တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲသို့တက်ရောက်

ေနျပည္ေတာ္၊ မတ္ ၉

စင္ကာပူႏုိင္ငံတြင္က်င္းပျပဳလုပ္သည့္ (၁၅)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အလြတ္သေဘာအစည္းအေ၀း (15th ACDFIM) တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ မတ္ ၈ ရက္ ညပုိင္းတြင္ The Fullerton Bay Hotel ရွိ Clifford Pier ၌ စင္ကာပူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ကတည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳႏႈတ္ဆက္ ညစာစားပြဲအခမ္းအနားသုိ႔ တက္ေရာက္သည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား၊ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ဇနီးမ်ားသည္ Fullerton ဆိပ္ခံတံတားမွေန၍ အေပ်ာ္စီးသေဘၤာမ်ားျဖင့္ ျမစ္အတြင္းလုိက္ပါစီးနင္းၾကၿပီး Clifford ဆိပ္ခံတံတားသုိ႔ ေရာက္ရွိၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ဇနီးမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ ႐ုိက္ကူးၾကသည္။

ယင္းေနာက္ ညစာစားပြဲအခမ္းအနားအား က်င္းပျပဳလုပ္ရာ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ဇနီးမ်ား၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ဂုဏ္ျပဳညစာအား အတူတကြသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ေတးဂီတအဖြဲ႕က အာဆီယံႏုိင္ငံမ်ားမွ ေတးသံမ်ားအားတီးမႈတ္၍ အကပေဒသာမ်ားျဖင့္ ကျပေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားႏွင့္ ဇနီးမ်ားသည္ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ႏွင့္ဇနီးတုိ႔ႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲသို့တက်ရောက်

နေပြည်တော်၊ မတ် ၉

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM)တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၈ ရက် ညပိုင်းတွင် The Fullerton Bay Hotel ရှိ Clifford Pier ၌ စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများသည် Fullerton ဆိပ်ခံတံတားမှနေ၍ အပျော်စီးသင်္ဘောများဖြင့် မြစ်အတွင်းလိုက်ပါစီးနင်းကြပြီး Clifford ဆိပ်ခံတံတားသို့ ရောက်ရှိကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် ညစာစားပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာအား အတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း တေးဂီတအဖွဲ့က အာဆီယံနိုင်ငံများမှ တေးသံများအားတီးမှုတ်၍ အကပဒေသာများဖြင့် ကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများသည် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim နှင့်ဇနီးတို့နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။