တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ – ၁၀

စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ၏ ဖိတ္ၾကားခ်က္အရ စင္ကာပူႏုိင္ငံတြင္ က်င္းပျပဳလုပ္လ်က္ရွိသည့္ စင္ကာပူေလေၾကာင္းျပပြဲ Singapore Airshow 2018 သုိ႔ တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔မြန္းလြဲပုိင္းတြင္ စင္ကာပူႏုိင္ငံ၊ ခ်န္ဂီအျပည္ျပည္ဆုိင္ရာေလဆိပ္မွ ျပန္လည္ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕အား စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးေဌးေအာင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ဆန္းၫြန္႔ဦးႏွင့္ စင္ကာပူတပ္မေတာ္မွအရာရွိႀကီးမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ညေနပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သုိ႔ ျပန္လည္ေရာက္ရွိၾကရာ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာစင္ကာပူႏုိင္ငံသံ႐ုံး ဒုတိယအႀကီးအကဲ Mr. Koh Chee Chian ႏွင့္တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ အဖြဲ႕၀င္အျဖစ္လုိက္ပါသြားသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားျပန္လည္ လုိက္ပါလာခဲ့ၾကသည္။

ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္း၊ စင္ကာပူေလေၾကာင္းျပပြဲ Singapore Airshow 2018 သုိ႔ တက္ေရာက္ၾကည့္႐ႈေလ့လာျခင္းႏွင့္ စင္ကာပူဆိပ္ကမ္းသုိ႔ သြားေရာက္ၾကည့္႐ႈေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဖေဖေါ်ဝါရီ  ၁၀

စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ၏ဖိတ်ကြားချက် အရ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် စင်ကာပူလေကြောင်းပြပွဲ Singapore Airshow 2018 သို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် စင်ကာပူတပ်မတော်မှအရာရှိ ကြီးများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူနိုင်ငံသံရုံး ဒုတိယအကြီး အကဲ Mr. Koh Chee Chian နှင့်တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများပြန်လည် လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ စင်ကာပူလေကြောင်းပြပွဲ Singapore Airshow 2018 သို့တက်ရောက် ကြည့်ရှု လေ့လာခြင်းနှင့် စင်ကာပူဆိပ်ကမ်းသို့သွားရောက်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။