အောင်ဓမ္မရာဇာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၈

ေနျပည္ေတာ္၊ ဒကၡိဏခ႐ုိင္၊ လယ္ေ၀းၿမိဳ႕နယ္၊ ေအလာၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းအတြင္း တည္ထားကုိးကြယ္ သည့္ ေရႊစည္းခုံပုံတူ ေအာင္ဓမၼရာဇာေစတီေတာ္ျမတ္ႀကီး ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ အလွဴေတာ္အခမ္းအနား ကုိယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ ေအလာၿမိဳ႕၊ ဓမၼရကၡိတ ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲ၀ိမလအမွဴးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲ ေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ေအလာတပ္နယ္မွ အရာရွိ၊ စစ္သည္မိသားစုမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ႏုိင္ငံေတာ္ဗဟုိ သံဃာ့ ၀န္ေဆာင္၊ ပုဗၺသီရိၿမိဳ႕နယ္၊ ေအာင္စည္သာေက်ာင္းတုိက္ ဆရာေတာ္ မဟာဂႏၲ၀ါစကပ႑ိတ ဘဒၵႏၲ၀ိစကၡဏ ထံမွ ကုိးပါးသီလခံယူေဆာက္တည္ ၾကၿပီးေမတၱသုတ္ပရိတ္တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံေနရာတြင္ ပက္ဖ်န္း ႀကဲျဖန္႔ ခ်ည္ေႏွာင္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ားက ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေရႊထီးေတာ္ဘုံအဆင့္ဆင့္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား သံဃာေတာ္အရွင္သူျမတ္မ်ားထံ ဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ေအလာၿမိဳ႕၊ ဓမၼရကၡိတ ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲ၀ိမလထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ေရႊထီးေတာ္ဘုံအဆင့္ဆင့္အား ပင့္ေဆာင္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္သုံးႀကိမ္လွည့္လည္ပူေဇာ္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားက မဂၤလာအခ်ိန္တြင္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားကုိ ဌာပနာသြင္းလွဴပူေဇာ္ၾကသည္။ ဆက္လက္ၿပီးတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရႊထီး ေတာ္ဘုံအဆင့္ဆင့္အား မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္အထြတ္သုိ႔ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး ေရႊထီးေတာ္တင္လွဴ ပူေဇာ္မႈေအာင္ျမင္ျခင္းအထိမ္းအမွတ္ ရတနာေရႊမုိးေငြမုိးမ်ားရြာသြန္းၿဖိဳးၾကသည္။ ယင္း ေနာက္ သံဃာေတာ္မ်ားကေစတီေတာ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶဘိသိက္သြန္းေတာ္ မူၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္ လာၾကသူမ်ားသည္ သံဃာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔ကေစတီေတာ္ႀကီး ကမၸည္းေမာ္ကြန္းေက်ာက္စာတုိင္အား အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က အခမ္းအနားတက္ ေရာက္လာၾကသူမ်ား၊ နယ္ေျမခံ တပ္ရင္းမွအရာရွိ၊ စစ္သည္မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ပန္းေပါင္းစုံဗုုဒၶ႐ုပ္ပြားေတာ္မ်ားႏွင့္ ပရိတ္ႀကီးပါဠိေတာ္ျမန္မာ ျပန္စာအုပ္မ်ားအားဓမၼဒါနလက္ေဆာင္အျဖစ္ေပးအပ္သည္။

အဆုိပါေစတီေတာ္ႀကီးအား တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္အလွဴရွင္မ်ား စုေပါင္းလွဴဒါန္းမႈျဖင့္ တည္ထားကုိးကြယ္ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၆ ရက္တြင္ ေျမသန္႔မဂၤလာအခမ္းအနားျပဳလုပ္ျခင္း၊ စက္တင္ဘာလ ၉ ရက္တြင္ ပႏၷက္ ေတာ္တင္ႏွင့္တြင္းေတာ္၀န္းမဂၤလာအခမ္းအနားျပဳလုပ္ျခင္း၊ ေအာက္တုိဘာ လ ၈ ရက္ တြင္ အုတ္ျမစ္ေတာ္စီမဂၤလာအခမ္းအနားက်င္းပျခင္း၊ ႏုိ၀င္ဘာလ ၁၁ ရက္တြင္ပိႏၷဲတုိင္ စုိက္ထူျခင္း ႏွင့္ မဟာပဌာန္းရြတ္ဖတ္ပူေဇာ္ျခင္းႏွင့္ ၂၀၁၈ ခုႏွစ္ဇန္န၀ါရီ ၂၇ ရက္ တြင္ဌာပနာသြင္း လွဴပူေဇာ္ျခင္းႏွင့္ ပန္းလည္တုိင္စုိက္ထူျခင္းမဂၤလာအခမ္းအနားမ်ား က်င္းပျပဳလုပ္ခဲ့ၿပီး ယေန႔တြင္ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္အလွဴေတာ္အခမ္းအနားက်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

(Unicode Version)

အောင်ဓမ္မရာဇာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း တည်ထားကိုးကွယ် သည့် ရွှေစည်းခုံပုံတူ အောင်ဓမ္မရာဇာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အလှူတော်အခမ်းအနား ကိုယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အေလာမြို့၊ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အေလာတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက် ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ ထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီးမေတ္တသုတ်ပရိတ်တရားတော်များနာယူကြသည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံနေရာတွင် ပက်ဖျန်း ကြဲဖြန့် ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အေလာမြို့၊ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးေ၀ ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ဗုဒ္ဓရုပ်ပွားတော်များကို ဌာပနာသွင်းလှူပူဇော်ကြသည်။ ဆက်လက်ပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေထီး တော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင်လှူ ပူဇော်မှုအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။ ယင်း နောက် သံဃာတော်များကစေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းတော် မူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ကစေတီတော်ကြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အခမ်းအနားတက် ရောက်လာကြသူများ၊ နယ်မြေခံ တပ်ရင်းမှအရာရှိ၊ စစ်သည်မိသားစုများနှင့် ဒေသခံပြည်သူများအား ပန်းပေါင်းစုံဗုုဒ္ဓရုပ်ပွားတော်များနှင့် ပရိတ်ကြီးပါဠိတော်မြန်မာ ပြန်စာအုပ်များအားဓမ္မဒါနလက်ဆောင်အဖြစ်ပေးအပ်သည်။

အဆိုပါစေတီတော်ကြီးအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် မြေသန့်မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ စက်တင်ဘာလ ၉ ရက်တွင် ပန္နက် တော်တင်နှင့်တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ အောက်တိုဘာ လ ၈ ရက် တွင် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကျင်းပခြင်း၊ နိုဝင်ဘာလ ၁၁ ရက်တွင်ပိန္နဲတိုင် စိုက်ထူခြင်း နှင့် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ၂၀၁၈ ခုနှစ်ဇန်နဝါရီ ၂၇ ရက် တွင်ဌာပနာသွင်း လှူပူဇော်ခြင်းနှင့် ပန်းလည်တိုင်စိုက်ထူခြင်းမင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင်ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အလှူတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။