တပ်ဌာနချုပ်သို့ ဝင်ရောက်တိုက်ခိုက်သည့် KIA အကြမ်းဖက်သောင်းကျန်းသူများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သည့် တနိုင်းမြို့နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရင်းရင်းနှီးနှီးတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ ၁၈

မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ႏုိင္ငံေတာ္အစုိးရ၏ အုပ္ခ်ဳပ္မႈယႏၲရားႏွင့္ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္မ်ားကုိ ထိပါးလာလွ်င္ ကာကြယ္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တုိင္းရင္းသားမ်ားကုိ တုိက္ခုိက္ေနျခင္း၊ ဘာသာေရးကုိ တုိက္ခုိက္ေနျခင္းမဟုတ္ဘဲ ႏုိင္ငံေတာ္ႏွင့္ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္မ်ားကုိ ကာကြယ္ေစာင့္ေရွာက္ေနျခင္း သာျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔ညေနပုိင္းတြင္ တႏုိင္းတပ္နယ္၊ ရွာဒူဇြပ္ေက်းရြာရွိ နယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ နယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတြင္ KIA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက တပ္ရင္းဌာနခ်ဳပ္အား အလစ္အငုိက္လာေရာက္ တုိက္ခုိက္ခဲ့ေသာ္လည္း တပ္ရင္းရွိ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစု၀င္မ်ားက ရြပ္ရြပ္ခြၽံခြၽံ ျပန္လည္တုိက္ခုိက္ခဲ့သျဖင့္ KIA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအထိနာၿပီး ျပန္လည္ဆုတ္ခြာ ထြက္ေျပးသြားခဲ့ရေၾကာင္း၊ ၎အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားသည္ ေဒသေကာင္းစားေရး၊ တုိင္းရင္းသားမ်ားေကာင္းစားေရး၊ တုိင္းျပည္ေကာင္းစားေရး အတြက္ ေဆာင္ရြက္ေနျခင္းမဟုတ္ဘဲ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ၎တုိ႔၏ ကုိယ္က်ိဳးစီးပြားမ်ားအတြက္ အၾကမ္းဖက္လုပ္ငန္းမ်ားကုိသာ ေဆာင္ရြက္ေနသည္ကုိေတြ႕ရွိရေၾကာင္း၊ ယခင္ဗမာျပည္ကြန္ျမဴနစ္ပါတီသည္ တည္ဆဲအစုိးရကုိ လက္နက္ကုိင္ၿပီးတုိက္ခုိက္ခဲ့သျဖင့္ တပ္မေတာ္မွကာကြယ္ခဲ့ရၿပီး တုိင္းျပည္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ မဆုံး႐ႈံးရေအာင္၊ ျပည္ေထာင္စုႀကီးမၿပိဳကြဲေအာင္ တပ္မေတာ္မွ ထိန္းသိမ္းေဆာင္ရြက္ခဲ့ရေၾကာင္း၊ မိမိတုိ႔ေဒသအတြက္၊ မိမိတုိ႔တုိင္းရင္းသားမ်ားအတြက္၊ မိမိတုိ႔ တုိင္းျပည္အတြက္ ေဆာင္ရြက္လုိလွ်င္ ဥပေဒႏွင့္အညီေဆာင္ရြက္၍ရသည့္ နည္းလမ္းမ်ားရွိေၾကာင္း၊ ဒီမုိကေရစီစနစ္ကုိ ေလွ်ာက္လွမ္းရာတြင္ လက္နက္ကုိင္လမ္းစဥ္ျဖင့္ ေဆာင္ရြက္၍မရေၾကာင္း၊ ယခုအခါ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ မိမိတုိ႔အေနျဖင့္ NCA ျဖင့္ေဆာင္ရြက္ လ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ နယ္ေျမခံတပ္ရင္းမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအေနျဖင့္ မိမိတုိ႔တပ္ရင္းအား KIA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား လာေရာက္တုိက္ခုိက္စဥ္ ရြပ္ရြပ္ခြၽံခြၽံ ျပန္လည္တုိက္ခုိက္ခဲ့ျခင္းသည္ တရားေသာစစ္ကုိ ဆင္ႏြဲျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္တြင္ စစ္သည္မ်ားသာမက မွီခုိသူရဲေမမ်ား အားလည္း စစ္ပညာမ်ား သင္ၾကားေပးၿပီး တစ္ဦးခ်င္းေလ့က်င့္မႈကုိ စနစ္တက် ေဆာင္ရြက္ေလ့က်င့္ ခဲ့သည့္အတြက္ ယခုကဲ့သုိ႔ႀကဳံေတြ႕လာရသည့္အခါ ထိထိေရာက္ေရာက္အသုံးခ်ၿပီး ျပန္လည္တုိက္ခုိက္ ႏုိင္ျခင္းျဖစ္ေၾကာင္း၊ အႏၲရာယ္က်ေရာက္ပါက မိခင္စိတ္ျဖင့္ မိမိတုိ႔သားသမီး၊ မိသားစု၀င္မ်ားကုိ ကာကြယ္ေပးသည့္ စိတ္ရွိေၾကာင္း၊ ျဖစ္စဥ္ျဖစ္ပြားခ်ိန္တြင္ မိမိတုိ႔သားသမီးမ်ားကုိ အကာအကြယ္ေပးရမည္ ဆုိသည့္စိတ္၊ ေနရာဌာနကုိ အထိမခံဘူးဆုိသည့္ မိခင္စိတ္ျဖင့္ ေဆာင္ရြက္ခဲ့သည့္အတြက္ ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း၊ အလားတူ မိမိတုိ႔တပ္ဌာနခ်ဳပ္မ်ားကုိ ေသာင္းက်န္းသူမ်ားက လာေရာက္တုိက္ခိုက္ သည့္ ျဖစ္စဥ္မ်ားတြင္ တပ္မ်ားမွ မိသားစု၀င္မ်ားက ရြပ္ရြပ္ခြၽံခြၽံ ျပန္လည္တုိက္ခုိက္ခဲ့ၾကသည္ကုိ ဂုဏ္ယူဖြယ္ေတြ႕ျမင္ရေၾကာင္း၊ တပ္မေတာ္သား မိသားစု၀င္ရဲေမမ်ားသည္ တပ္မေတာ္၏ အဓိကအရန္ အင္အားမ်ားပင္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ တပ္မေတာ္သားမိသားစု၀င္မ်ား စည္းလုံးညီၫြတ္စြာျဖင့္ ေသာင္းက်န္းသူမ်ားအား ျပန္လည္တုိက္ခုိက္ေခ်မႈန္းႏုိင္ျခင္းသည္ တပ္မေတာ္၏ “အား” တစ္ခုပင္ျဖစ္ေၾကာင္း၊ ယခုေဆာင္ရြက္ခ်က္မ်ားသည္ မိမိတုိ႔၏သမုိင္း၊ တပ္ဌာနခ်ဳပ္၏သမုိင္း၊ တပ္မေတာ္၏သမုိင္းျဖစ္၍ ထိန္းသိမ္း လက္ဆင့္ကမ္းေပးၾကရန္လုိေၾကာင္း၊ တပ္မေတာ္အတြင္း တာ၀န္ထမ္္းေဆာင္ေနသည့္ အရာရွိ၊ စစ္သည္၊ မိသားစုအားလုံးမွာ ေနရာေဒသအႏွံ႔မွ တုိင္းရင္းသား ညီအစ္ကုိေမာင္ႏွမမ်ား ျဖစ္ၿပီး တပ္တြင္းစည္းလုံး ညီၫြတ္မႈရွိစြာျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ယခုအခါတပ္မေတာ္ကုိ Standard Army အျဖစ္တည္ေဆာက္္လ်က္ရွိရာ မိမိတုိ႔ တပ္မေတာ္သားမ်ား အတတ္ပညာ၊ အတန္းပညာမ်ား ျမင့္မားေရးေဆာင္ရြက္ခဲ့ေၾကာင္း၊ ထုိ႔အျပင္ မိမိတုိ႔ သတ္မွတ္ထားသည့္ အခ်ိန္ကာလႏွင့္ ႀကိဳးစားအားထုတ္္မႈမ်ားအလုိက္ ရာထူးတုိးျမႇင့္ေပးျခင္းမ်ား ေဆာင္ရြက္ေပး ထားေၾကာင္း၊ မိမိတုိ႔အဆင့္ႏွင့္ေလ်ာ္ညီသည့္ ခံစားမႈမ်ားေပးထားေၾကာင္း၊ တပ္မေတာ္မွ ေနေရး၊ ထုိင္ေရး၊ စားေရးအတြက္ အဆင္ေျပေအာင္ ေဆာင္ရြက္ေပးထားေၾကာင္း၊ မိမိတုိ႔တပ္မေတာ္၏ တာ၀န္္မွာ တုိင္းျပည္ကာကြယ္ေရးမွာ ပထမတာ၀န္ျဖစ္ၿပီး တုိင္းျပည္တည္ေဆာက္ေရးမွာ ဒုတိယတာ၀န္ျဖစ္ ေၾကာင္း၊ မိမိတုိ႔သေဘာဆႏၵအေလ်ာက္ တပ္မေတာ္အတြင္း ၀င္ေရာက္လာၾကသူမ်ားျဖစ္ ၾကသျဖင့္ တပ္မေတာ္သားဘ၀ကုိ ေပ်ာ္ရႊင္စြာ ထမ္းေဆာင္လုိသည့္ စိတ္ေမြးျမဴရန္လုိေၾကာင္း၊ အဆင့္လုိက္ ေခါင္းေဆာင္မ်ားအေနျဖင့္ အုပ္ခ်ဳပ္မႈညီၫြတ္မွ်တရန္လုိေၾကာင္း၊ ခ်မွတ္ထားသည့္ အမိန္႔ႏွင့္ ၫႊန္ၾကားခ်က္မ်ား၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့့္အညီ မွန္ကန္စြာေဆာင္ရြက္လွ်င္ မိမိတုိ႔တပ္မေတာ္သည္ တုိးတက္မည္ျဖစ္ေၾကာင္း ရွင္းလင္းမွာၾကားသည္။

၎ေနာက္ တပ္ဌာနခ်ဳပ္မ်ားအလုိက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းသည္ တပ္မေတာ္သား မိသားစု၀င္မ်ား၏ စားေရးတြင္ အေထာက္အကူျဖစ္ေစရန္ျဖစ္ေၾကာင္း၊ ထုိ႔အတူ မိသားစုမ်ားအလုိက္ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားအား တတ္ႏုိင္သမွ်ေဆာင္ရြက္ရန္လုိၿပီး ထုိသုိ႔ေဆာင္ရြက္ျခင္းျဖင့္ မိမိတုိ႔၏စားေရးအတြက္ အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း၊ အလားတူ မိမိတုိ႔ မိသားစု၀င္ သားသမီးမ်ားကုိလည္း ပညာအေမြေပးရန္လုိၿပီး စာတတ္ေအာင္သင္ၾကား ေပးရန္လုိေၾကာင္း၊ ယခုေနရာသည္ ရာသီဥတုအေျပာင္းအလဲ ျမန္ဆန္ျပင္းထန္သျဖင့္ မိမိတို႔၏က်န္းမာေရးကုိလည္း ဂ႐ုျပဳၾကရန္လုိၿပီး အေသာက္အစား အေပ်ာ္အပါးမ်ားကုိ တတ္ႏုိင္သမွ် ေရွာင္က်ဥ္ရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ ပန္းေပါင္းစုံဗုဒၶ႐ုပ္ပြားေတာ္မ်ား၊ သမၼာက်မ္းစာအုပ္မ်ား၊ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာ မ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရး အသင္းအတြက္ ရန္ပုံေငြမ်ားကုိလည္းေကာင္း အသီးသီးေပးအပ္ရာ တပ္ရင္းမွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား ကလက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးတုိ႔က တပ္ရင္းမွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ/ရသစာအုပ္စာေစာင္မ်ား၊ အားကစားပစၥည္းမ်ားႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ား သည္ နယ္ေျမခံတပ္ရင္းမွ ရဲေမမ်ားႏွင့္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္ေန႔နံနက္ပုိင္းတြင္ KIA အၾကမ္းဖက္ ေသာင္းက်န္းသူအင္အား ၇၀ ဦးခန္႔ျဖင့္ အဆုိပါတပ္ရင္းဌာနခ်ဳပ္အား ေနရာ ၃ ေနရာမွ ၃ ႀကိမ္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ ၂၂ ရက္တြင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္လည္းေကာင္း အႀကိမ္ႀကိမ္ လာေရာက္ပစ္ခတ္တုိက္ခုိက္ခဲ့ရာ တပ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ ရဲေမမိသားစု၀င္မ်ားက ရြပ္ရြပ္ခြၽံခြၽံ ျပန္လည္ပစ္ခတ္ေခ်မႈန္း တုိက္ခုိက္ခဲ့သည္။ ျဖစ္စဥ္တြင္ မိမိဘက္မွ စစ္သည္ ၂ ဦး ႏုိင္ငံေတာ္အတြက္ အသက္စြန္႔လႊတ္ခဲ့ရသည္။ KIA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ေနာက္ခ်န္စစ္သည္မ်ားႏွင့္ မိသားစု၀င္မ်ားသာရွိသည့္ ေနာက္တန္းဌာနခ်ဳပ္အား စစ္ေရးအရ အျမတ္ထုတ္ရန္ရည္ရြယ္၍ အလစ္အငုိက္ တုိက္ခုိက္ခဲ့ေသာ္လည္း တပ္ဌာနခ်ဳပ္ရွိ စစ္သည္မ်ားႏွင့္ ရဲေမမိသားစု၀င္မ်ားက စည္းလုံးညီၫြတ္စြာျဖင့္ ရဲရဲ၀ံ့၀ံ့ ျပန္လည္တုိက္ခုိက္မႈေၾကာင့္ လာေရာက္တုိက္ခုိက္သည့္ အႀကိမ္တုိင္း ရန္သူမ်ား အက်အဆုံးမ်ားစြာျဖင့္ ဆုတ္ခြာထြက္ေျပးသြားခဲ့ရသည္။

(Unicode Version)

တပ်ဌာနချုပ်သို့ ၀င်ရောက်တိုက်ခိုက်သည့် KIA အကြမ်းဖက်သောင်းကျန်းသူများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သည့် တနိုင်းမြို့နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ မတ် ၁၈

မိမိတို့တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးလာလျှင် ကာကွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း၊ ဘာသာရေးကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နေခြင်း သာဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် တနိုင်းတပ်နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် KIA အကြမ်းဖက် သောင်းကျန်းသူများက တပ်ရင်းဌာနချုပ်အား အလစ်အငိုက်လာရောက် တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းရှိ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူများအထိနာပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရကြောင်း၊ ၎င်းအကြမ်းဖက် သောင်းကျန်းသူများသည် ဒေသကောင်းစားရေး၊ တိုင်းရင်းသားများကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေး အတွက် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြပြီး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အကြမ်းဖက်လုပ်ငန်းများကိုသာ ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ ယခင်ဗမာပြည်ကွန်မြူနစ်ပါတီသည် တည်ဆဲအစိုးရကို လက်နက်ကိုင်ပြီးတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှကာကွယ်ခဲ့ရပြီး တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးရအောင်၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ဒေသအတွက်၊ မိမိတို့တိုင်းရင်းသားများအတွက်၊ မိမိတို့ တိုင်းပြည်အတွက် ဆောင်ရွက်လိုလျှင် ဥပဒေနှင့်အညီဆောင်ရွက်၍ရသည့် နည်းလမ်းများရှိကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဆောင်ရွက်၍မရကြောင်း၊ ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် NCA ဖြင့်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့တပ်ရင်းအား KIA အကြမ်းဖက်သောင်းကျန်းသူများ လာရောက်တိုက်ခိုက်စဉ် ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းသည် တရားသောစစ်ကို ဆင်နွဲခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်တွင် စစ်သည်များသာမက မှီခိုသူရဲမေများ အားလည်း စစ်ပညာများ သင်ကြားပေးပြီး တစ်ဦးချင်းလေ့ကျင့်မှုကို စနစ်တကျ ဆောင်ရွက်လေ့ကျင့် ခဲ့သည့်အတွက် ယခုကဲ့သို့ကြုံတွေ့လာရသည့်အခါ ထိထိရောက်ရောက်အသုံးချပြီး ပြန်လည်တိုက်ခိုက် နိုင်ခြင်းဖြစ်ကြောင်း၊ အန္တရာယ်ကျရောက်ပါက မိခင်စိတ်ဖြင့် မိမိတို့သားသမီး၊ မိသားစုဝင်များကို ကာကွယ်ပေးသည့် စိတ်ရှိကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မိမိတို့သားသမီးများကို အကာအကွယ်ပေးရမည် ဆိုသည့်စိတ်၊ နေရာဌာနကို အထိမခံဘူးဆိုသည့် မိခင်စိတ်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုကြောင်း၊ အလားတူ မိမိတို့တပ်ဌာနချုပ်များကို သောင်းကျန်းသူများက လာရောက်တိုက်ခိုက် သည့် ဖြစ်စဉ်များတွင် တပ်များမှ မိသားစုဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း၊ တပ်မတော်သား မိသားစုဝင်ရဲမေများသည် တပ်မတော်၏ အဓိကအရန် အင်အားများပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တပ်မတော်သားမိသားစုဝင်များ စည်းလုံးညီညွတ်စွာဖြင့် သောင်းကျန်းသူများအား ပြန်လည်တိုက်ခိုက်ချေမှုန်းနိုင်ခြင်းသည် တပ်မတော်၏ “အား” တစ်ခုပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ချက်များသည် မိမိတို့၏သမိုင်း၊ တပ်ဌာနချုပ်၏သမိုင်း၊ တပ်မတော်၏သမိုင်းဖြစ်၍ ထိန်းသိမ်း လက်ဆင့်ကမ်းပေးကြရန်လိုကြောင်း၊ တပ်မတော်အတွင်း တာဝန်ထမ််းဆောင်နေသည့် အရာရှိ၊ စစ်သည်၊ မိသားစုအားလုံးမှာ နေရာဒေသအနှံ့မှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဖြစ်ပြီး တပ်တွင်းစည်းလုံး ညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ယင်းနောက် ယခုအခါတပ်မတော်ကို Standard Army အဖြစ်တည်ဆောက်လျက်ရှိရာ မိမိတို့ တပ်မတော်သားများ အတတ်ပညာ၊ အတန်းပညာများ မြင့်မားရေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့ သတ်မှတ်ထားသည့် အချိန်ကာလနှင့် ကြိုးစားအားထုတ််မှုများအလိုက် ရာထူးတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေး ထားကြောင်း၊ မိမိတို့အဆင့်နှင့်လျော်ညီသည့် ခံစားမှုများပေးထားကြောင်း၊ တပ်မတော်မှ နေရေး၊ ထိုင်ရေး၊ စားရေးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့တပ်မတော်၏ တာဝန််မှာ တိုင်းပြည်ကာကွယ်ရေးမှာ ပထမတာဝန်ဖြစ်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ဒုတိယတာဝန်ဖြစ် ကြောင်း၊ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်အတွင်း ၀င်ရောက်လာကြသူများဖြစ် ကြသဖြင့် တပ်မတော်သားဘဝကို ပျော်ရွှင်စွာ ထမ်းဆောင်လိုသည့် စိတ်မွေးမြူရန်လိုကြောင်း၊ အဆင့်လိုက် ခေါင်းဆောင်များအနေဖြင့် အုပ်ချုပ်မှုညီညွတ်မျှတရန်လိုကြောင်း၊ ချမှတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့့်အညီ မှန်ကန်စွာဆောင်ရွက်လျှင် မိမိတို့တပ်မတော်သည် တိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။

၎င်းနောက် တပ်ဌာနချုပ်များအလိုက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် တပ်မတော်သား မိသားစုဝင်များ၏ စားရေးတွင် အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း၊ ထို့အတူ မိသားစုများအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား တတ်နိုင်သမျှဆောင်ရွက်ရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏စားရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ မိသားစုဝင် သားသမီးများကိုလည်း ပညာအမွေပေးရန်လိုပြီး စာတတ်အောင်သင်ကြား ပေးရန်လိုကြောင်း၊ ယခုနေရာသည် ရာသီဥတုအပြောင်းအလဲ မြန်ဆန်ပြင်းထန်သဖြင့် မိမိတို့၏ကျန်းမာရေးကိုလည်း ဂရုပြုကြရန်လိုပြီး အသောက်အစား အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကျဉ်ရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ သမ္မာကျမ်းစာအုပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ရန်ပုံငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တပ်ရင်းမှအရာရှိ၊ စစ်သည်၊ မိသားစုများ ကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးတို့က တပ်ရင်းမှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ/ရသစာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် နယ်မြေခံတပ်ရင်းမှ ရဲမေများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်းသူအင်အား ရ၀ ဦးခန့်ဖြင့် အဆိုပါတပ်ရင်းဌာနချုပ်အား နေရာ ၃ နေရာမှ ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် ရဲမေမိသားစုဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ပစ်ခတ်ချေမှုန်း တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသည်။ KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နောက်ချန်စစ်သည်များနှင့် မိသားစုဝင်များသာရှိသည့် နောက်တန်းဌာနချုပ်အား စစ်ရေးအရ အမြတ်ထုတ်ရန်ရည်ရွယ်၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သော်လည်း တပ်ဌာနချုပ်ရှိ စစ်သည်များနှင့် ရဲမေမိသားစုဝင်များက စည်းလုံးညီညွတ်စွာဖြင့် ရဲရဲဝံ့ဝံ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လာရောက်တိုက်ခိုက်သည့် အကြိမ်တိုင်း ရန်သူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။