တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌဖြစ်သူ Gen. Prem Tinsulanonda နှင့်တွေ့ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၁၆

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ၏ ဖိတ္ၾကားခ်က္အရထုိင္းႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ယေန႔မြန္းလြဲပုိင္းတြင္ ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ျဖစ္သူ Gen. Prem Tinsulanonda အား၎၏ ေနအိမ္ဧည့္ခန္းမတြင္ဂါရ၀ျပဳေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းေနာင္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္တုိ႔ တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္အတုိင္ပင္ခံ ေကာင္စီဥကၠ႒ႏွင့္အတူ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရးတုိးတက္ ေကာင္းမြန္မႈအေျခအေနမ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ထုိင္းဘုရင္မင္း ျမတ္က ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” အပ္ႏွင္းခဲ့မႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ဆက္လက္ ဆက္ဆံေရး ပုိမုိတုိးတက္ေအာင္ေဆာင္ရြက္မည့္ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္အတုိင္ပင္ခံ ေကာင္စီဥကၠ႒ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး အမွတ္တရဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌဖြစ်သူ Gen. Prem Tinsulanonda နှင့်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၆

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်သူ Gen. Prem Tinsulanonda အား၎င်း၏ နေအိမ်ဧည့်ခန်းမတွင်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးတိုးတက် ကောင်းမွန်မှုအခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ထိုင်းဘုရင်မင်း မြတ်က ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခဲ့မှုအခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ဆက်လက် ဆက်ဆံရေး ပိုမိုတိုးတက်အောင်ဆောင်ရွက်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။