တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ျမန္မာႏုိင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆုိင္ရာ ဂ်ပန္အစိုးရ၏ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ Mr. Yohei SASAKAWA အားယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးဆုိင္ရာ ဂ်ပန္အစိုးရ၏ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္း ဥကၠ႒ ႏွင့္အတူအမႈေဆာင္ဒါ႐ုိက္တာ Mr. Yuji MORI ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ျမန္မာႏုိင္ငံ၏ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွ ေဆာင္ရြက္ေနမႈ အေျခအေန မ်ားႏွင့္ ဂ်ပန္ႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ေပးမႈအေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရးရရွိၿပီးျဖစ္သည့္ နယ္ေျမမ်ားတြင္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္ႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံအမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးဆုိင္ရာ ဂ်ပန္အစိုးရ၏ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္း ဥကၠ႒တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA အားယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့်အတူအမှုဆောင်ဒါရိုက်တာ Mr. Yuji MORI နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဂျပန်နိုင်ငံမှပါ၀င်ကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ ငြိမ်းချမ်းရေးရရှိပြီးဖြစ်သည့် နယ်မြေများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။