တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာဘယ်ကျောက်ပြား ထုတ်လုပ်ရေးစက်ရုံ (မန္တလေး)၊ နို့စားနွားမွေးမြူရေးစီမံကိန်းနှင့် နန်းမြို့တွင်းရှိ ရှေးဟောင်း အမြောက်ပြတိုက်ဆောက်လုပ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ယေန႕မြန္းလြဲပိုင္းတြင္ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္း၊ မာဘယ္ေက်ာက္ျပားထုတ္လုပ္ေရးစက္႐ံု(မႏၱေလး)၊ ႏို႕စားႏြားေမြးျမဴေရးစီမံကိန္းႏွင့္ နန္းၿမိဳ႕တြင္းရွိ ေရွးေဟာင္းအေျမာက္ျပတိုက္ေဆာက္လုပ္ေနမႈမ်ားအား သြားေရာက္ ၾကည့္႐ႈစစ္ေဆး သည္။

ဦးစြာ မာဘယ္ေက်ာက္ျပားထုတ္လုပ္ေရးစက္႐ံု(မႏၱေလး) အစည္းအေဝးခန္းမ၌ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း) ေထာက္ပံ့ႏွင့္ပို႕ေဆာင္ေရးၫႊန္ၾကားေရးမွဴး ဗိုလ္ခ်ဳပ္ေဇာ္လြင္ဦးက ႏို႕စားႏြား ေမြးျမဴေရးစီမံကိန္း ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားကို ရွင္းလင္းတင္ျပၿပီး မာဘယ္ ေက်ာက္ျပား ထုတ္လုပ္ေရးစက္႐ံုမွ စက္႐ံုမွဴး ဦးေဇာ္ေဇာ္ဝင္းက စက္႐ံုလည္ပတ္မႈ အေျခအေန မ်ားအား ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏို႕စားႏြားေမြးျမဴေရး စီမံကိန္းႏွင့္ပတ္သက္၍ ကြ်မ္းက်င္လုပ္သားမ်ား ေလ့က်င့္ေဆာင္ရြက္သြားရန္၊ ႏို႕ထြက္ပစၥည္းအမ်ိဳးမ်ိဳးအား အရည္အေသြးျပည့္မီစြာျဖင့္ ထုတ္လုပ္ေရာင္းခ်ႏိုင္ေရး ေဆာင္ရြက္ သြားရန္မွာၾကားၿပီး ေက်ာက္ျပားထုတ္လုပ္ေနမႈမ်ားအား ပံုမွန္ထုတ္လုပ္လ်က္ရွိသည့္ အခင္းေၾကြျပား မ်ားသာမက ပန္းအိုးမ်ား၊ ေရခ်ိဳးခန္းသံုးပစၥည္းမ်ားႏွင့္ အျခားေခတ္ႏွင့္ေလ်ာ္ညီသည့္ အသံုးအေဆာင္ ပစၥည္းမ်ားကိုပါ ထုတ္လုပ္ႏိုင္ေရး မွာၾကားသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ စက္႐ံုအတြင္း ေက်ာက္ျပား အၾကမ္းထည္ခြဲစိတ္ျခင္း၊ အၾကမ္းေခ်ာမ်က္ႏွာျပင္ညႇိျခင္း၊ အေခ်ာအေရာင္တင္ျခင္း၊ လိုအပ္သည့္ ဆိုဒ္မ်ားျဖစ္ေအာင္ ျဖတ္ေတာက္ျခင္း စသည့္လုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈတို႕ကို လွည့္လည္ ၾကည့္႐ႈ၍ လိုအပ္သည္မ်ားမွာၾကားခဲ့ၿပီး စက္႐ံုမွထုတ္လုပ္ထားသည့္ ေက်ာက္ျပားမ်ား ခင္းက်င္းျပသ ထားမႈအား ၾကည့္႐ႈကာစက္႐ံုဝန္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႏို႕စားႏြား ေမြးျမဴေရးစီမံကိန္း ေဆာင္ရြက္ေနမႈမ်ားကို သြားေရာက္ၾကည့္႐ႈရာ တာဝန္ရွိသူတစ္ဦးက ေမြးျမဴေရးေဆာင္ရြက္ေနမႈမ်ား ႏွင့္ ဆက္လက္ေဆာင္ရြက္သြားမည့္အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား မွာၾကားခဲ့ သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ နန္းၿမိဳ႕တြင္းရွိ ျမနန္းစံေက်ာ္ ေရႊနန္းေတာ္အနီး တပ္မေတာ္ႏွင့္ မႏၱေလးၿမိဳ႕၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနတို႕မွ ပူးေပါင္းေဆာက္လုပ္လ်က္ရွိသည့္ ေရွးေဟာင္းအေျမာက္ ျပတိုက္အား သြားေရာက္ ၾကည့္႐ႈရာ တာဝန္ရွိသူမ်ားႏွင့္ မႏၱေလးၿမိဳ႕၊ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ေဒၚစိုးစိုးဝင္း တို႕ကရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရွးေဟာင္းအေမြအႏွစ္မ်ားကို မူလလက္ရာမပ်က္ ထိန္းသိမ္း ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း၊ သဘာဝေဘးႏၱရာယ္ဒဏ္ခံႏိုင္ေရး စနစ္တက်ေဆာင္ရြက္သြားရန္ႏွင့္ ခင္းက်င္းမႈမ်ားႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ားမွာၾကားခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာဘယ်ကျောက်ပြား ထုတ်လုပ်ရေးစက်ရုံ (မန္တလေး)၊ နို့စားနွားမွေးမြူရေးစီမံကိန်းနှင့် နန်းမြို့တွင်းရှိ ရှေးဟောင်း အမြောက်ပြတိုက်ဆောက်လုပ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ မာဘယ်ကျောက်ပြားထုတ်လုပ်ရေးစက်ရုံ(မန္တလေး)၊ နို့စားနွားမွေးမြူရေးစီမံကိန်းနှင့် နန်းမြို့တွင်းရှိ ရှေးဟောင်းအမြောက်ပြတိုက်ဆောက်လုပ်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေး သည်။

ဦးစွာ မာဘယ်ကျောက်ပြားထုတ်လုပ်ရေးစက်ရုံ(မန္တလေး) အစည်းအဝေးခန်းမ၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးက နို့စားနွား မွေးမြူရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး မာဘယ် ကျောက်ပြား ထုတ်လုပ်ရေးစက်ရုံမှ စက်ရုံမှူး ဦးဇော်ဇော်ဝင်းက စက်ရုံလည်ပတ်မှု အခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နို့စားနွားမွေးမြူရေး စီမံကိန်းနှင့်ပတ်သက်၍ ကျွမ်းကျင်လုပ်သားများ လေ့ကျင့်ဆောင်ရွက်သွားရန်၊ နို့ထွက်ပစ္စည်းအမျိုးမျိုးအား အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက် သွားရန်မှာကြားပြီး ကျောက်ပြားထုတ်လုပ်နေမှုများအား ပုံမှန်ထုတ်လုပ်လျက်ရှိသည့် အခင်းကြွေပြား များသာမက ပန်းအိုးများ၊ ရေချိုးခန်းသုံးပစ္စည်းများနှင့် အခြားခေတ်နှင့်လျော်ညီသည့် အသုံးအဆောင် ပစ္စည်းများကိုပါ ထုတ်လုပ်နိုင်ရေး မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ကျောက်ပြား အကြမ်းထည်ခွဲစိတ်ခြင်း၊ အကြမ်းချောမျက်နှာပြင်ညှိခြင်း၊ အချောအရောင်တင်ခြင်း၊ လိုအပ်သည့် ဆိုဒ်များဖြစ်အောင် ဖြတ်တောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပြီး စက်ရုံမှထုတ်လုပ်ထားသည့် ကျောက်ပြားများ ခင်းကျင်းပြသ ထားမှုအား ကြည့်ရှုကာစက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နို့စားနွား မွေးမြူရေးစီမံကိန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက မွေးမြူရေးဆောင်ရွက်နေမှုများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်အနီး တပ်မတော်နှင့် မန္တလေးမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့မှ ပူးပေါင်းဆောက်လုပ်လျက်ရှိသည့် ရှေးဟောင်းအမြောက် ပြတိုက်အား သွားရောက် ကြည့်ရှုရာ တာဝန်ရှိသူများနှင့် မန္တလေးမြို့၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်း တို့ကရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှေးဟောင်းအမွေအနှစ်များကို မူလလက်ရာမပျက် ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးန္တရာယ်ဒဏ်ခံနိုင်ရေး စနစ်တကျဆောင်ရွက်သွားရန်နှင့် ခင်းကျင်းမှုများနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။