တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ မတ္ – ၉

စင္ကာပူႏုိင္ငံတြင္က်င္းပျပဳလုပ္ခဲ့သည့္ အာဆီယံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအလြတ္သေဘာအစည္းအေ၀း (15th ACDFIM) သုိ႔တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔မြန္းလြဲပုိင္းတြင္ စင္ကာပူတပ္မေတာ္ Paya Lebar Airbase မွျပန္လည္ထြက္ခြာရာ စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံ အမတ္ႀကီး ဦးေဌးေအာင္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ဆန္းၫြန္႔ဦးႏွင့္ စင္ကာပူတပ္မေတာ္မွအရာရွိႀကီးမ်ားကေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕သည္ ညေနပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သုိ႔ျပန္လည္ေရာက္ရွိရာ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး တင္ေမာင္၀င္း၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ စင္ကာပူႏုိင္ငံသံအမတ္ႀကီး H.E. Mrs. Venessa Chan ႏွင့္တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီးေဒၚၾကဴၾကဴလွႏွင့္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္လုိက္ပါလာၾကသည္။ ခရီးစဥ္ အတြင္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အာဆီယံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအလြတ္သေဘာအစည္းအေ၀း (15th ACDFIM) သုိ႔တက္ေရာက္ျခင္းႏွင့္ အဆီယံတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားႏွင့္ ႏုိင္ငံအလုိက္သီးျခားစီေတြ႕ဆုံေဆြး ေႏြးျခင္းမ်ားျပဳလုပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ မတ် – ၉

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (15th ACDFIM) သို့တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် စင်ကာပူတပ်မတော် Paya Lebar Airbase မှပြန်လည်ထွက်ခွာရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် စင်ကာပူတပ်မတော်မှအရာရှိကြီးများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E. Mrs. Venessa Chan နှင့်တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှနှင့်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါလာကြသည်။ ခရီးစဉ် အတွင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (15th ACDFIM) သို့တက်ရောက်ခြင်းနှင့် အဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံဆွေး နွေးခြင်းများပြုလုပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။