အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား ပရိဝုဏ်တော်တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သိရီမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲနှင့် ရေစက်သွန်း အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ မတ္ ၁၁

ရန္ကုန္ေျမာက္ပုိင္းခ႐ုိင္အတြင္း သာသနာေရးဆုိင္ရာအခမ္းအနားမ်ား အဆင္ေျပေခ်ာေမြ႕စြာ က်င္းပျပဳလုပ္ ႏုိင္ရန္အတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားက အင္းစိန္ၿမိဳ႕နယ္၊ ေလာကခ်မ္းသာ အဘယလာဘမုနိ ေက်ာက္ေတာ္ႀကီး ဘုရားပရိ၀ုဏ္အတြင္း စုေပါင္းတည္ေဆာက္ လွဴဒါန္းသည့္ သီရိမဂၤလာမဟာသာသနာ့ ဗိမာန္ေတာ္ႀကီးဖြင့္ပြဲႏွင့္ ေရစက္သြန္းေအာင္ပြဲ မဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္သည္။

အဆုိပါအခမ္းအနားသုိ႔ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အင္းစိန္ၿမိဳ႕နယ္၊ ရြာမပရိယတၱိ စာသင္တုိက္ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ ဘဒၵႏၲတိေလာကာဘိ၀ံသႏွင့္ ႏုိင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္ၿမိဳ႕၊ မင္းေက်ာင္းပထမျပန္ စာသင္တုိက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲစႏၲိမာဘိ၀ံသ အမွဴးျပဳေသာ သံဃာေတာ္မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ရန္ကုန္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေစတနာရွင္အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ ၀တ္အသင္းအဖြဲ႕မ်ားႏွင့္ ဧည့္ပရိသတ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ရန္ကုန္တုိင္းေဒသႀကီး သာသနာေရးမွဴး ဦးစိန္ေမာ္ႏွင့္ အလွဴရွင္မ်ားကုိယ္စား ဦးျပည့္ၿဖိဳးေတဇတုိ႔က သာသနာ့ဗိမာန္ေတာ္ႀကီးအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က သာသနာ့ဗိမာန္ေတာ္ႀကီး အမည္စာတမ္းႏွင့္ မဂၤလာေမာ္ကြန္းကမၸည္းေက်ာက္စာအား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး အေမႊးနံ႔သာရည္ မ်ားပက္ဖ်န္း၍ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သာသနာ့ဗိမာန္ေတာ္ႀကီးအေပၚထပ္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီး၊ ပန္းမန္၊ ေသာက္ေတာ္ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အင္းစိန္ၿမိဳ႕နယ္၊ ရြာမပရိယတၱိစာသင္တုိက္ ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ ဘဒၵႏၲတိေလာကာဘိ၀ံသထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား ရြတ္ပြားသရဇၩာယ္ေတာ္မူၾကသည့္ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားအား နာယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတုိ႔သည္ အင္းစိန္ၿမိဳ႕နယ္၊ ရြာမပရိယတၱိ စာသင္တုိက္ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ ဘဒၵႏၲတိေလာကာဘိ၀ံသထံ သဒၶမၼသုံးျဖာ သာသနာေတာ္ျမတ္ႀကီးအတြက္ သာသနာ့ဗိမာန္ေတာ္ႀကီးကုိ သာဟတၳိကေျမာက္ ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားက သံဃာေတာ္အရွင္သူျမတ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း ၾကသည္။

ဆက္လက္ၿပီး သာသနာ့ဗိမာန္ေတာ္ႀကီး တည္ေဆာက္လွဴဒါန္းရျခင္းႏွင့္ စပ္လ်ဥ္း၍ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးက ရွင္းလင္းေလွ်ာက္ထားသည္။ ယင္းေနာက္ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာက သာသနာ့ဗိမာန္ေတာ္ႀကီးႏွင့္ သက္ဆုိင္သည့္ မွတ္တမ္းဓာတ္ပုံမ်ားႏွင့္ စာရြက္စာတမ္းမ်ားအား ရန္ကုန္တုိင္းေဒသႀကီး သာသနာေရးမွဴးထံသုိ႔ လႊဲေျပာင္းေပးအပ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သာသနာ့ဗိမာန္ေတာ္ႀကီး တည္ေဆာက္သည့္ ထူးကုမၸဏီမ်ားအုပ္စုအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ႏုိင္ငံေတာ္သံဃမဟာနာယက အက်ိဳးေတာ္ေဆာင္ သန္လ်င္ မင္းေက်ာင္းဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲစႏၵိမာဘိ၀ံသထံမွ အႏုေမာဒနာတရားနာၾကား၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က သီရိမဂၤလာဗိမာန္ေတာ္ႀကီး ဖြင့္ပြဲႏွင့္ ေရစက္သြန္းေအာင္ပြဲမဂၤလာ အခမ္းအနား ေအာင္ျမင္ျခင္းအထိမ္းအမွတ္ ရတနာေရႊမုိး၊ ေငြမုိးမ်ား ရြာသြန္းၿဖိဳးၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

အဆုိပါဗိမာန္ေတာ္ႀကီးအား ရန္ကုန္ေျမာက္ပုိင္းခ႐ုိင္အတြင္း ႏွစ္စဥ္က်င္းပျပဳလုပ္သည့္ သံဃာေတာ္မ်ား စာျပန္ပြဲႏွင့္စာေမးပြဲမ်ားက်င္းပျခင္း၊ ဓမၼသဘင္အခမ္းအနားမ်ား က်င္းပျခင္းႏွင့္ အျခားသာသနာေရးဆုိင္ရာ အခမ္းအနားမ်ားအား အခက္အခဲမရွိ အဆင္ေျပေခ်ာေမြ႕စြာ က်င္းပႏုိင္ရန္အတြက္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္း၍ အလွဴေငြက်ပ္သိန္းေပါင္း ၁၉၀၀၀ ေက်ာ္ျဖင့္ ၂၀၁၇ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔တြင္ စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ သာသနာ့ဗိမာန္ေတာ္ႀကီးအေပၚထပ္တြင္ သာသနာေရးဆုိင္ရာ အခမ္းအနားမ်ားက်င္းပရာသုိ႔ ေထရ္ႀကီး၊ ၀ါႀကီး၊ ဆရာေတာ္သံဃာေတာ္မ်ား လြယ္ကူစြာ တက္ဆင္းၾကြေရာက္ႏုိင္ေရးအတြက္ ဓါတ္ေလွကားတစ္စင္းကုိလည္း ဆက္လက္တပ္ဆင္ လွဴဒါန္းသြားမည္ ျဖစ္သည္။ ဗိမာန္ေတာ္ႀကီးအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ျဖင့္ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ုံးမွ ဒီဇုိင္းပုံစံထုတ္လုပ္၍ တာ၀န္ယူႀကီးၾကပ္မႈျဖင့္ ထူးကုမၸဏီမ်ားအုပ္စုက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဗိမာန္ေတာ္ႀကီးမွာ အလ်ား ၁၆၈ ေပ၊ အနံ ၇၂ေပရွိ သံကူကြန္ကရစ္ ႏွစ္ထပ္ဗိမာန္ေတာ္ႀကီးျဖစ္ၿပီး ျမန္မာမႈလက္ရာမ်ားျဖင့္ ခမ္းနားစြာ တည္ေဆာက္ထားျခင္းျဖစ္ကာ ဗိမာန္ေတာ္ႀကီးအတြင္း သံဃာေတာ္အပါး ၅၀၀ ခန္႔ တစ္ၿပိဳင္တည္းစာျပန္ပြဲျပဳလုပ္ႏုိင္ၿပီး ဓမၼသဘင္အခမ္းအနားမ်ား၊ အျခား ဘာသာေရး၊ သာသနာေရး အခမ္းအနားမ်ားအတြက္ ပရိသတ္ဦးေရ ၁၅၀၀ ၀င္ဆန္႔မႈရွိပါသည္။

(Unicode Version)

အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား ပရိ၀ုဏ်တော်တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သိရီမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲနှင့် ရေစက်သွန်း အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း သာသနာရေးဆိုင်ရာအခမ်းအနားများ အဆင်ပြေချောမွေ့စွာ ကျင်းပပြုလုပ် နိုင်ရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များက အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီး ဘုရားပရိ၀ုဏ်အတွင်း စုပေါင်းတည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်ကြီးဖွင့်ပွဲနှင့် ရေစက်သွန်းအောင်ပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလောကာဘိ၀ံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္တိမာဘိ၀ံသ အမှူးပြုသော သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ၀တ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်နှင့် အလှူရှင်များကိုယ်စား ဦးပြည့်ဖြိုးတေဇတို့က သာသနာ့ဗိမာန်တော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနာ့ဗိမာန်တော်ကြီး အမည်စာတမ်းနှင့် မင်္ဂလာမော်ကွန်းကမ္ပည်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် များပက်ဖျန်း၍ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာသနာ့ဗိမာန်တော်ကြီးအပေါ်ထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလောကာဘိ၀ံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များအား နာယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလောကာဘိ၀ံသထံ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးအတွက် သာသနာ့ဗိမာန်တော်ကြီးကို သာဟတ္ထိကမြောက် ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်ပြီး သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက သာသနာ့ဗိမာန်တော်ကြီးနှင့် သက်ဆိုင်သည့် မှတ်တမ်းဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်သည့် ထူးကုမ္ပဏီများအုပ်စုအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိ၀ံသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သီရိမင်္ဂလာဗိမာန်တော်ကြီး ဖွင့်ပွဲနှင့် ရေစက်သွန်းအောင်ပွဲမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါဗိမာန်တော်ကြီးအား ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း နှစ်စဉ်ကျင်းပပြုလုပ်သည့် သံဃာတော်များ စာပြန်ပွဲနှင့်စာမေးပွဲများကျင်းပခြင်း၊ ဓမ္မသဘင်အခမ်းအနားများ ကျင်းပခြင်းနှင့် အခြားသာသနာရေးဆိုင်ရာ အခမ်းအနားများအား အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ အလှူငွေကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော်ဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သာသနာ့ဗိမာန်တော်ကြီးအပေါ်ထပ်တွင် သာသနာရေးဆိုင်ရာ အခမ်းအနားများကျင်းပရာသို့ ထေရ်ကြီး၊ ၀ါကြီး၊ ဆရာတော်သံဃာတော်များ လွယ်ကူစွာ တက်ဆင်းကြွရောက်နိုင်ရေးအတွက် ဓါတ်လှေကားတစ်စင်းကိုလည်း ဆက်လက်တပ်ဆင် လှူဒါန်းသွားမည် ဖြစ်သည်။ ဗိမာန်တော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်ဖြင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒီဇိုင်းပုံစံထုတ်လုပ်၍ တာဝန်ယူကြီးကြပ်မှုဖြင့် ထူးကုမ္ပဏီများအုပ်စုက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဗိမာန်တော်ကြီးမှာ အလျား ၁၆၈ ပေ၊ အနံ ရ၂ပေရှိ သံကူကွန်ကရစ် နှစ်ထပ်ဗိမာန်တော်ကြီးဖြစ်ပြီး မြန်မာမှုလက်ရာများဖြင့် ခမ်းနားစွာ တည်ဆောက်ထားခြင်းဖြစ်ကာ ဗိမာန်တော်ကြီးအတွင်း သံဃာတော်အပါး ၅၀၀ ခန့် တစ်ပြိုင်တည်းစာပြန်ပွဲပြုလုပ်နိုင်ပြီး ဓမ္မသဘင်အခမ်းအနားများ၊ အခြား ဘာသာရေး၊ သာသနာရေး အခမ်းအနားများအတွက် ပရိသတ်ဦးရေ ၁၅၀၀ ၀င်ဆန့်မှုရှိပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။