တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၃

ဒီကေန႔အခမ္းအနားကို တက္ေရာက္လာၾကတဲ့ နိုင္ငံေတာ္မွ တာဝန္ရွိ ပုဂၢိဳလ္မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအသီးသီးမွ ပုဂၢိဳလ္မ်ား၊ ျပည္တြင္းျပည္ပအဖြဲ႕အစည္းမ်ားမွ ဧည့္သည္ေတာ္မ်ား၊ ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီအကိုေမာင္ႏွမမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း၊ စိတ္၏ခ်မ္းသာျခင္းမ်ားနဲ႔ျပည့္စုံၿပီး ၿငိမ္းခ်မ္းသာယာရွိၾကပါေစေၾကာင္း ဦးစြာႏႈတ္ခြန္းဆက္သအပ္ပါတယ္။

ဒီကေန႔အခမ္းအနားဟာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)တြင္ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံးတို႔မွ ပါဝင္လက္မွတ္ေရးထိုးပြဲအခမ္းအနား ျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔အားလုံးရဲ့ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႀကီး ထာဝရၿငိမ္းခ်မ္းေရး အလင္းေရာင္ျခည္မ်ား ပိုမိုအားေကာင္းလာၿပီး နိုင္ငံေတာ္အတြင္း တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ေနၾကတဲ့ ျပည္ေထာင္စုဖြား တိုင္းရင္းသားညီအစ္ကို ျပည္သူအေပါင္း ႏွစ္ေထာင္းအားရ ဝမ္းေျမာက္ဝမ္းသာျဖစ္ၾကရတဲ့ ေန႔တစ္ေန႔ျဖစ္သလို ၂၀၁၈ ခုႏွစ္ရဲ႕ ႏွစ္သစ္အစ မဂၤလာဦး ထူးျမတ္တဲ့ ေန႔တစ္ေန႔ပဲျဖစ္ပါတယ္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ဟာ အားလုံးသိၾကတဲ့အတိုင္း ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သက္သက္မဟုတ္ဘဲ ဒီထက္ပိုမိုက်ယ္ျပန္႔ျမင့္မားတဲ့ ရည္ရြယ္ခ်က္ေတြ၊ တိုင္းရင္းသား ျပည္သူလူထုအားလုံးရဲ႕ လိုလားခ်က္ေတြကို လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ေပးႏုိင္မယ့္ စစ္မွန္ခိုင္မာတဲ့ ထာဝရၿငိမ္းခ်မ္းေရးလမ္းေၾကာင္းျဖစ္လို႔ ဒီလမ္းေၾကာင္းအတိုင္း ယုံၾကည္မႈရွိရွိ၊ အေျမာ္အျမင္ရွိရွိျဖင့္ ျမန္မာ ႏိုင္ငံေတာ္အတြင္း ဘိုး၊ ဘြား၊ ဘီ၊ ဘင္ကအစ ယခုထက္တိုင္ ေအးအတူပူအမၽွ အတူတကြ လက္တြဲေနထိုင္လာခဲ့ၾကတဲ့ တိုင္းရင္းသား ျပည္သူအားလုံးတို႔အတြက္ မွန္ကန္ရဲရင့္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ဆက္လက္ ေလၽွာက္လွမ္းၾကမယ့္ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး တို႔ကို ဝမ္းေျမာက္ဝမ္းသာ လွႈိက္လွဲေႏြးေထြးစြာႀကိဳဆိုပါေၾကာင္း ေျပာၾကား လိုပါတယ္။ ယခုလို ထာဝရၿငိမ္းခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္လာမႈအတြက္ ဒီသေဘာတူစာခ်ဳပ္မွာ ပါဝင္လက္မွတ္ေရးထိုးခဲ့ၾကၿပီးတဲ့ ညီေနာင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအတြက္ ယုံမွားသံသယစိတ္မ်ားနဲ႔ စိုးရိမ္ပူပန္မႈမ်ားကိုလည္း အေတာ္အတန္ ေလ်ာ့ပါးေစမွာျဖစ္သလို ပါဝင္လက္မွတ္ေရးထိုးဖို႔ က်န္ရွိေနေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း မ်ားအတြက္လည္း ဆုံးျဖတ္ခ်က္မမွားဘဲ ယုံယုံၾကည္ၾကည္၊ သံသယကင္းစြာျဖင့္ ဆက္လက္ပူးေပါင္းပါဝင္ ေဆာင္ရြက္လာၾကလိမ့္မယ္ ဆိုတဲ့ ေမၽွာ္လင့္ခ်က္ေတြကိုလည္း ျဖစ္ေပၚေစပါတယ္။

NCA ကို ေအာင္ျမင္စြာ လက္မွတ္ေရးထိုးနိုင္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ကေန စတင္ေရတြက္ရင္ စာခ်ဳပ္သက္တမ္းဟာ ဒီေန႔မွာ ၂ ႏွစ္နဲ႔ ၄ လရွိခဲ့ပါၿပီ။ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးကမ္းလွမ္း ဖိတ္ေခၚမႈစတင္ခဲ့တာျဖစ္လို႔ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈ ကာလဟာ ၆ ႏွစ္နဲ႔ ၆ လ ရွိၿပီျဖစ္ပါတယ္။ NCA ခ်ဳပ္ဆိုျခင္း(၂)ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားမွာ ကၽြန္ေတာ္ေျပာခဲ့သလို ပါဝင္လက္မွတ္ေရးထိုးထားၾကတဲ့ အဖြဲ႕မ်ားအေနနဲ႔ စာခ်ဳပ္ပါလုပ္သင့္လုပ္ထိုက္တဲ့၊ လုပ္ႏိုင္တာေတြကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ျခင္းအားျဖင့္ ၿငိမ္းခ်မ္းမႈရဲ႕ရလဒ္မ်ား၊ ၿငိမ္းခ်မ္းေရးရဲ႕အသီးအပြင့္မ်ားကို ရယူခံစားနိုင္ၾကဖို႔ ထပ္မံေဆာ္ၾသလိုၿပီး ပါဝင္လက္မွတ္ေရးထိုးဖို႔ က်န္ရွိေနေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအသီးသီးတို႔ကလည္း ဆက္လက္ပူးေပါင္း ပါဝင္လာၾကဖို႔ကို လက္ကမ္းႀကိဳဆိုလ်က္ရွိပါေၾကာင္းနဲ႔ ဒီေန႔အခမ္းအနားလို ျမင္ကြင္းမ်ိဳးကို အစိုးရ၊ ျပည္သူ၊ တပ္မေတာ္အားလုံးတို႔က မေဝးတဲ့အနာဂတ္မွာလည္း ဆက္လက္ၿပီးျမင္ေတြ႕ဖို႔ ေမၽွာ္လင့္ေနၾကေၾကာင္း ေျပာၾကားလိုပါတယ္။

NCA ျဖစ္ေပၚလာဖို႔အတြက္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ရယူလိုစိတ္နဲ႔ တစ္ဦးနဲ႔တစ္ဦး၊ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕၊ အဖြဲ႕အစည္းအသီးသီးအၾကားမွာ အျပန္အလွန္နားလည္မႈ၊ ယုံၾကည္မႈ၊ သေဘာတူညီမႈေတြရရွိေအာင္ စိတ္ရွည္သီးခံမႈေတြနဲ႔ အႀကိမ္ႀကိမ္ေတြ႕ဆုံ ေဆြးေႏြးညႇိႏိႈင္းလုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ NCA စာခ်ဳပ္ပါ သေဘာတူညီခ်က္ေတြဟာ တစ္ဦးတစ္ေယာက္၊ တစ္ဖြဲ႕တည္းက ေရးဆြဲထားတာမဟုတ္ဘဲ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရဲ့ ကနဦးအဆိုျပဳခ်က္ေတြအေပၚမွာ အေျခခံၿပီး အခန္းတစ္ခန္းခ်င္း၊ ပုဒ္မတစ္ခုခ်င္း၊ စာပိုဒ္တစ္ပိုဒ္ခ်င္း၊ စာလုံးအသုံးအႏႈန္း တစ္ခုခ်င္းကို အစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအားလုံး အေသးစိတ္အေက်အလည္ ေဆြးေႏြးညႇိႏွိုင္း သေဘာတူေရးဆြဲထားတဲ့ စာခ်ဳပ္ ျဖစ္ပါတယ္။ NCA အတြက္ စတင္ေဆာင္ရြက္ခဲ့ရာမွာ ႀကိဳတင္သေဘာတူညီခ်က္ျဖစ္သည့္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီညြတ္မႈ မၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ျမဲေရးဟူေသာ ဒို႔တာဝန္အေရးသုံးပါး ကို ေရွ႕ရႈၿပီး ျပည္သူမ်ား၏ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းအတိုင္း ေလၽွာက္လွမ္းၾကမယ္ ဆိုတဲ့ အခ်က္ေတြကို ႀကိဳတင္သေဘာတူခဲ့ၿပီးမွ ေဆာင္ရြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

NCA ရဲ့အေျခခံမူမ်ား ဒုတိယအခ်က္မွာ “ျမန္မာႏိုင္ငံတြင္ သမိုင္းရွည္ၾကာျဖစ္ပြားခဲ့ေသာ လက္နက္ကိုင္ပဋိပကၡမ်ား အဆုံးသတ္ႏိုင္ရန္ ေဆြးေႏြးညႇိႏိႈင္းအေျဖရွာေရး၊ နိုင္ငံေရးျပႆနာကို စစ္ေရးနည္းျဖင့္ ေျဖရွင္းျခင္းမျပဳဘဲ ႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းမည့္ ႏိုင္ငံေရးယဥ္ေက်းမႈ သစ္တစ္ရပ္ထူေထာင္ၿပီး လက္နက္ကိုင္ပဋိပကၡ အဆုံးသတ္နိုင္ရန္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကို ဦးစြာေဆာင္ရြက္ရန္” ျဖစ္ပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔ဆိုရင္ ႏိုင္ငံတကာမွာ ျပဳလုပ္ေနက် ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားနဲ႔အညီ အဆင့္ဆင့္ မပ်က္မကြက္ ျပဳလုပ္ရမယ္ဆိုတာ ၿငိမ္းခ်မ္းေရးဆိုင္ရာ ျပည္ပနိုင္ငံမ်ားေလ့လာေရး အစီအစဥ္မ်ား၊ အခါအားေလ်ာ္စြာ သြားေရာက္ခဲ့ၾကတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ားလည္း လက္ေတြ႕အျပန္အလွန္ ေဆြးေႏြးမႈမ်ားမွတစ္ဆင့္ သိျမင္ခဲ့ၾကၿပီးလည္းျဖစ္၍ အထူးပင္ထပ္မံေျပာၾကားဖို႔ လိုမယ္မထင္မိပါ။ ဒီေနရာမွာ အခ်ိဳ႕အခ်ိဳ႕ေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရဲ့ ပုဂၢိဳလ္ေရးဆိုင္ရာ ခံစားခ်က္အခ်ိဳ႕တြင္ လုံျခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္း ကိစၥရပ္မ်ားဟာ လက္နက္ခ်ခိုင္းတယ္ဆိုတဲ့ မွားယြင္းစြာ မွတ္ယူၾကမႈေတြ၊ သံသယစိတ္ေတြ၊ မယုံၾကည္စိတ္ေတြ ျဖစ္ေပၚေနၾကတာကို ကၽြန္ေတာ္တို႔ ေတြ႕ျမင္ေနၾကရပါတယ္။ ဒါ့အျပင္ (NCA)ကို လက္မွတ္ေရးထိုးျခင္းဟာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနနဲ႔ အစိုးရနဲ႔ တပ္မေတာ္အေပၚ အေလၽွာ့ေပးျခင္းမဟုတ္ဆိုတဲ့ အယူအဆရွိသူေတြ၊ ပုဂၢိဳလ္ေရး ခံစားခ်က္ရွိသူအခ်ိဳ႕လည္း ေတြ႕ရွိရပါတယ္။ ဒီသံသယစိတ္ေတြ၊ မယုံၾကည္စိတ္ေတြ၊ စိုးရိမ္စိတ္ေတြကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအသီးသီးရဲ့ အဖြဲ႕ဝင္မ်ားအေနျဖင့္ မရွိၾကဖို႔၊ မထားၾကဖို႔လည္း ေျပာလိုပါတယ္။ ဒါ့အျပင္ အမွန္တကယ္ေတာ့ NCA မွာ လက္မွတ္ေရးထိုးျခင္းဟာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးစားပြဲဝိုင္းေပၚမွာ ၿငိမ္းခ်မ္းစြာ ေဆြးေႏြးအေျဖရွာတဲ့ ႏိုင္ငံေရးယဥ္ေက်းမႈတစ္ရပ္သာျဖစ္လို႔ ႏွစ္ေပါင္း ၆၀ ေက်ာ္ ၇၀ နီးပါး အေျဖရွာမရေသးတဲ့ ႏိုင္ငံေရး ျပႆနာမ်ားကို တစ္ဖက္ႏွင့္ တစ္ဖက္၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ စုေပါင္းေတြ႕ဆုံ ေဆြးေႏြးအေျဖရွာ ညႇိႏွိုင္းျခင္းပဲ ျဖစ္ပါတယ္။ ဒီမိုကေရစီစနစ္ရဲ့ ဆန္႔က်င္ဘက္ျဖစ္တဲ့ လက္နက္စြဲကိုင္ၿပီး မိမိတို႔ရဲ့လိုအင္ဆႏၵမ်ားကို ေတာင္းဆို၍မရေၾကာင္း နားလည္သေဘာေပါက္ၿပီး ႏွစ္ေပါင္း ၆၀ ေက်ာ္ ၇၀ နီးပါး လက္နက္ကိုင္လမ္းစဥ္အေပၚ သံေယာဇဥ္ အစြဲအလန္းကို ျဖတ္ေတာက္ပစ္ႏိုင္ဖို႔ အေကာင္းဆုံး အာမခံခ်က္ေပးနိုင္တဲ့ တစ္ခုတည္းေသာအရာကလည္း NCA စာခ်ဳပ္ပဲ ျဖစ္တယ္ဆိုတာ ေျပာၾကားလိုပါတယ္။ ဒီစာခ်ဳပ္ဟာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကို အစထားၿပီး ေရွ႕ဆက္လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ေတြကိုပါ တိတိက်က် ေဖာ္ျပထားတာျဖစ္ပါတယ္။ အဆင့္ဆင့္ေသာ လုပ္ငန္းစဥ္ေတြကို ေက်ာ္လြန္ျခင္းမရွိဘဲ တစ္ဆင့္ၿပီး တစ္ဆင့္ ရိုးရိုးသားသား၊ မွန္မွန္ကန္ကန္၊ တိတိက်က် အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမယ္ဆိုရင္ အခက္အခဲ မရွိႏိုင္ပါေၾကာင္း ေျပာၾကားလိုပါတယ္။ အေကာင္အထည္ေဖာ္ရာမွာလည္း သတိျပဳၾကရမဲ့ အဓိကအခ်က္ကေတာ့ နိုင္ငံတကာရဲ့ၿငိမ္းခ်မ္းေရး ေဆြးေႏြးေဆာင္ရြက္ခ်က္ျဖစ္စဥ္အတိုင္း “လုံျခဳံေရးဆိုင္ရာ ျပန္လည္ ေပါင္းစည္းျခင္းကိစၥရပ္” မ်ားမွာ ႀကိဳတင္ျပင္ဆင္စရာ ကိစၥရပ္မ်ားကို ျပင္ဆင္ထားဖို႔လိုပါတယ္။ ဒါ့အျပင္ NCA မွတစ္ဆင့္ ထာဝရၿငိမ္းခ်မ္းေရးဆီသို႔ လုပ္ငန္းစဥ္အဆင့္ဆင့္ကို အေကာင္အထည္ေဖာ္ရာတြင္လည္း အခ်ိန္သတ္မွတ္ခ်က္(Time Frame) တစ္ခု တိတိက်က် ညႇိႏႈိင္းထားရွိၿပီး လိုအပ္သလို ေဆြးေႏြးညႇိႏွိုင္း အေျဖရွာရင္း ေအာင္ျမင္စြာ ျဖတ္ေက်ာ္ၾကရမွာျဖစ္ပါတယ္။

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ကိစၥရပ္မ်ားအခန္းမွာ ပါရွိတဲ့ သေဘာတူညီခ်က္မ်ားအတိုင္း တိတိက်က် လိုက္နာမယ္ဆိုရင္ NCA လက္မွတ္ေရးထိုးၿပီး ေနာက္ပိုင္းကာလေတြမွာလည္း လက္နက္ကိုင္ပဋိပကၡ ဆိုတာ ထပ္မံျဖစ္ပြားစရာ အေၾကာင္းမရွိပါဘူး။ အကယ္၍ မေတာ္တဆ နားလည္မႈလြဲမွားၿပီး ပဋိပကၡအငယ္မ်ား ျဖစ္လာရင္လည္း ေျဖရွင္းရမယ့္အခ်က္ေတြ၊ နည္းလမ္းေတြကိုလည္း NCA မွာပဲ အတိအက် ျပ႒ာန္းထားျခင္းျဖစ္၍ လိုက္နာေဆာင္ရြက္သြားလၽွင္ မည္သည့္ျပႆနာမၽွ ျဖစ္လာစရာမရွိတာေတြ႕ရမွာပါ။ တပ္မေတာ္ဟာ ႏိုင္ငံေတာ္မွ ထုတ္ျပန္ထားတဲ့ တည္ဆဲဥပေဒမ်ား၊ တပ္မေတာ္အက္ဥပေဒမ်ား၊ နည္းဥပေဒမ်ားကို ေလးစားလိုက္နာ ေစာင့္ထိန္းရတာျဖစ္လို႔ အခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳး လုပ္ေဆာင္၍မရတဲ့အတြက္ NCA စာခ်ဳပ္ပါ အခ်က္မ်ား အတိုင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ စတင္စဥ္ကပင္ ခ်မွတ္ခဲ့တဲ့မူဝါဒ(၆)ရပ္အတိုင္း ေသြဖည္ျခင္းမရွိဘဲ တိတိက်က် ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ တည္ဆဲဥပေဒမ်ား၊ ခ်မွတ္ထားသည့္ မူဝါဒမ်ား၊ ထုတ္ျပန္ထားသည့္ အမိန္႔၊ ညႊန္ၾကားခ်က္မ်ားကို မလိုက္နာသူမ်ားကိုလည္း တိတိက်က်၊ မွန္မွန္ကန္ကန္ ေဖာ္ထုတ္အေရးယူေနတာလည္း ျဖစ္ပါတယ္။ NCA စာခ်ဳပ္နဲ႔ တပ္မေတာ္ရဲ့ ၿငိမ္းခ်မ္းေရးမူဝါဒ(၆)ရပ္ဟာ လက္နက္ကိုင္ လမ္းစဥ္မွသည္ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးမွသည္ စစ္မွန္ေသာ ဒီမိုကေရစီ ဖက္ဒရယ္စနစ္ကိုအေျခခံေသာ ျပည္ေထာင္စုျဖစ္ေစဖို႔ မည္သည့္အင္အားစုကိုမွ အက်ပ္အတည္း၊ အခက္အခဲမေတြ႕ရေအာင္ ျပည္သူလူထုရဲ့အက်ိဳးစီးပြား၊ ျပည္ေထာင္စုရဲ့ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ႏိုင္ေအာင္ လမ္းခင္းေပးထားျခင္းသာ ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔လည္း နိုင္ငံေတာ္အတြင္း ႏွစ္ေပါင္း ၆၀ ေက်ာ္ ၇၀ နီးပါး ျဖစ္ေပၚခဲ့တဲ့ နိုင္ငံေရးျပႆနာကို လက္နက္စြဲကိုင္ အၾကမ္းဖက္ ပဋိပကၡေျဖရွင္းမႈမွ နိုင္ငံေရးျပႆနာမ်ားကို နိုင္ငံေရးစားပြဲဝိုင္းေပၚမွာ ၿငိမ္းခ်မ္းစြာ ညႇိႏိႈင္းေဆြးေႏြး အေျဖရွာရင္း ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးအတြက္လည္းေကာင္း၊ နိုင္ငံေတာ္ႀကီး တည္ၿငိမ္ေအးခ်မ္းေရးမွတစ္ဆင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လည္းေကာင္း၊ စိတ္ရွည္သည္းခံၿပီး မဆုတ္မနစ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ေနတာဟာလည္း ယေန႔က်င္းပျပဳလုပ္သည့္ တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) တြင္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံးတို႔မွ ပါဝင္လက္မွတ္ ေရးထိုးပြဲအခမ္းအနားကို တက္ေရာက္လာၾကတဲ့ လူပုဂၢိဳလ္ အဖြဲ႕အစည္း အားလုံးအျပင္ နိုင္ငံေတာ္အတြင္းမွာ မွီတင္းေနထိုင္ၾကတဲ့ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး လိုလားေတာင္းတေနတဲ့ ထာဝရၿငိမ္းခ်မ္းေရးရရွိဖို႔နဲ႔ အမ်ားျပည္သူ ဆႏၵႏွင့္အညီ ျဖစ္ထြန္းေပၚေပါက္ၿပီးျဖစ္တဲ့ ပါတီစုံ ဒီမိုကေရစီစနစ္ ပိုမိုခိုင္မာေစေရးအတြက္ တပ္မေတာ္မွ ရိုးသားစြာျဖင့္ ယုံၾကည္ခ်က္၊ ေမၽွာ္လင့္ခ်က္ အျပည့္ျဖင့္ ထာဝရၿငိမ္းခ်မ္းေရး အေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈ လုပ္ငန္းမ်ားတြင္ တက္ႂကြစြာ ေဆာင္ရြက္ေနျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီေနာင္မ်ားအားလုံး နိုင္ငံေတာ္ႀကီးအတြက္ အရွည္ေမၽွာ္ေတြး ဝိုင္းဝန္း ပါဝင္ပူးေပါင္းေဆာင္ရြက္ၾကပါ လို႔လည္း ေျပာၾကားလိုပါတယ္။

ဒီမိုကေရစီက်င့္စဥ္မ်ားနဲ႔အညီ အဖြဲ႕အစည္းအသီးသီးရဲ့ လိုအင္ဆႏၵေတြကို ေဆြးေႏြးျခင္း၊ ညႇိႏွိုင္းျခင္းနည္းလမ္း မ်ားနဲ႔ ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ဖို႔ လမ္းဖြင့္ထားတာျဖစ္လို႔ ဒီလမ္းေၾကာင္းမ်ားကို လ်စ္လ်ဴရွုၾက၊ ေသြဖည္ၾကမယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ႏိုင္ငံေတာ္ရဲ့ တည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးဆီသို႔ ဦးတည္ရမယ့္ ဒီမိုကေရစီပန္းတိုင္ကို ေလၽွာက္လွမ္းရာမွာ ၾကန္႔ၾကာေနဦးမွာျဖစ္သလို အခ်ိန္ကာလ ၾကာျမင့္ေလေလ ႏိုင္ငံေတာ္နဲ႔ျပည္သူမ်ားရဲ့ လူမွႈအက်ိဳးစီးပြားဘဝမ်ားဟာလည္း နိုင္ငံတကာနဲ႔ ပခုံးခ်င္းယွဥ္ႏိုင္ဖို႔ ေဝးကြာေနဦးမွာပဲ ျဖစ္ပါတယ္။ တပ္မေတာ္ရဲ့ အဓိကတာဝန္ဟာ နိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ျဖစ္ပါတယ္။ နိုင္ငံေတာ္ ကာကြယ္ေရးဆိုတာ တိုင္းျပည္ကိုလုံျခဳံေအာင္လုပ္ဖို႔၊ ျပည္သူေတြရဲ့အသက္၊ အိုးအိမ္၊ စည္းစိမ္ကိုကာကြယ္ဖို႔၊ ဥပေဒနဲ႔ညီညြတ္တဲ့ ျပည္သူ႔ဆႏၵကို ကာကြယ္ဖို႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျပည္သူ႔ဆႏၵကိုဆန္႔က်င္ၿပီး ျပည္သူေတြ႕ရဲ႕ အသက္၊ အိုးအိမ္၊ စည္းစိမ္ကို ထိခိုက္ေစႏိုင္တဲ့ လုပ္ေဆာင္မႈမွန္သမၽွ ႏိုင္ငံေတာ္နဲ႔ျပည္သူ႔အက်ိဳးစီးပြားကို ဆန္႔က်င္ဖ်က္ဆီးေနတဲ့ လုပ္ရပ္မ်ားနဲ႔ အဖြဲ႕အစည္းမ်ားကို မိမိတို႔တပ္မေတာ္က ေပးအပ္ထားသည့္ တာဝန္ ဝတၱရားမ်ားနဲ႔ အညီေဆာင္ရြက္ၿပီး ျပည္သူ႔ဘက္က မားမားမတ္မတ္ ရပ္တည္ကာကြယ္ေစာင့္ေရွာက္သြားရမွာ ျဖစ္တယ္လို႔ အသိေပးေျပာၾကား လိုပါတယ္။

နိဂုံးခ်ဳပ္အေနျဖင့္ မ်က္ေမွာက္ေခတ္ကာလဟာ နည္းပညာမ်ား လ်င္ျမန္စြာ တိုးတက္ေျပာင္းလဲျဖစ္ေပၚေနၿပီး ေအးခ်မ္းတည္ၿငိမ္မႈရွိၿပီး ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ကမၻာ့ႏိုင္ငံမ်ားအမ်ားစုရဲ့ စီးပြားေရးဟာ လ်င္ျမန္စြာ အရွိန္အဟုန္ျပင္းစြာ ဖြံ႕ၿဖိဳးတိုးတက္ေနပါတယ္။ ဒါဟာ ေအးခ်မ္းတည္ၿငိမ္မႈမွသည္ ဖြံ႕ၿဖိဳးတိုးတက္မႈ ရလဒ္ဆိုတာ ျငင္းမရပါဘူး။ လက္ရွိအေျခအေနမွာ ကၽြန္ေတာ္တို႔နိုင္ငံအေနနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ လုံးဝမရွိဘဲ တည္ၿငိမ္ေအးခ်မ္းမႈရွိမယ္ဆိုရင္ေတာင္မွ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မွုမွာ အျခားနိုင္ငံေတြကိုမီေအာင္၊ ရင္ေဘာင္တန္းႏိုင္ေအာင္ မ်ားစြာ ႀကိဳးစား႐ုန္းကန္ရဦးမွာ ျဖစ္ပါတယ္။ တည္ၿငိမ္ေအးခ်မ္းမႈ မရွိဘူးဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ျပည္သူမ်ားရဲ့ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္မွႈ အနာဂတ္ျမင္ကြင္းေတြဟာလည္း ေဝဝါးမႈန္ရီေနဦးမွာပဲ ျဖစ္ပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြရဲ့ ဆိုးက်ိဳးေတြကို ပထမဆုံး ရင္ဆိုင္ေနရတာက ကၽြန္ေတာ္တို႔ တပ္မေတာ္သားေတြနဲ႔ လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ့ပဋိပကၡၾကားမွာ ေျမစာပင္ျဖစ္တဲ့ ျပည္သူေတြျဖစ္သလို ေနာက္ဆက္တြဲဆိုးက်ိဳးေတြကိုလည္း ကၽြန္ေတာ္တို႔အပါအဝင္ ျပည္သူေတြအားလုံးက ခံစားၾကရမွာျဖစ္လို႔ စစ္မွန္ၿပီး ေရရွည္တည္တံ့ခိုင္ျမဲတဲ့ ထာဝရၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုခ်င္တဲ့ ဆႏၵအမွန္နဲ႔ စိတ္ရွည္သီးခံၿပီး ဆက္လက္ အျမန္ဆုံးေအာင္ျမင္ေအာင္ ႀကိဳးစားေဆာင္ရြက္ၾကဖို႔ လိုအပ္ေၾကာင္းလည္း ေျပာၾကားလိုပါတယ္။ ဒါ့အျပင္ ျဖစ္ေပၚလာနိုင္တဲ့ ဘက္ေပါင္းစုံမွ ၿခိမ္းေျခာက္မႈအႏၲရာယ္ေတြကလည္း ကၽြန္ေတာ္တို႔ႏိုင္ငံအေပၚမွာ အခ်ိန္မေရြး က်ေရာက္လာနိုင္တဲ့ အေျခအေနေတြ ျဖစ္ေကာင္းျဖစ္လာႏိုင္တာမို႔လို႔ ႏိုင္ငံေတာ္ရဲ့လြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ျမဲေရးအတြက္ ဒို႔တာဝန္အေရးသုံးပါးကို လက္ကိုင္ထားၿပီး အစြန္း ၂ ပါး ေရွာင္ရွားၾကၿပီး ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္ႀကီးကို တည္ၿငိမ္ေအးခ်မ္းၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီး အခ်ိန္တိုအတြင္း အျမန္ဆုံး ျဖစ္ထြန္းေပၚေပါက္ လာေစေရး “စုေပါင္းညီညာေအာင္ေၾကာင္းျဖာ” ဆိုသလို တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ေနၾကတဲ့ ေလးစားခ်စ္ၾကည္ ရင္းႏွီးအပ္ပါေသာ ကၽြန္ေတာ္တို႔တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးက ကၽြန္ေတာ္တို႔အားလုံးႏွင့္ ဝိုင္းဝန္းပူးေပါင္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကေပးပါလို႔ ေမတၱာရပ္ခံရင္း နိဂုံးခ်ဳပ္ပါတယ္။

အားလုံးကို ေက်းဇူးတင္ပါတယ္။

(Unicode Version)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပြီး ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့အခမ်းအနားဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား ဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး အလင်းရောင်ခြည်များ ပိုမိုအားကောင်းလာပြီး နိုင်ငံတော်အတွင်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို ပြည်သူအပေါင်း နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရတဲ့ နေ့တစ်နေ့ဖြစ်သလို ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်အစ မင်္ဂလာဦး ထူးမြတ်တဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ အားလုံးသိကြတဲ့အတိုင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မဟုတ်ဘဲ ဒီထက်ပိုမိုကျယ်ပြန့်မြင့်မားတဲ့ ရည်ရွယ်ချက်တွေ၊ တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ လိုလားချက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မယ့် စစ်မှန်ခိုင်မာတဲ့ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်လို့ ဒီလမ်းကြောင်းအတိုင်း ယုံကြည်မှုရှိရှိ၊ အမြော်အမြင်ရှိရှိဖြင့် မြန်မာ နိုင်ငံတော်အတွင်း ဘိုး၊ ဘွား၊ ဘီ၊ ဘင်ကအစ ယခုထက်တိုင် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူအားလုံးတို့အတွက် မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်လက် လျှောက်လှမ်းကြမယ့် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့ကို ဝမ်းမြောက်ဝမ်းသာ လှှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း ပြောကြား လိုပါတယ်။ ယခုလို ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လာမှုအတွက် ဒီသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့ ညီနောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ယုံမှားသံသယစိတ်များနဲ့ စိုးရိမ်ပူပန်မှုများကိုလည်း အတော်အတန် လျော့ပါးစေမှာဖြစ်သလို ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအတွက်လည်း ဆုံးဖြတ်ချက်မမှားဘဲ ယုံယုံကြည်ကြည်၊ သံသယကင်းစွာဖြင့် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်လာကြလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

NCA ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်ကနေ စတင်ရေတွက်ရင် စာချုပ်သက်တမ်းဟာ ဒီနေ့မှာ ၂ နှစ်နဲ့ ၄ လရှိခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးကမ်းလှမ်း ဖိတ်ခေါ်မှုစတင်ခဲ့တာဖြစ်လို့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလဟာ ၆ နှစ်နဲ့ ၆ လ ရှိပြီဖြစ်ပါတယ်။ NCA ချုပ်ဆိုခြင်း(၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ကျွန်တော်ပြောခဲ့သလို ပါဝင်လက်မှတ်ရေးထိုးထားကြတဲ့ အဖွဲ့များအနေနဲ့ စာချုပ်ပါလုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်နိုင်တာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းမှုရဲ့ရလဒ်များ၊ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်များကို ရယူခံစားနိုင်ကြဖို့ ထပ်မံဆော်သြလိုပြီး ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့ကလည်း ဆက်လက်ပူးပေါင်း ပါဝင်လာကြဖို့ကို လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်းနဲ့ ဒီနေ့အခမ်းအနားလို မြင်ကွင်းမျိုးကို အစိုးရ၊ ပြည်သူ၊ တပ်မတော်အားလုံးတို့က မဝေးတဲ့အနာဂတ်မှာလည်း ဆက်လက်ပြီးမြင်တွေ့ဖို့ မျှော်လင့်နေကြကြောင်း ပြောကြားလိုပါတယ်။

NCA ဖြစ်ပေါ်လာဖို့အတွက် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နဲ့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အဖွဲ့အစည်းအသီးသီးအကြားမှာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှုတွေရရှိအောင် စိတ်ရှည်သီးခံမှုတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ NCA စာချုပ်ပါ သဘောတူညီချက်တွေဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတာမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ကနဦးအဆိုပြုချက်တွေအပေါ်မှာ အခြေခံပြီး အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်း တစ်ခုချင်းကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အသေးစိတ်အကျေအလည် ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားတဲ့ စာချုပ် ဖြစ်ပါတယ်။ NCA အတွက် စတင်ဆောင်ရွက်ခဲ့ရာမှာ ကြိုတင်သဘောတူညီချက်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါး ကို ရှေ့ရှုပြီး ပြည်သူများ၏ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမယ် ဆိုတဲ့ အချက်တွေကို ကြိုတင်သဘောတူခဲ့ပြီးမှ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

NCA ရဲ့အခြေခံမူများ ဒုတိယအချက်မှာ “မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် နိုင်ငံတကာမှာ ပြုလုပ်နေကျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့အညီ အဆင့်ဆင့် မပျက်မကွက် ပြုလုပ်ရမယ်ဆိုတာ ငြိမ်းချမ်းရေးဆိုင်ရာ ပြည်ပနိုင်ငံများလေ့လာရေး အစီအစဉ်များ၊ အခါအားလျော်စွာ သွားရောက်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း လက်တွေ့အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် သိမြင်ခဲ့ကြပြီးလည်းဖြစ်၍ အထူးပင်ထပ်မံပြောကြားဖို့ လိုမယ်မထင်မိပါ။ ဒီနေရာမှာ အချို့အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဟာ လက်နက်ချခိုင်းတယ်ဆိုတဲ့ မှားယွင်းစွာ မှတ်ယူကြမှုတွေ၊ သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ ဖြစ်ပေါ်နေကြတာကို ကျွန်တော်တို့ တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် (NCA)ကို လက်မှတ်ရေးထိုးခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ အစိုးရနဲ့ တပ်မတော်အပေါ် အလျှော့ပေးခြင်းမဟုတ်ဆိုတဲ့ အယူအဆရှိသူတွေ၊ ပုဂ္ဂိုလ်ရေး ခံစားချက်ရှိသူအချို့လည်း တွေ့ရှိရပါတယ်။ ဒီသံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အဖွဲ့ဝင်များအနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြောလိုပါတယ်။ ဒါ့အပြင် အမှန်တကယ်တော့ NCA မှာ လက်မှတ်ရေးထိုးခြင်းဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်သာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော် ရ၀ နီးပါး အဖြေရှာမရသေးတဲ့ နိုင်ငံရေး ပြဿနာများကို တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စုပေါင်းတွေ့ဆုံ ဆွေးနွေးအဖြေရှာ ညှိနှိုင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့လိုအင်ဆန္ဒများကို တောင်းဆို၍မရကြောင်း နားလည်သဘောပေါက်ပြီး နှစ်ပေါင်း ၆၀ ကျော် ရ၀ နီးပါး လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလန်းကို ဖြတ်တောက်ပစ်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာကလည်း NCA စာချုပ်ပဲ ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ ဒီစာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အစထားပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကိုပါ တိတိကျကျ ဖော်ပြထားတာဖြစ်ပါတယ်။ အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေကို ကျော်လွန်ခြင်းမရှိဘဲ တစ်ဆင့်ပြီး တစ်ဆင့် ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုရင် အခက်အခဲ မရှိနိုင်ပါကြောင်း ပြောကြားလိုပါတယ်။ အကောင်အထည်ဖော်ရာမှာလည်း သတိပြုကြရမဲ့ အဓိကအချက်ကတော့ နိုင်ငံတကာရဲ့ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ချက်ဖြစ်စဉ်အတိုင်း “လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်” များမှာ ကြိုတင်ပြင်ဆင်စရာ ကိစ္စရပ်များကို ပြင်ဆင်ထားဖို့လိုပါတယ်။ ဒါ့အပြင် NCA မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာတွင်လည်း အချိန်သတ်မှတ်ချက်(Time Frame) တစ်ခု တိတိကျကျ ညှိနှိုင်းထားရှိပြီး လိုအပ်သလို ဆွေးနွေးညှိနှိုင်း အဖြေရှာရင်း အောင်မြင်စွာ ဖြတ်ကျော်ကြရမှာဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များအခန်းမှာ ပါရှိတဲ့ သဘောတူညီချက်များအတိုင်း တိတိကျကျ လိုက်နာမယ်ဆိုရင် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းကာလတွေမှာလည်း လက်နက်ကိုင်ပဋိပက္ခ ဆိုတာ ထပ်မံဖြစ်ပွားစရာ အကြောင်းမရှိပါဘူး။ အကယ်၍ မတော်တဆ နားလည်မှုလွဲမှားပြီး ပဋိပက္ခအငယ်များ ဖြစ်လာရင်လည်း ဖြေရှင်းရမယ့်အချက်တွေ၊ နည်းလမ်းတွေကိုလည်း NCA မှာပဲ အတိအကျ ပြဋ္ဌာန်းထားခြင်းဖြစ်၍ လိုက်နာဆောင်ရွက်သွားလျှင် မည်သည့်ပြဿနာမျှ ဖြစ်လာစရာမရှိတာတွေ့ရမှာပါ။ တပ်မတော်ဟာ နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများ၊ တပ်မတော်အက်ဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာ စောင့်ထိန်းရတာဖြစ်လို့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်ဆောင်၍မရတဲ့အတွက် NCA စာချုပ်ပါ အချက်များ အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်စဉ်ကပင် ချမှတ်ခဲ့တဲ့မူဝါဒ(၆)ရပ်အတိုင်း သွေဖည်ခြင်းမရှိဘဲ တိတိကျကျ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ဆဲဥပဒေများ၊ ချမှတ်ထားသည့် မူဝါဒများ၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို မလိုက်နာသူများကိုလည်း တိတိကျကျ၊ မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူနေတာလည်း ဖြစ်ပါတယ်။ NCA စာချုပ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ဟာ လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုဖြစ်စေဖို့ မည်သည့်အင်အားစုကိုမှ အကျပ်အတည်း၊ အခက်အခဲမတွေ့ရအောင် ပြည်သူလူထုရဲ့အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်အောင် လမ်းခင်းပေးထားခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း နိုင်ငံတော်အတွင်း နှစ်ပေါင်း ၆၀ ကျော် ရ၀ နီးပါး ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို လက်နက်စွဲကိုင် အကြမ်းဖက် ပဋိပက္ခဖြေရှင်းမှုမှ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရင်း ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်လည်းကောင်း၊ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ စိတ်ရှည်သည်းခံပြီး မဆုတ်မနစ် အကောင်အထည်ဖော် ဆောင်ရွက် နေတာဟာလည်း ယနေ့ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ် ရေးထိုးပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးအပြင် နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး လိုလားတောင်းတနေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့နဲ့ အများပြည်သူ ဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်ပြီးဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရေးအတွက် တပ်မတော်မှ ရိုးသားစွာဖြင့် ယုံကြည်ချက်၊ မျှော်လင့်ချက် အပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ပြည်ထောင်စုဖွား တိုင်းရင်းသား ညီနောင်များအားလုံး နိုင်ငံတော်ကြီးအတွက် အရှည်မျှော်တွေး ဝိုင်းဝန်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါ လို့လည်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ အဖွဲ့အစည်းအသီးသီးရဲ့ လိုအင်ဆန္ဒတွေကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းနည်းလမ်း များနဲ့ ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ လမ်းဖွင့်ထားတာဖြစ်လို့ ဒီလမ်းကြောင်းများကို လျစ်လျူရှုကြ၊ သွေဖည်ကြမယ် ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ရမယ့် ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းရာမှာ ကြန့်ကြာနေဦးမှာဖြစ်သလို အချိန်ကာလ ကြာမြင့်လေလေ နိုင်ငံတော်နဲ့ပြည်သူများရဲ့ လူမှှုအကျိုးစီးပွားဘဝများဟာလည်း နိုင်ငံတကာနဲ့ ပခုံးချင်းယှဉ်နိုင်ဖို့ ဝေးကွာနေဦးမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးဆိုတာ တိုင်းပြည်ကိုလုံခြုံအောင်လုပ်ဖို့၊ ပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်ဖို့၊ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး ပြည်သူတွေ့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုမှန်သမျှ နိုင်ငံတော်နဲ့ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်များနဲ့ အဖွဲ့အစည်းများကို မိမိတို့တပ်မတော်က ပေးအပ်ထားသည့် တာဝန် ဝတ္တရားများနဲ့ အညီဆောင်ရွက်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်တယ်လို့ အသိပေးပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေဖြင့် မျက်မှောက်ခေတ်ကာလဟာ နည်းပညာများ လျင်မြန်စွာ တိုးတက်ပြောင်းလဲဖြစ်ပေါ်နေပြီး အေးချမ်းတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအများစုရဲ့ စီးပွားရေးဟာ လျင်မြန်စွာ အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒါဟာ အေးချမ်းတည်ငြိမ်မှုမှသည် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ဆိုတာ ငြင်းမရပါဘူး။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ လုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းမှုရှိမယ်ဆိုရင်တောင်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံတွေကိုမီအောင်၊ ရင်ဘောင်တန်းနိုင်အောင် များစွာ ကြိုးစားရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှှု အနာဂတ်မြင်ကွင်းတွေဟာလည်း ဝေဝါးမှုန်ရီနေဦးမှာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေကို ပထမဆုံး ရင်ဆိုင်နေရတာက ကျွန်တော်တို့ တပ်မတော်သားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ပဋိပက္ခကြားမှာ မြေစာပင်ဖြစ်တဲ့ ပြည်သူတွေဖြစ်သလို နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကျွန်တော်တို့အပါအဝင် ပြည်သူတွေအားလုံးက ခံစားကြရမှာဖြစ်လို့ စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့ ဆန္ဒအမှန်နဲ့ စိတ်ရှည်သီးခံပြီး ဆက်လက် အမြန်ဆုံးအောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုအန္တရာယ်တွေကလည်း ကျွန်တော်တို့နိုင်ငံအပေါ်မှာ အချိန်မရွေး ကျရောက်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာမို့လို့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားပြီး အစွန်း ၂ ပါး ရှောင်ရှားကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး အချိန်တိုအတွင်း အမြန်ဆုံး ဖြစ်ထွန်းပေါ်ပေါက် လာစေရေး “စုပေါင်းညီညာအောင်ကြောင်းဖြာ” ဆိုသလို တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြတဲ့ လေးစားချစ်ကြည် ရင်းနှီးအပ်ပါသော ကျွန်တော်တို့တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကျွန်တော်တို့အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြပေးပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။