Telecom International Myanmar Company Limited (Mytel) ၏ First Call Announcement အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၁

(၇၁)ႏွစ္ေျမာက္ျပည္ေထာင္စုေန႔အား ႀကိဳဆုိဂုဏ္ျပဳေသာအားျဖင့္ ျမန္မာ-ဗီယက္နမ္ ပူးေပါင္းေဆာင္ရြက္သည့္ ျမန္မာႏုိင္ငံ၏ စတုတၳေျမာက္ေအာ္ပေရတာ တစ္ခုျဖစ္ေသာ Telecom International Myanmar Company Limited(Mytel) ၏ First Call Announcement အခမ္းအနားကုိ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ Kempinski Hotel ၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္သည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ႏုိင္ငံသံအမတ္ႀကီး H.E. Dr. Luan Thuy Duong ၊ Telecom International Myanmar Company Limited (Mytel) ဥကၠ႒ ဦးခင္ေမာင္စုိးႏွင့္ တာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ မိမိတုိ႔ႏုိင္ငံတြင္ ျပဳျပင္ေျပာင္းလဲေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားကုိ ပြင့္လင္းျမင္သာမႈရွိစြာ ေဆာင္ရြက္ခဲ့ရာတြင္ ျပည္ပေအာ္ပေရတာႏွစ္ခုျဖစ္သည့္ Ooredoo Myanmar Ltd ၊ Telenor Myanmar Ltd ႏွင့္ ျပည္တြင္းေအာ္ပေရတာမ်ားျဖစ္သည့္ MPT ႏွင့္ KDDI Summit Global Myanmar Company Limited တုိ႔အား ဆက္သြယ္ေရး၀န္ေဆာင္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ရန္ အေကာင္အထည္ေဖာ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္ တုိးတက္လ်က္ရွိေသာ လူဦးေရႏွင့္ ပညာရွင္မ်ား၏အႀကံျပဳခ်က္မ်ားအရ စတုတၳေအာ္ပေရတာ ျဖစ္ေပၚလာေရးေဆာင္ရြက္ခဲ့ၿပီးေနာက္ Telecom International Myanmar Company Limited (Mytel) အား စတုတၳေျမာက္ ႏုိင္ငံအ၀ွမ္းေအာ္ပေရတာအျဖစ္ လုပ္ေဆာင္ႏုိင္ရန္အတြက္ (Nationwide Telecommunication License)အား သေဘာတူခြင့္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း၊ စတုတၳေျမာက္ဆက္သြယ္ေရး ၀န္ေဆာင္မႈ လုပ္ငန္းအတြက္ ျပည္ပဆက္သြယ္ေရးကုမၸဏီျဖစ္ေသာ Viettel Global Investment Joint Stock Company Limited ႏွင့္ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္းပုိင္ Star High Company ႏွင့္ MNTH Public Limited တုိ႔သည္ Joint Venture Agreement ကုိ ၂၀၁၆ ခုႏွစ္တြင္ လက္မွတ္ေရးထုိးႏုိင္ခဲ့ၿပီးေနာက္ ၁ ႏွစ္ႏွင့္ ၅ လအတြင္း လုပ္ငန္းမ်ားစတင္ႏုိင္ျခင္းသည္ ႏွစ္ဖက္အဖြဲ႕အစည္းမ်ားကုိ ေစတနာအျပည့္ထားၿပီး စိတ္အား ထက္သန္စြာ ေဆာင္ရြက္မႈ၏ရလဒ္ျဖစ္ေၾကာင္း၊ ရွိၿပီးျဖစ္သည့္ MECTel ၏ အေျခခံအဆာက္အဦမ်ားကုိ စနစ္တက် တုိးျမႇင့္ေဆာင္ရြက္ႏုိင္ခဲ့ျခင္းသည္လည္း အဓိကအခ်က္တစ္ခုလည္းျဖစ္ပါေၾကာင္း၊ ဆက္သြယ္ေရး လုပ္ငန္းသည္ ႏုိင္ငံတစ္ခု၏ ဖြံ႕ၿဖိဳးတုိးတက္မႈကုိ အေထာက္အကူျပဳသည့္ အဓိကလုပ္ငန္းမ်ားတြင္ ပါ၀င္ေၾကာင္း၊ ျပည္တြင္း၊ ျပည္ပ အခ်ိန္ႏွင့္တစ္ေျပးညီ ေကာင္းမြန္စြာ ဆက္သြယ္ေျပာဆုိ လုပ္ကုိင္ႏုိင္ျခင္းျဖင့္ လူမႈစီးပြားမ်ား လ်င္ျမန္စြာတုိးတက္လာမည္ျဖစ္ေၾကာင္း၊ ဆက္သြယ္မႈေကာင္းမြန္ျခင္းျဖင့္ လူ႕ဘ၀တုိးတက္မႈ အတြက္အသုံးခ်သကဲ့သို႔ တာ၀န္ရွိသူမ်ားကလည္း ဆက္သြယ္ေရးလုံၿခဳံမႈကုိ ဂ႐ုျပဳသြားရန္လုိေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး ယခုအခါစတုတၳေအာ္ပေရတာျဖစ္သည့္ Mytel အေနျဖင့္ ျပည္တြင္း ဆက္သြယ္ေရး က႑တြင္သာမက ျပည္ပေအာ္ပေရတာမ်ားႏွင့္လည္း ခ်ိတ္ဆက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ Corporate Social Responsibility (CSR) လုပ္ငန္းမ်ားအေနျဖင့္လည္း Free Internet မ်ား၊ Multi Media မ်ားႏွင့္ Tele-Center မ်ားေဆာင္ရြက္ေပးျခင္း၊ အဖြဲ႕အစည္းမ်ားအတြင္း Video Conferences မ်ား ေဆာင္ရြက္ေပးျခင္း၊ Operation Smile အမည္ျဖင့္ Charity Program မ်ားေဆာင္ရြက္ေပးျခင္း စသည့္ျပည္သူ႕အက်ိဳးျပဳ လုပ္ငန္းမ်ားအား ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ အျခားလုပ္ငန္းတူ ဆက္သြယ္ေရး၀န္ေဆာင္မႈက႑ မ်ားတြင္လည္း လက္တြဲၿပီးအေကာင္းဆုံး ကူညီပံ့ပုိးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ Mytel ၏ ဖြံ႕ၿဖိဳးတုိးတက္မႈႏွင့္အတူ ျမန္မာ့လူမႈပတ္၀န္းက်င္ ပုိမုိတုိးတက္သည္ထက္ တုိးတက္ေကာင္းမြန္ေအာင္ ျဖည့္ဆည္းေထာက္ပံ့ ေပးသြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ယေန႔ျမန္မာ-ဗီယက္နမ္ ပူးေပါင္းေဆာင္ရြက္ခဲ့သည့္ Telecom International Myanmar Company Limited(Mytel)အား စတင္ၿပီး ဆက္သြယ္ေရးကြန္ယက္ တည္ေထာင္ႏုိင္ခဲ့ကာ မဂၤလာရွိေသာ First Call Announcement Ceremony အခမ္းအနားကုိ က်င္းပႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ေအာင္ျမင္စြာ က်င္းပႏုိင္ရန္အတြက္ ပံ့ပုိးကူညီေပးခဲ့ၾကသည့္ ပုိ႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး ၀န္ႀကီးဌာန၀န္ႀကီးႏွင့္ ဌာနဆုိင္ရာမ်ား၊ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီး၊ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီး၊ MIC ဥကၠ႒၊ MIC အတြင္းေရးမွဴးႏွင့္ ဌာနဆုိင္ရာမ်ား၊ ျပည္နယ္ႏွင့္ တုိင္းေဒသအသီးသီးရွိ ၀န္ႀကီးခ်ဳပ္မ်ားႏွင့္ အစုိးရအဖြဲ႕၀င္၀န္ႀကီးမ်ား၊ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးဌာန ႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန၀န္ႀကီး၊ ျမန္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ႏုိင္ငံ သံအမတ္ႀကီး၊ Viettel Group ဥကၠ႒ႏွင့္ တာ၀န္ရွိသူမ်ား အားလုံးေက်းဇူးတင္ရွိပါေၾကာင္း၊ ယေန႔တြင္ (၇၁)ႏွစ္ေျမာက္ျပည္ေထာင္စုေန႔ကုိ ဂုဏ္ျပဳႀကိဳဆုိေသာ အားျဖင့္ Telecom International Myanmar Company Limited(Mytel) ဆက္သြယ္ေရးကြန္ယက္ကုိ စတင္ ဖြင့္လွစ္မည့္မဂၤလာရွိေသာ First Call Announcement Ceremony အခမ္းအနားကုိ က်င္းပႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ေဆာင္ရြက္ႏုိင္ခဲ့ျခင္းသည္ ျမန္မာႏုိင္ငံ ဆက္သြယ္ေရးက႑အတြက္ ေအာင္ျမင္မႈတစ္ခုျဖစ္သည့္အျပင္ ႏုိင္ငံအေနျဖင့္လြန္စြာအက်ိဳးရွိသည့္ ဆက္သြယ္ေရး၀န္ေဆာင္ရြက္မႈ၊ IT ၀န္ေဆာင္မႈမ်ားကုိ အေထာက္အကူျပဳ ေဆာင္ရြက္ေပးႏုိင္မည္ျဖစ္ပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ Telecom International Myanmar Company Limited (Mytel) ဥကၠ႒ဦးခင္ေမာင္စုိးက ႀကိဳဆုိႏႈတ္ခြန္းဆက္စကားေျပာၾကားကာ စီမံကိန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား PowerPoint ျဖင့္ ရွင္းလင္းတင္ျပသည္။ ဆက္လက္၍ Telecom International Myanmar Company Limited (Mytel) ဥကၠ႒ဦးခင္ေမာင္စုိး ႏွင့္ CEO Mr. Nguyen Thanh Nam တုိ႔က Mytel Network အသင့္ျဖစ္ေနမႈအား အသိေပးေၾကျငာရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ျပည္ေထာင္စု ၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဦးသန္႔စင္ေမာင္၊ ဦး၀င္းခုိင္နွင့္ ဦးေက်ာ္၀င္း၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျမန္္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ႏိုင္ငံ သံအမတ္ႀကီး H.E. Dr. Luan Thuy Duong ၊ Telecom International Myanmar Company Limited (Mytel) ဥကၠ႒ဦးခင္ေမာင္စုိးႏွင့္ CEO Mr. Nguyen Thanh Nam တို႔က Mytel Network အားစက္ခလုတ္ႏွိပ္၍ ခ်ိတ္ဆက္မႈေဆာင္ရြက္ေပးၾကသည္။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗီယက္နမ္ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich ထံ Mytel Network ျဖင့္ Video Call ျဖင့္ဆက္သြယ္ေခၚဆုိ၍ ႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြ၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္တုိ႔အား Video Call ျဖင့္ဆက္သြယ္ေခၚဆုိသည္။ ထုိ႔ေနာက္ ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္က Mytel ရန္ကုန္႐ုံးခြဲဒါ႐ုိက္တာအား Mytel Network ျဖင့္ Video Call ေခၚဆုိမႈအား ႐ုပ္ပုံႏွင့္အရည္အေသြး ေကာင္းမြန္စြာျဖင့္ ျပဳလုပ္သည္။

၎ေနာက္ Telecom International Myanmar Company Limited (Mytel) ဥကၠ႒ဦးခင္ေမာင္စုိး၊ CEO Mr. Nguyen Thanh Nam တို႔က Telecom International Myanmar Company Limited(Mytel)၏ First Call Announcement အခမ္းအနားအထိမ္းအမွတ္တံဆိပ္ႏွင့္ လက္ေဆာင္ပစၥည္းမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသည့္ ဧည့္သည္ေတာ္မ်ားအားေပးအပ္ၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Telecom International Myanmar Company Limited(Mytel) မွျပသထားသည့္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။ Telecom International Myanmar Company Limited (Mytel) ၏ Nationwide Telecom လုိင္စင္ကုိ ၂၀၁၇ ခုႏွစ္၊ ဇန္န၀ါရီလ ၁၂ ရက္ေန႔တြင္ ရရွိခဲ့ၿပီး ျမန္မာ-ဗီယက္နမ္ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္ႏုိင္ျခင္းျဖစ္သည္။ ျမန္မာဘက္မွ ပုဂၢလိကအမ်ားပုိင္အဖြဲ႕(၁၁)ဖြဲ႕ ပါ၀င္ဖြဲ႕စည္းထားရွိၿပီးအစုရွယ္ရာ ၅၁ ရာခုိင္ႏႈန္းပါ၀င္္သည္။

(Unicode Version)

Telecom International Myanmar Company Limited (Mytel) ၏ First Call Announcement အခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

(၇၁)နှစ်မြောက်ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အော်ပရေတာ တစ်ခုဖြစ်သော Telecom International Myanmar Company Limited(Mytel) ၏ First Call Announcement အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. Luan Thuy Duong ၊ Telecom International Myanmar Company Limited (Mytel) ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ရာတွင် ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် Ooredoo Myanmar Ltd ၊ Telenor Myanmar Ltd နှင့် ပြည်တွင်းအော်ပရေတာများဖြစ်သည့် MPT နှင့် KDDI Summit Global Myanmar Company Limited တို့အား ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အကောင်အထည်ဖော်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုးတက်လျက်ရှိသော လူဦးရေနှင့် ပညာရှင်များ၏အကြံပြုချက်များအရ စတုတ္ထအော်ပရေတာ ဖြစ်ပေါ်လာရေးဆောင်ရွက်ခဲ့ပြီးနောက် Telecom International Myanmar Company Limited (Mytel) အား စတုတ္ထမြောက် နိုင်ငံအဝှမ်းအော်ပရေတာအဖြစ် လုပ်ဆောင်နိုင်ရန်အတွက် (Nationwide Telecommunication License)အား သဘောတူခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ စတုတ္ထမြောက်ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအတွက် ပြည်ပဆက်သွယ်ရေးကုမ္ပဏီဖြစ်သော Viettel Global Investment Joint Stock Company Limited နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် MNTH Public Limited တို့သည် Joint Venture Agreement ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် ၁ နှစ်နှင့် ၅ လအတွင်း လုပ်ငန်းများစတင်နိုင်ခြင်းသည် နှစ်ဖက်အဖွဲ့အစည်းများကို စေတနာအပြည့်ထားပြီး စိတ်အား ထက်သန်စွာ ဆောင်ရွက်မှု၏ရလဒ်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် MECTel ၏ အခြေခံအဆာက်အဦများကို စနစ်တကျ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ခြင်းသည်လည်း အဓိကအချက်တစ်ခုလည်းဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အဓိကလုပ်ငန်းများတွင် ပါ၀င်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ အချိန်နှင့်တစ်ပြေးညီ ကောင်းမွန်စွာ ဆက်သွယ်ပြောဆို လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားများ လျင်မြန်စွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆက်သွယ်မှုကောင်းမွန်ခြင်းဖြင့် လူ့ဘဝတိုးတက်မှု အတွက်အသုံးချသကဲ့သို့ တာဝန်ရှိသူများကလည်း ဆက်သွယ်ရေးလုံခြုံမှုကို ဂရုပြုသွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ယခုအခါစတုတ္ထအော်ပရေတာဖြစ်သည့် Mytel အနေဖြင့် ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍတွင်သာမက ပြည်ပအော်ပရေတာများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Corporate Social Responsibility (CSR) လုပ်ငန်းများအနေဖြင့်လည်း Free Internet များ၊ Multi Media များနှင့် Tele-Center များဆောင်ရွက်ပေးခြင်း၊ အဖွဲ့အစည်းများအတွင်း Video Conferences များ ဆောင်ရွက်ပေးခြင်း၊ Operation Smile အမည်ဖြင့် Charity Program များဆောင်ရွက်ပေးခြင်း စသည့်ပြည်သူ့အကျိုးပြု လုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားလုပ်ငန်းတူ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ များတွင်လည်း လက်တွဲပြီးအကောင်းဆုံး ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Mytel ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြန်မာ့လူမှုပတ်ဝန်းကျင် ပိုမိုတိုးတက်သည်ထက် တိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ယနေ့မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် Telecom International Myanmar Company Limited(Mytel)အား စတင်ပြီး ဆက်သွယ်ရေးကွန်ယက် တည်ထောင်နိုင်ခဲ့ကာ မင်္ဂလာရှိသော First Call Announcement Ceremony အခမ်းအနားကို ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပံ့ပိုးကူညီပေးခဲ့ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာနဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ MIC ဥက္ကဋ္ဌ၊ MIC အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ၀န်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ Viettel Group ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အားလုံးကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တွင် (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် Telecom International Myanmar Company Limited(Mytel) ဆက်သွယ်ရေးကွန်ယက်ကို စတင် ဖွင့်လှစ်မည့်မင်္ဂလာရှိသော First Call Announcement Ceremony အခမ်းအနားကို ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍအတွက် အောင်မြင်မှုတစ်ခုဖြစ်သည့်အပြင် နိုင်ငံအနေဖြင့်လွန်စွာအကျိုးရှိသည့် ဆက်သွယ်ရေးဝန်ဆောင်ရွက်မှု၊ IT ၀န်ဆောင်မှုများကို အထောက်အကူပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် Telecom International Myanmar Company Limited (Mytel) ဥက္ကဋ္ဌဦးခင်မောင်စိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား Powerpoint ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ Telecom International Myanmar Company Limited (Mytel) ဥက္ကဋ္ဌဦးခင်မောင်စိုး နှင့် CEO Mr. Nguyen Thanh Nam တို့က Mytel Network အသင့်ဖြစ်နေမှုအား အသိပေးကြေငြာရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်ဝင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန််မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Luan Thuy Duong ၊ Telecom International Myanmar Company Limited (Mytel) ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် CEO Mr. Nguyen Thanh Nam တို့က Mytel Network အားစက်ခလုတ်နှိပ်၍ ချိတ်ဆက်မှုဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ထံ Mytel Network ဖြင့် Video Call ဖြင့်ဆက်သွယ်ခေါ်ဆို၍ နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်တို့အား Video Call ဖြင့်ဆက်သွယ်ခေါ်ဆိုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က Mytel ရန်ကုန်ရုံးခွဲဒါရိုက်တာအား Mytel Network ဖြင့် Video Call ခေါ်ဆိုမှုအား ရုပ်ပုံနှင့်အရည်အသွေး ကောင်းမွန်စွာဖြင့် ပြုလုပ်သည်။

၎င်းနောက် Telecom International Myanmar Company Limited (Mytel) ဥက္ကဋ္ဌဦးခင်မောင်စိုး၊ CEO Mr. Nguyen Thanh Nam တို့က Telecom International Myanmar Company Limited(Mytel)၏ First Call Announcement အခမ်းအနားအထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များအားပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Telecom International Myanmar Company Limited(Mytel) မှပြသထားသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ Telecom International Myanmar Company Limited (Mytel) ၏ Nationwide Telecom လိုင်စင်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရရှိခဲ့ပြီး မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ မြန်မာဘက်မှ ပုဂ္ဂလိကအများပိုင်အဖွဲ့(၁၁)ဖွဲ့ ပါ၀င်ဖွဲ့စည်းထားရှိပြီးအစုရှယ်ရာ ၅၁ ရာခိုင်နှုန်းပါ၀င််သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။