တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြိတ်ခေတ်မီငါး လေလံဈေးတည်ဆောက်ရန်အတွက်အဆိုပြုတင်ပြလာသည့်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ မတ္ ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ၿမိတ္အမ်ားပုိင္ေကာ္ပုိေရးရွင္းလီမိတက္ႏွင့္ ၿမိတ္ေရလုပ္ငန္းရွင္မ်ား မွအေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ ၿမိတ္ေခတ္မီငါးေလလံေစ်းတည္ေဆာက္ ရန္အတြက္အဆုိျပဳတင္ျပလာသည့္ ေနရာသုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာရွင္းလင္းေဆာင္တြင္ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာႏွင့္ တာ၀န္ရွိသူမ်ားက ၿမိတ္ေခတ္မီငါးေလလံေစ်းစီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ ေနမႈမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၿမိတ္ ေဒသ သည္ ဖြံ႕ၿဖိဳးတုိးတက္မႈအရွိန္ရေနသျဖင့္ ေလယာဥ္ကြင္းတုိးခ်ဲ႕မႈႏွင့္ပတ္သက္၍ အေဆာက္အဦမ်ား မထိခုိက္ရန္လိုအပ္ေၾကာင္း၊ မည္သည့္လုပ္ငန္းမဆုိေရရွည္ကုိစဥ္းစား ေဆာင္ရြက္ရန္ လုိေၾကာင္းျဖင့္ မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ၿမိတ္ေခတ္မီ ငါးေလလံေစ်းစီမံကိန္းအေကာင္အထည္ေဖာ္တည္ေဆာက္မည့္ေနရာအားလွည့္လည္ ၾကည့္႐ႈစစ္ေဆးခဲ့ပါသည္။

(Unicode version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြိတ်ခေတ်မီငါး လေလံဈေးတည်ဆောက်ရန်အတွက်အဆိုပြုတင်ပြလာသည့်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်နှင့် မြိတ်ရေလုပ်ငန်းရှင်များ မှအကောင်အထည်ဖော်ဆောင်ရွက်မည့် မြိတ်ခေတ်မီငါးလေလံဈေးတည်ဆောက် ရန်အတွက်အဆိုပြုတင်ပြလာသည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာရှင်းလင်းဆောင်တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တာဝန်ရှိသူများက မြိတ်ခေတ်မီငါးလေလံဈေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် နေမှုများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြိတ် ဒေသ သည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်ရနေသဖြင့် လေယာဉ်ကွင်းတိုးချဲ့မှုနှင့်ပတ်သက်၍ အဆောက်အဦများ မထိခိုက်ရန်လိုအပ်ကြောင်း၊ မည်သည့်လုပ်ငန်းမဆိုရေရှည်ကိုစဉ်းစား ဆောင်ရွက်ရန် လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြိတ်ခေတ်မီ ငါးလေလံဈေးစီမံကိန်းအကောင်အထည်ဖော်တည်ဆောက်မည့်နေရာအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။