အဖွဲ့ဝင်နိုင်ငံများအချင်းချင်းအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကိုလျော့ချနိုင်ရန် ယုံကြည်မှုများ တည်ဆောက်ရေးအတွက် မိမိတို့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကိုယခုထက်ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်

ေနျပည္ေတာ္၊ မတ္ – ၈

အာဆီယံ၏ေဆာင္ပုဒ္ျဖစ္သည့္ ”One Vision, One Identity, One Community ” အတုိင္းမိမိတုိ႔၏ မတူကြဲျပားမႈ မ်ားကုိလုိက္ေလ်ာညီေထြမႈရွိေအာင္ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ အဖြဲ႕ဝင္ႏုိင္ငံမ်ားအခ်င္းခ်င္းအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ေပၚလာႏုိင္သည့္ တင္းမာမႈမ်ားကုိေလ်ာ့ခ်ႏုိင္ရန္ ယုံၾကည္မႈမ်ားတည္ေဆာက္ေရးအတြက္ မိမိတုိ႔အခ်င္းခ်င္းပူးေပါင္း ေဆာင္ရြက္မႈမ်ားကုိယခုထက္ပုိမုိ၍ နက္နက္႐ႈိင္း႐ိႈင္း ေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ စင္ကာပူႏုိင္ငံရွိ The Fullerton ဟုိတယ္၌ က်င္းပျပဳလုပ္သည့္(၁၅)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအလြတ္သေဘာအစည္းအေဝး (15th ACDFIM) တြင္ေဆြးေႏြးေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအစည္းအေဝးသုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ကုိယ္စားလွယ္အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။ ဦးစြာအစည္းအေဝးသဘာပတိ စင္ကာပူတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Lt. Gen. Perry Lim က(၁၅)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အလြတ္သေဘာအစည္းအေဝး (15th ACDFIM) အဖြင့္အမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အလြတ္သေဘာအစည္းအေဝး (15th ACDFIM) ဗီဒီယုိမွတ္တမ္းအားၾကည့္႐ႈၾကသည္။

ဆက္လက္ၿပီး 15th ASEAN Military Intelligence Informal Meeting အစည္းအေဝးရလဒ္အား စင္ကာပူတပ္မေတာ္ေထာက္လွမ္းေရးမွဴးခ်ဳပ္ Bri. Gen. Ong Tze-Ch’in ကလည္းေကာင္း၊ 8th ASEAN Military Operations Informal Meeting ၏ရလဒ္အား စင္ကာပူတပ္မေတာ္ပူးတြဲစစ္ဆင္ေရးမွဴးခ်ဳပ္ Bri. Gen. Tan Chee Wee ကလည္းေကာင္း အသီးသီးတင္ျပၾကသည္။

ယင္းေနာက္ အစည္းအေဝးသဘာပတိ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ဦးေဆာင္၍ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္အႀကီးအကဲမ်ားက သက္ဆုိင္ရာေခါင္းစဥ္မ်ားအားႏုိင္ငံအကၡရာစဥ္အလိုက္ေဆြးေႏြးၾကသည္။

ထုိသုိ႔ေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မိမိအေနျဖင့္ “အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားပူးေပါင္းေဆာင္ရြက္မႈမ်ားျပဳလုပ္ျခင္းျဖင့္ အျပန္အလွန္ယုံၾကည္မႈတည္ေဆာက္ေရး” ဆုိသည့္ ေခါင္းစဥ္ျဖင့္ တင္ျပေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း၊ အာဆီယံအဖြဲ႕ႀကီးအား တည္ေထာင္လာခဲ့သည့္ ႏွစ္ေပါင္း ၅၀ အတြင္းႀကဳံေတြ႕လာရသည့္ စိန္ေခၚမႈမ်ားကုိအာဆီယံအဖြဲ႕ဝင္ႏုိင္ငံမ်ားအၾကား စည္းလုံးညီၫြတ္စြာျဖင့္ လက္တြဲေဆာင္ ရြက္ခဲ့ၾကေၾကာင္း၊ စိန္ေခၚမႈမ်ားကုိရင္ဆုိင္ေက်ာ္လႊားႏုိင္ခဲ့ၾကေသာ္လည္း အခ်ိဳ႕ေသာစိန္ေခၚမႈမ်ားကုိေအာင္ျမင္စြာ ဆက္လက္ရင္ဆုိင္ေက်ာ္လႊားႏုိင္ရန္အတြက္ အာဆီယံအဖြဲ႕ဝင္ႏုိင္ငံမ်ားအၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိ ပုိမုိနက္႐ႈိင္းစြာ ေဆာင္ရြက္ၾကရန္လုိအပ္ေနေသးသည့္အျပင္ ေဆာင္ရြက္သည့္နည္းလမ္းမ်ားႏွင့္ လုပ္ထုံးလုပ္နည္းမ်ားကုိလည္း ျပန္လည္ဆန္းစစ္ရန္ လုိအပ္ေနေသးေၾကာင္း၊ စိန္ေခၚမႈမ်ားအားေအာင္ျမင္စြာေက်ာ္လႊားႏုိင္ေရးအတြက္ အာဆီယံ၏ ေဒသတြင္း ဆုိင္ရာအႀကီးမားဆုံးပူးေပါင္းေဆာင္ရြက္မႈအျဖစ္ အျပန္အလွန္ယုံၾကည္မႈတည္ေဆာက္ေရး (Confidence Building Measures -CBMs) ကုိဦးစားေပး ေဆာင္ရြက္ရန္လုိအပ္လာပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ အျပန္အလွန္ယုံၾကည္မႈတည္ေဆာက္ေရးဆုိသည္မွာ သက္ဆုိင္ရာႏုိင္ငံ တစ္ႏုိင္ငံတည္းေသာ္လည္းေကာင္း၊ ႏုိင္ငံခ်င္းေသာ္လည္းေကာင္း၊ ႏုိင္ငံအမ်ားအျပားၾကားတြင္လည္းေကာင္း စစ္ေရးအရတင္းမာမႈမ်ားကုိေလ်ာ့ခ်ႏုိင္ေရးအတြက္ လုပ္ေဆာင္ရသည့္ လႈပ္ရွားမႈမ်ားႏွင့္ လုပ္ငန္းအဆင့္ဆင့္မ်ားျဖစ္ပါေၾကာင္း၊ လက္ေတြ႕အားျဖင့္လည္း ႏုိင္ငံမ်ားအခ်င္းခ်င္းၾကားတြင္ ႏုိင္ငံအလိုက္လုပ္ကုိင္ေဆာင္ရြက္ပုံနည္းလမ္းမ်ားကုိ ႀကိဳတင္တြက္ဆကာျပင္ဆင္ေဆာင္ရြက္ၾကရပါေၾကာင္း၊ ကမၻာေပၚတြင္အျပန္အလွန္ ယုံၾကည္မႈတည္ေဆာက္ေရးႏွင့္ပတ္သက္၍ေအာင္ျမင္စြာေဆာင္ရြက္ေနသည့္ ပုံစံမ်ားစြာရွိေနေသာ္လည္း ကူးလူးဆက္ဆံေဆာင္ရြက္ျခင္း (Communication) ၊ အကန္႔အသတ္ျဖင့္ေဆာင္ရြက္ျခင္း (Constraint) ၊ ပြင့္လင္းျမင္သာစြာေဆာင္ရြက္ျခင္း (Transparency) ၊ အတည္ျပဳေဆာင္ရြက္ျခင္း (Verification) စသည္ျဖင့္ ေယဘုယ်အားျဖင့္ အဓိကနယ္ပယ္ ႀကီး ၄ ရပ္သာရွိပါေၾကာင္း၊ အျပန္အလွန္ယုံၾကည္မႈတည္ေဆာက္ေရးကုိ အေကာင္အထည္ေဖၚေဆာင္ရြက္ႏုိင္ျခင္းအားျဖင့္ ပုိမုိနားလည္မႈရွိသည့္ သေဘာတူညီခ်က္မ်ားရရွိ ႏုိင္ေရးအတြက္ေရွ႕ေျပးအေထာက္အပံ့ ျဖစ္ေစႏုိင္သည့္အျပင္ယုံၾကည္မႈမ်ား တုိးတက္ခုိင္မာေစျခင္းႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိလည္းပုိမုိနည္းလမ္းတက် အေကာင္အထည္ ေဖာ္ေစႏုိင္ရန္အတြက္လည္းအေထာက္အကူျဖစ္ေစပါေၾကာင္း၊ ထုိ႔အျပင္ႏုိင္ငံေရးအရ အျပန္အလွန္ယုံၾကည္မႈမ်ား တည္ေဆာက္ႏုိင္ျခင္းသည္လည္း စစ္ေရးအရတင္းမာမႈမ်ား ျဖစ္ႏုိင္မႈကုိေလ်ာ့ခ်ရန္ အလြန္အေရးပါေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး အာဆီယံအဖြဲ႕ဝင္ႏုိင္ငံမ်ားအခ်င္းခ်င္း ႏုိင္ငံေရးႏွင့္လုံၿခဳံေရးဆုိင္ရာ ကိစၥရပ္မ်ားကုိ ေအာင္ျမင္စြာ ေျဖရွင္းႏုိင္ရန္အတြက္ မိမိတုိ႔အေနျဖင့္ အျပန္အလွန္ ယုံၾကည္မႈတည္ေဆာက္ေရးအျပင္ ႀကိဳတင္ကာကြယ္ႏုိင္စြမ္းေသာသံခင္းတမန္ခင္းအား ဖြံ႕ၿဖိဳးတုိးတက္ေစရန္အတြက္ ေဆာင္ရြက္ရန္လုိအပ္ပါေၾကာင္း၊ အဆုိပါအခ်က္ႏွစ္ခ်က္ကုိ ေအာင္ျမင္စြာအေကာင္အထည္ ေဖာ္ေဆာင္ရြက္ၿပီးမွသာ ပဋိပကၡမ်ားအားေျဖရွင္းျခင္းကုိ ေဆာင္ရြက္ရမည္ျဖစ္ပါေၾကာင္း၊ ထုိသုိ႔အဆင့္သုံးဆင့္ကုိ အေကာင္အထည္ေဖာ္ေဆာင္ရြက္ၿပီးပါက အာဆီယံေဒသအတြင္းၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကုိ ေကာင္းမြန္စြာထိန္းသိမ္းႏုိင္မည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ယေန႔ကမၻာႀကီးသည္သမား႐ုိးက်လုံၿခဳံေရးဆုိင္ရာစိန္ေခၚမႈမ်ားအျပင္ နယ္စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈမ်ား၊ အၾကမ္းဖက္တုိက္ခိုက္မႈမ်ား၊ သဘာဝေဘးအႏၲရာယ္မ်ား၊ သတင္းအခ်က္အလက္ဆုိင္ရာလုံၿခဳံေရး၊ ရာသီဥတုေျပာင္းလဲမႈ၊ လူထုက်န္းမာေရး စသည့္သမား႐ိုးက်မဟုတ္ေသာလုံၿခဳံေရးဆုိင္ရာစိန္ေခၚမႈေျမာက္မ်ားစြာႏွင့္လည္း ရင္ဆုိင္ႀကဳံေတြ႕ေနရေၾကာင္း၊ ထုိ႔အျပင္ စိန္ေခၚမႈပုံစံအသစ္ျဖစ္သည့္ နည္းပညာဆုိင္ရာ လုံၿခဳံေရးျပႆနာမ်ားကုိလည္းရင္ဆုိင္ ေျဖရွင္းရန္ႀကိဳတင္ျပင္ဆင္ထားရမည္ျဖစ္ေၾကာင္း၊ လက္ရွိျမန္မာႏုိင္ငံအေနျဖင့္ ရင္ဆုိင္ႀကဳံေတြ႕ေနရေသာသမား႐ုိးက်လုံၿခဳံေရးဆုိင္ရာ စိန္ေခၚမႈမ်ားကုိႀကဳံ ေတြ႕ေနရေၾကာင္း၊ အထူးသျဖင့္တရားမဝင္ေရႊ႕ေျပာင္းေနထုိင္မႈမ်ားမွတဆင့္ ေဒသတြင္း၌ အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ရန္ ရည္ရြယ္ခ်က္ျဖင့္ ဝင္ေရာက္လာႏုိင္ေသာအစြန္းေရာက္အဖြဲ႕အစည္းမ်ားအား အခ်ိန္္မီတားဆီးႏုိင္ေရး သတင္းအခ်က္အလက္မ်ားဖလွယ္ရန္ႏွင့္ စဥ္ဆက္မျပတ္ေစာင့္ၾကည့္ႏုိင္ရန္အတြက္ ေဒသတြင္းေထာက္လွမ္းေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ အထူးအေလးထားေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊အာဆီယံအဖြဲ႕ဝင္ႏုိင္ငံမ်ား၏တပ္မေတာ္မ်ားအေနျဖင့္လည္း သမား႐ုိးက်ႏွင့္ သမား႐ုိးက်မဟုတ္ေသာ လုံၿခဳံေရးဆုိင္ရာစိန္ေခၚမႈမ်ားကုိရင္ဆုိင္ေက်ာ္လႊားႏုိင္ရန္အတြက္အဖက္ဖက္မွ ႀကိဳတင္ျပင္ဆင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ အၿမဲသတိရွိေနရန္လုိအပ္ၿပီးေဒသတြင္းတည္ၿငိမ္ေရး၊ လုံၿခဳံေရးႏွင့္ ျပည္သူမ်ားၿငိမ္းခ်မ္းစြာေနထုိင္ႏုိင္ေရးအတြက္ ေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ သမား႐ုိးက်ႏွင့္ သမား႐ုိးက်မဟုတ္ေသာ လုံၿခဳံေရးဆုိင္ရာစိန္ေခၚမႈမ်ားကုိရင္ဆုိင္ေျဖရွင္းရာတြင္ ျမန္မာႏုိင္ငံအေနျဖင့္ ေကာင္းမြန္ေသာရလဒ္မ်ား ေပၚထြက္လာေစေရးႀကိဳးပမ္းအားထုတ္လ်က္ရွိေၾကာင္းေျပာၾကားသည္။

၎ေနာက္အနာဂတ္လုံၿခဳံေရး ပတ္ဝန္းက်င္တည္ၿငိမ္ခုိင္မာလာေစရန္ စိန္ေခၚမႈမ်ားႏွင့္နက္နဲ႐ႈပ္ေထြးမႈမ်ားကုိ တစ္ႏုိင္ငံတည္းရင္ဆုိင္ေက်ာ္လႊားရန္မျဖစ္ႏုိင္ဘဲ အဖြဲ႕ဝင္ႏုိင္ငံမ်ား၏ စည္းလုံးညီၫြတ္စြာ ပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္သာ ေက်ာ္လႊားေအာင္ျမင္ႏုိင္မည္ျဖစ္ေၾကာင္း၊ တစ္ႏုိင္ငံႏွင့္တစ္ႏုိင္ငံၫႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ မိမိတို႔ရင္ဆုိင္ေနရသည့္အၾကမ္းဖက္မႈႏွင့္ ဆက္စပ္ေသာစိန္ေခၚမႈမ်ားကုိတုံ႔ျပန္ေဆာင္ ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံသည္ လြတ္လပ္၍တက္ၾကြၿပီး ဘက္မလုိက္ေသာ ႏုိင္ငံျခားေရးမူဝါဒကုိက်င့္သုံးၿပီး ယင္းမူဝါဒမွာကမၻာ့ၿငိမ္းခ်မ္းေရးႏွင့္ ႏုိင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ေပါင္းဖက္ဆက္ဆံေရးကုိေရွး႐ႈ၍ ႏုိင္ငံအခ်င္းခ်င္းၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထုိင္ေရးမူမ်ားကုိ ေစာင့္ထိန္းသည့္မူဝါဒျဖစ္ေၾကာင္း၊ အဆုိပါႏုိင္ငံျခားေရးမူဝါဒအရ ျမန္မာႏုိင္ငံသည္ ေဒသတြင္းႏုိင္ငံမ်ားႏွင့္သာမက အျခားကမၻာ့ႏုိင္ငံအသီးသီးႏွင့္ပါ ပူးေပါင္းေဆာင္ရြက္ေရးကုိအားႀကိဳးမာန္တက္ေဆာင္ရြက္လ်က္ရွိေၾကာင္းရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔အာဆီယံအဖြဲ႕ႀကီးသည္ေဒသတြင္းျဖစ္ေပၚလာႏုိင္သည့္ မည္သည့္လုံၿခဳံေရးဆုိင္ရာစိန္ေခၚမႈမ်ားကုိမဆုိ စည္းလုံးညီၫြတ္မႈ၊ ၿငိမ္းခ်မ္းေရးႏွင့္ စုေပါင္းတာ၀န္ယူမႈမ်ားရွိေနသည့္ အသုိက္အဝန္းျဖစ္သည့္အားေလ်ာ္စြာ အာဆီယံ ေဒသဆုိင္ရာဖုိရမ္ႏွင့္ အာဆီယံကာကြယ္ေရး၀န္ႀကီးမ်ားအစည္းအေဝးမ်ားမွတဆင့္ အျပန္အလွန္ယုံၾကည္မႈ တည္ေဆာက္ေရး (Confidence Building Measures -CBMs) ကုိေဖာ္ေဆာင္ေရး အတြက္အေလးထားႀကိဳးစားအားထုတ္ေနၾကပါေၾကာင္း၊ ထုိသုိ႔ပူးေပါင္းအေကာင္အထည္ေဖာ္ႏုိင္ျခင္းမရွိပါကလည္း သမား႐ုိးက်ႏွင့္ သမား႐ုိးက်မဟုတ္ေသာလုံၿခဳံေရးဆုိင္ရာ စိန္ေခၚမႈမ်ားႏွင့္ဆက္လက္ရင္ဆုိင္ေနရဦးမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ပဋိပကၡမ်ားေျဖရွင္းေဆာင္ရြက္ႏုိင္ေရးႏွင့္တင္းမာမႈမ်ား အားေလ်ာ့ခ်ႏုိင္ေရးအတြက္ အာဆီယံ၏စြမ္းေဆာင္ႏုိင္ရည္ကုိျမႇင့္တင္ရန္အတြက္ လက္ရွိမိမိတုိ႔ အာဆီယံေဒသတြင္း ျဖစ္ေပၚေနေသာပဋိပကၡမ်ား(သုိ႔မဟုတ္) အာဆီယံ အဖြဲ႕ဝင္ႏုိင္ငံမ်ားရင္ဆုိင္ရဖြယ္ရွိသည့္ စိန္ေခၚမႈမ်ားကုိ ဆန္းစစ္မႈမ်ားေသခ်ာစြာ ျပဳလုပ္သြားရန္လည္း လုိအပ္ေနေသးေၾကာင္း၊ ထုိ႔အျပင္ မိမိတုိ႔ေဒသတြင္းအား႐ုိက္ခတ္လာႏုိင္သည့္ အျခားေဒသမ်ား၌ရင္ဆုိင္ေနရသည့္ စိန္ေခၚမႈမ်ားကုိပါ ထည့္သြင္းစဥ္းစား သြားရန္လုိေၾကာင္းတုိက္တြန္းေျပာၾကားသည္။

၎ေနာက္ အာဆီယံတပ္မေတာ္မ်ား၏ ၂၀၁၈-၂၀၁၉ ႏွစ္ႏွစ္လုပ္ငန္းစီမံခ်က္ အားေဆြးေႏြးၾကၿပီး (၁၅)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အလြတ္သေဘာအစည္းအေဝး (15th ACDFIM) ပူးတြဲေၾကျငာခ်က္ အားလက္မွတ္ ေရးထုိးၾကသည္။ ထုိ႔ေနာက္စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး (၁၆)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ား အလြတ္သေဘာအစည္းအေ၀း (16th ACDFIM) ကုိအိမ္ရွင္အျဖစ္လက္ခံ က်င္းပမည့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ထံသုိ႔ တာဝန္လႊဲေျပာင္းေပးအပ္သည္။

ယင္းေနာက္ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan က လက္ခံႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး အစည္းအေဝးအား႐ုပ္သိမ္းခဲ့သည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ညေနပုိင္းတြင္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္လည္းေကာင္း၊ မေလးရွားတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor ႏွင့္လည္းေကာင္း ႏုိင္ငံအလုိက္ သီးျခားစီေတြ႕ဆုံ ေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ခ်စ္ၾကည္ရင္းႏွီးမႈတိုးျမႇင့္ေဆာင္ရြက္ေရး၊ သင္တန္းသားမ်ား အျပန္အလွန္ ေစလႊတ္ေရးႏွင့္ အဆင့္အလိုက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရး ဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ ၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ မေလးရွားတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔ႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

အဖွဲ့ဝင်နိုင်ငံများအချင်းချင်းအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကိုလျော့ချနိုင်ရန် ယုံကြည်မှုများ တည်ဆောက်ရေးအတွက် မိမိတို့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကိုယခုထက်ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်

နေပြည်တော်၊ မတ် – ၈

အာဆီယံ၏ဆောင်ပုဒ်ဖြစ်သည့် ”One Vision, One Identity, One Community ” အတိုင်းမိမိတို့၏ မတူကွဲပြားမှု များကိုလိုက်လျောညီထွေမှုရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကိုလျော့ချနိုင်ရန် ယုံကြည်မှုများတည်ဆောက်ရေးအတွက် မိမိတို့အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများကိုယခုထက်ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ The Fullerton ဟိုတယ်၌ ကျင်းပပြုလုပ်သည့်(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (15th ACDFIM) တွင်ဆွေးနွေးပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။ ဦးစွာအစည်းအဝေးသဘာပတိ စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim က(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) ဗီဒီယိုမှတ်တမ်းအားကြည့်ရှုကြသည်။

ဆက်လက်ပြီး 15th ASEAN Military Intelligence Informal Meeting အစည်းအဝေးရလဒ်အား စင်ကာပူတပ်မတော်ထောက်လှမ်းရေးမှူးချုပ် Bri. Gen. Ong Tze-Ch’in ကလည်းကောင်း၊ 8th ASEAN Military Operations Informal Meeting ၏ရလဒ်အား စင်ကာပူတပ်မတော်ပူးတွဲစစ်ဆင်ရေးမှူးချုပ် Bri. Gen. Tan Chee Wee ကလည်းကောင်း အသီးသီးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများက သက်ဆိုင်ရာခေါင်းစဉ်များအားနိုင်ငံအက္ခရာစဉ်အလိုက်ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိအနေဖြင့် “အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ကြီးအား တည်ထောင်လာခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်းကြုံတွေ့လာရသည့် စိန်ခေါ်မှုများကိုအာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင် ရွက်ခဲ့ကြကြောင်း၊ စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသော်လည်း အချို့သောစိန်ခေါ်မှုများကိုအောင်မြင်စွာ ဆက်လက်ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ကြရန်လိုအပ်နေသေးသည့်အပြင် ဆောင်ရွက်သည့်နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြန်လည်ဆန်းစစ်ရန် လိုအပ်နေသေးကြောင်း၊ စိန်ခေါ်မှုများအားအောင်မြင်စွာကျော်လွှားနိုင်ရေးအတွက် အာဆီယံ၏ ဒေသတွင်း ဆိုင်ရာအကြီးမားဆုံးပူးပေါင်းဆောင်ရွက်မှုအဖြစ် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး (Confidence Building Measures -CBMs) ကိုဦးစားပေး ဆောင်ရွက်ရန်လိုအပ်လာပါကြောင်းပြောကြားသည်။

ထို့နောက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ တစ်နိုင်ငံတည်းသော်လည်းကောင်း၊ နိုင်ငံချင်းသော်လည်းကောင်း၊ နိုင်ငံအများအပြားကြားတွင်လည်းကောင်း စစ်ရေးအရတင်းမာမှုများကိုလျော့ချနိုင်ရေးအတွက် လုပ်ဆောင်ရသည့် လှုပ်ရှားမှုများနှင့် လုပ်ငန်းအဆင့်ဆင့်များဖြစ်ပါကြောင်း၊ လက်တွေ့အားဖြင့်လည်း နိုင်ငံများအချင်းချင်းကြားတွင် နိုင်ငံအလိုက်လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်းများကို ကြိုတင်တွက်ဆကာပြင်ဆင်ဆောင်ရွက်ကြရပါကြောင်း၊ ကမ္ဘာပေါ်တွင်အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့်ပတ်သက်၍အောင်မြင်စွာဆောင်ရွက်နေသည့် ပုံစံများစွာရှိနေသော်လည်း ကူးလူးဆက်ဆံဆောင်ရွက်ခြင်း (Communication) ၊ အကန့်အသတ်ဖြင့်ဆောင်ရွက်ခြင်း (Constraint) ၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်း (Transparency) ၊ အတည်ပြုဆောင်ရွက်ခြင်း (Verification) စသည်ဖြင့် ယေဘုယျအားဖြင့် အဓိကနယ်ပယ် ကြီး ၄ ရပ်သာရှိပါကြောင်း၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပိုမိုနားလည်မှုရှိသည့် သဘောတူညီချက်များရရှိ နိုင်ရေးအတွက်ရှေ့ပြေးအထောက်အပံ့ ဖြစ်စေနိုင်သည့်အပြင်ယုံကြည်မှုများ တိုးတက်ခိုင်မာစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းပိုမိုနည်းလမ်းတကျ အကောင်အထည် ဖော်စေနိုင်ရန်အတွက်လည်းအထောက်အကူဖြစ်စေပါကြောင်း၊ ထို့အပြင်နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ခြင်းသည်လည်း စစ်ရေးအရတင်းမာမှုများ ဖြစ်နိုင်မှုကိုလျော့ချရန် အလွန်အရေးပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာ ဖြေရှင်းနိုင်ရန်အတွက် မိမိတို့အနေဖြင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးအပြင် ကြိုတင်ကာကွယ်နိုင်စွမ်းသောသံခင်းတမန်ခင်းအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါအချက်နှစ်ချက်ကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်ပြီးမှသာ ပဋိပက္ခများအားဖြေရှင်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက အာဆီယံဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကောင်းမွန်စွာထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ယနေ့ကမ္ဘာကြီးသည်သမားရိုးကျလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ လူထုကျန်းမာရေး စသည့်သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုမြောက်များစွာနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ထို့အပြင် စိန်ခေါ်မှုပုံစံအသစ်ဖြစ်သည့် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများကိုလည်းရင်ဆိုင် ဖြေရှင်းရန်ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသောသမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုကြုံ တွေ့နေရကြောင်း၊ အထူးသဖြင့်တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများမှတဆင့် ဒေသတွင်း၌ အကြမ်းဖက်မှုများလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာနိုင်သောအစွန်းရောက်အဖွဲ့အစည်းများအား အချိန််မီတားဆီးနိုင်ရေး သတင်းအချက်အလက်များဖလှယ်ရန်နှင့် စဉ်ဆက်မပြတ်စောင့်ကြည့်နိုင်ရန်အတွက် ဒေသတွင်းထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏တပ်မတော်များအနေဖြင့်လည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက်အဖက်ဖက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အမြဲသတိရှိနေရန်လိုအပ်ပြီးဒေသတွင်းတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ပြည်သူများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သောရလဒ်များ ပေါ်ထွက်လာစေရေးကြိုးပမ်းအားထုတ်လျက်ရှိကြောင်းပြောကြားသည်။

၎င်းနောက်အနာဂတ်လုံခြုံရေး ပတ်ဝန်းကျင်တည်ငြိမ်ခိုင်မာလာစေရန် စိန်ခေါ်မှုများနှင့်နက်နဲရှုပ်ထွေးမှုများကို တစ်နိုင်ငံတည်းရင်ဆိုင်ကျော်လွှားရန်မဖြစ်နိုင်ဘဲ အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကျော်လွှားအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ရင်ဆိုင်နေရသည့်အကြမ်းဖက်မှုနှင့် ဆက်စပ်သောစိန်ခေါ်မှုများကိုတုံ့ပြန်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး ယင်းမူဝါဒမှာကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှု၍ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည့်မူဝါဒဖြစ်ကြောင်း၊ အဆိုပါနိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်သာမက အခြားကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေးကိုအားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့အာဆီယံအဖွဲ့ကြီးသည်ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် မည်သည့်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုမဆို စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် စုပေါင်းတာဝန်ယူမှုများရှိနေသည့် အသိုက်အဝန်းဖြစ်သည့်အားလျော်စွာ အာဆီယံ ဒေသဆိုင်ရာဖိုရမ်နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးများမှတဆင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး (Confidence Building Measures -CBMs) ကိုဖော်ဆောင်ရေး အတွက်အလေးထားကြိုးစားအားထုတ်နေကြပါကြောင်း၊ ထိုသို့ပူးပေါင်းအကောင်အထည်ဖော်နိုင်ခြင်းမရှိပါကလည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်ဆက်လက်ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့်တင်းမာမှုများ အားလျော့ချနိုင်ရေးအတွက် အာဆီယံ၏စွမ်းဆောင်နိုင်ရည်ကိုမြှင့်တင်ရန်အတွက် လက်ရှိမိမိတို့ အာဆီယံဒေသတွင်း ဖြစ်ပေါ်နေသောပဋိပက္ခများ(သို့မဟုတ်) အာဆီယံ အဖွဲ့ဝင်နိုင်ငံများရင်ဆိုင်ရဖွယ်ရှိသည့် စိန်ခေါ်မှုများကို ဆန်းစစ်မှုများသေချာစွာ ပြုလုပ်သွားရန်လည်း လိုအပ်နေသေးကြောင်း၊ ထို့အပြင် မိမိတို့ဒေသတွင်းအားရိုက်ခတ်လာနိုင်သည့် အခြားဒေသများ၌ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုပါ ထည့်သွင်းစဉ်းစား သွားရန်လိုကြောင်းတိုက်တွန်းပြောကြားသည်။

၎င်းနောက် အာဆီယံတပ်မတော်များ၏ ၂၀၁၈-၂၀၁၉ နှစ်နှစ်လုပ်ငန်းစီမံချက် အားဆွေးနွေးကြပြီး (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) ပူးတွဲကြေငြာချက် အားလက်မှတ် ရေးထိုးကြသည်။ ထို့နောက်စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်နှုတ်ခွန်းဆက်စကားပြောကြားပြီး (၁၆)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (16th ACDFIM) ကိုအိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

ယင်းနောက်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က လက်ခံနှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်လည်းကောင်း၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor နှင့်လည်းကောင်း နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးနှင့် အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲများအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန််အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။