယနေ့ ဆက်လက်ကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ၏ ဖိတ်ကြားချက်အရ စင်ကာပူလေကြောင်း ပြပွဲ (Singapore Airshow 2018) သို့တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Changi Exhibition Centre ၌ ကျင်းပပြုလုပ်လျက်ရှိသည့် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တတိယနေ့အား ဆက်လက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် Changi Exhibition Centre အတွင်း နိုင်ငံအလိုက်ကုမ္ပဏီများမှပြသထားသည့်ပြခန်းများနှင့် အဆင့်မြင့်နည်းပညာသုံး ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် တိုက်ခိုက်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များအား လိုက်လံကြည့်ရှုလေ့လာကြသည်။ ထို့နောက် လေယာဉ်အလှပြပျံသန်းမောင်းနှင်မှုနှင့် စွမ်းရည်သရုပ်ပြပျံသန်း မောင်းနှင်မှုများအား ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။