တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ စင်ကာပူနိုင်ငံရှိ Marina Barrage သို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ မတ် ၉
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ စင်ကာပူနိုင်ငံရှိ Marina Barrage သို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ မတ် ၉
စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သည့်(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး(15th ACDFIM)သို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့်အဖွဲ့ဝင်များလိုက်ပါပြီးယနေ့နံနက်ပိုင်းတွင် Marina Barrage သို့သွားရောက်ကြည့်ရှုလေ့လာ သည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Marina Barrage သို့ရောက်ရှိရာ တာဝန်ရှိသူ တစ်ဦးက Marina Barrage တည်ဆောက်ထားရှိမှုအခြေအနေ များအားရှင်းလင်းပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Marina Barrage တွင်လှည့်လည် ကြည်ရှုကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ Marina Barrage သည် Merina တူးမြောင်း၏အဝကိုဖြတ်၍တည် ဆောက်ထားသည့် စင်ကာပူနိုင်ငံ၏ ၁၅ ခုမြောက် သုံးရေသိုလှောင်သည့်ဆည်ဖြစ်ပြီး မြို့နယ်နိမိတ်အတွင်းတည်ရှိသည့် တစ်ခုတည်းသော ဆည်ဖြစ်သည်။ ဆည်၏မိုးရေခံ ရပ်ဝန်းမှာ ဟတ်တာတစ်သောင်းကျယ်ဝန်းပြီး စင်ကာပူနိုင်ငံအကျယ်အဝန်း၏ ၆ ပုံ ၁ ပုံခန့်ရှိသည်။ နြမငညေ ြမေမေါန တည်ဆောက်ရန်အတွက် စင်ကာပူနိုင်ငံ၏ပထမဦးဆုံး ဝန်ကြီးချုပ်ဖြစ်သူ Mr. Lee Kuan Yew က စင်ကာပူနိုင်ငံသည် ရေချိုအရင်းအမြစ် နည်းပါးပြီး နေ့စဉ်ရေလိုအပ်ချက်အား ပြည်ပမှဝယ်ယူဖြည့်တင်းပေးနေရသော နိုင်ငံတစ်ခုဖြစ်သဖြင့် ရေချိုလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် စတင်အကောင် အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စင်ကာပူဝန်ကြီးချုပ် Mr. Lee Hsien Loong ကဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၎င်းရေလှောင်တမံဖြင့် စင်ကာပူနိုင်ငံ၏ စွန့်ပစ်ရေများ၊ မိုးရေနှင့်ရေချိုအရင်းအမြစ်များမှ ထွက်ရှိလာသောရေများအား ပင်လယ်အတွင်းရောက်ရှိကာ အလဟသဆုံးရှုံးမှုကို ကာကွယ်ပြီး နိုင်ငံ၏နေ့စဉ် ရေချို လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှအထောက်အကူ ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဆည်ကြီး၏ တည်ဆောက်မှုကုန်ကျငွေမှာ စင်ကာပူဒေါ်လာ ၂၂၆ သန်းကုန်ကျခဲ့ပြီးတမံ၏အရှည်မှာ ၃၅၀ မီတာရှိသည်။ Marina Barrage တွင် မြက်ခင်းပြင်များ ပြတိုက်များဖွင့်လှစ်ထားရှိပြီး ပြည်သူများလာရောက် အပန်းဖြေအနားယူနိုင်အောင် တစ်ပါတည်းဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။