နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အတွက်လိုအပ်သည်များကို အမြဲတမ်းပြင်ဆင်ဆောင်ရွက် နေရမည်ဖြစ်

ေနျပည္ေတာ္၊ မတ္ – ၁၉

မိမိတုိ႔ တပ္မေတာ္သားမ်ားသည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရန္ အတြက္ မိမိတုိ႔ သေဘာ ဆႏၵအေလ်ာက္ တပ္မေတာ္တြင္းသုိ႔၀င္ေရာက္အမႈထမ္း ေနၾကျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ဆုိသည္မွာ လုိအပ္လွ်င္မိမိတုိ႔၏ အသက္၊ ခႏၶာကုိယ္ကုိေပးဆပ္ရသည္မ်ားရွိၿပီး ကာကြယ္ေရး တာ၀န္ထမ္းေဆာင္ရန္ အတြက္လုိအပ္သည္မ်ားကုိအၿမဲတမ္း ျပင္ဆင္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္တြင္အဆင့္အလုိက္သင္တန္းမ်ားအားစနစ္တက်သင္ၾကား ေလ့က်င့္ေပး လ်က္ရွိၿပီး သင္ၾကားေပး လုိက္သည့္ စစ္ပညာမ်ားကုိလက္ေတြ႕နယ္ပယ္တြင္ အျပည့္အ၀ အသုံးခ်ရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔ညေနပုိင္းတြင္ ပူတာအုိတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစု မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာ ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြ၊ ျပည္ထဲေရး ၀န္ႀကီးဌာနဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စုိးတုိ႔လုိက္ပါၿပီး ယေန႔ ညေနပုိင္းတြင္ ပူတာအုိ ၿမိဳ႕သုိ႔ေရာက္ရွိရာ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ တုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ေဒသခံတုိင္းရင္းသား မ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ပူတာအုိတပ္နယ္မွအရာရွိ၊ စစ္သည္မိသားစုမ်ားအား ဗႏၶဳလခန္းမ၌ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ယေန႔ေခတ္ကာလသည္ နည္းပညာမ်ားဖြံ႕ၿဖိဳး တုိးတက္ လာၿပီး စစ္ဘက္နည္းပညာမ်ား၊ အသုံးအေဆာင္ပစၥည္းမ်ားလည္း အဆင့္ဆင့္တုိးတက္ေျပာင္းလဲလာေၾကာင္း၊ မိမိတုိ႔တပ္မေတာ္တြင္လည္း စစ္ဘက္အသုံးအေဆာင္ပစၥည္းမ်ား၊ လက္နက္ခဲယမ္းမ်ား အားလည္း ေခတ္ႏွင့္ ေလ်ာ္ညီစြာေျပာင္းလဲထုတ္လုပ္အသုံးျပဳလ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ တုိးတက္ေျပာင္းလဲလာ သည့္ လက္နက္ မ်ားစနစ္မ်ားႏွင့္ လုိက္ေလ်ာညီေထြျဖစ္သည့္ စစ္နည္းဗ်ဴဟာမ်ားကုိလည္းေလ့က်င့္ေဆာင္ရြက္ေနရ မည္ျဖစ္ေၾကာင္း၊ အဆုိပါ စစ္နည္းဗ်ဴဟာမ်ား၊ စစ္အတတ္ပညာမ်ားကုိလက္ေတြ႕ နယ္ပယ္တြင္ေျပာင္းလဲ က်င့္သုံး ေနရမည္ျဖစ္ေၾကာင္း၊ “ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ” ဆုိသည့္ေဆာင္ပုဒ္ႏွင့္အညီ ေဆာင္ရြက္ၾကရန္လုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္ မိမိတုိ႔တပ္မေတာ္တြင္ မွီခုိသူရဲေမမိသားစု၀င္မ်ားသည္ တပ္မေတာ္၏ အဓိကအရန္ အင္အားစု ပင္ျဖစ္ေၾကာင္း၊ ယခုကာလတြင္မိမိတုိ႔ႏုိင္ငံ၌ ျပည္တြင္းလက္နက္ ကုိင္ပဋိပကၡမ်ားမခ်ဳပ္ၿငိမ္းေသးေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔တပ္မေတာ္သားမိသားစု၀င္ မွီခိုသူရဲေမမ်ားအားလည္း စစ္ပညာမ်ားအား သင္ၾကား ေလ့က်င့္ေပးထားေၾကာင္း၊ ထုိသုိ႔ ေလ့က်င့္သင္ၾကားေပးခဲ့မႈမ်ားေၾကာင့္ ေသာင္းက်န္းသူမ်ား၀င္ ေရာက္တုိက္ခုိက္ခ်ိန္တြင္ စနစ္တက်ျပန္လည္တုိက္ခုိက္ႏုိင္ခဲ့ျခင္းျဖစ္သည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိသုိ႔ ေသာင္းက်န္းသူမ်ားအားျပန္လည္တုိက္ခုိက္ခဲ့သည့္ ရဲေမတစ္ခ်ိဳ႕ကုိလည္း ဂုဏ္ထူးေဆာင္လက္မွတ္မ်ား ခ်ီးျမႇင့္ ေပးအပ္ခဲ့ၿပီး ဆက္လက္၍လည္းေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ ေကာင္းမြန္သည့္ တပ္မေတာ္၏အစဥ္အလာကုိဆက္လက္ထိမ္းသိမ္းသြားၾကရမည္ျဖစ္ ေၾကာင္း၊ မိမိတုိ႔၏သမုိင္း ေကာင္းမ်ားကုိ မွတ္ေက်ာက္တင္ေအာင္ထိန္းသိမ္းေဆာင္ရြက္ သြားၾကရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔ႏုိင္ငံ၏ႏုိင္ငံေရးအေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ တပ္မေတာ္ အေပၚမုန္းတီးမႈျဖစ္ေပၚေအာင္ ေဆာင္ရြက္မႈမ်ားရွိေၾကာင္း၊ ႏုိင္ငံေရးတည္ၿငိမ္မႈရွိ ေအာင္ေဆာင္ရြက္ခ်ိန္တြင္ တုိက္ရင္းသား လက္နက္ကုိင္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယခုအခါတြင္ တပ္မေတာ္မွထာ၀ရၿငိမ္းခ်မ္းေရး ရရွိေအာင္ ေဆာင္ရြက္လ်က္ရွိၿပီး ဒီမုိကေရစီစနစ္ကုိေလွ်ာက္လွမ္းေနခ်ိန္တြင္လက္နက္ကုိင္ေျဖရွင္း ၍မရႏုိင္ေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္သားမ်ားအေနျဖင့္ မိမိတုိ႔ႏုိင္ငံကုိကာကြယ္ႏုိင္ရန္ႏွင့္ ေဒသဖြံ႕ၿဖိဳးေရး တုိးတက္ေအာင္ ေဆာင္ရြက္ၾကရန္လုိေၾကာင္း။

၎ေနာက္ ဘဂၤလီကိစၥႏွင့္ပတ္သက္၍ေျပာၾကားရာတြင္ အဆုိပါဘဂၤါလီလူမ်ိဳး မ်ားသည္ ျမန္မာႏုိင္ငံ လြတ္လပ္ေရးဆုံး႐ႈံးခ်ိန္တြင္ ဘဂၤလားေဒသမွေခၚေဆာင္လာသည့္ လူမ်ားမွေပါက္ဖြားလာျခင္းျဖစ္ၿပီး မိမိတုိ႔ႏုိင္ငံမွတုိင္းရင္းသားမ်ားႏွင့္အသြင္သ႑န္အရ၊ ယဥ္ေက်းမႈအရတူညီမႈမ်ားမရွိဘဲ မိမိတုိ႔တုိင္းရင္းသား မ်ားမဟုတ္ေၾကာင္း၊ ၎တုိ႔မွာ ျမန္မာႏုိင္ငံအတြင္းေနထုိင္မႈၾကာလာသည္ႏွင့္အမွ် ႏုိင္ငံသားအျဖစ္ ေတာင္းဆုိမႈမ်ားေၾကာင့္ ယခုကဲ့သုိ႔ျပႆနာမ်ားျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း၊ အဆုိပါေဒသတြင္ မိမိတုိ႔တုိင္းရင္း သားလူမ်ိဳးမ်ားအား ဘဂၤါလီလူမ်ိဳးမ်ားမွ မ်ိဳးစုံၿခိမ္းေျခာက္လ်က္ရွိၿပီး ေဒသခံတုိင္းရင္းသားမ်ားကုိသာမက မိမိတို႔တပ္ဌာနခ်ဳပ္ စခန္းမ်ားကုိလည္း၀င္ေရာက္ တုိက္ခုိက္ခဲ့ေၾကာင္း၊ ျဖစ္စဥ္မွန္မ်ားအား ႏုိင္ငံတကာမွ မသိရွိဘဲ မိမိတုိ႔တပ္မေတာ္မွ တုိက္ခုိက္မႈမ်ားေၾကာင့္ တစ္ဖက္ႏုိင္ငံသုိ႔ထြက္ေျပးသြားသည္ဟုသာ စြပ္စြဲေျပာဆုိ လ်က္ရွိေၾကာင္း၊ တစ္ဖက္ႏုိင္ငံသုိ႔ထြက္ေျပးသြားသည့္ ဘဂၤါလီအမ်ားစုမွာ မိမိတုိ႔ တပ္ဌာနခ်ဳပ္ စခန္းမ်ား ကုိအၾကမ္းဖက္၀င္ေရာက္တုိက္ခိုက္ခ်ိန္တြင္ပါ၀င္သူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ား၊ ဘာသာစကား၊ ယဥ္ေက်းမႈမတူညီသျဖင့္ တူညီသည့္ ေဒသသုိ႔ေရႊ႕ေျပာင္းမႈမ်ားျဖစ္ႏုိင္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ သည္ ႏုိင္ငံေတာ္အား ကုိယ္စားျပဳသည့္လက္နက္ကုိင္အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ဘဂၤါလီ အေရးကိစၥမ်ားအား ဥပေဒႏွင့္အညီသာေဆာင္ရြက္လ်က္ရွိေၾကာင္းရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ယခုမိမိတုိ႔ေနထုိင္လ်က္ရွိသည့္ပူတာအုိေဒသသည္ သြားလာေရး ခက္ခဲသည့္ေဒသျဖစ္သျဖင့္ တပ္မေတာ္မွျဖည့္ဆည္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ စားေသာက္ေနထုိင္ေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေရး ႏွင့္တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေရး လုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ေနရန္လုိေၾကာင္း၊ ေဒသလုိအပ္ ခ်က္မ်ားကုိလည္း တတ္ႏုိင္သမွ်ကူညီေဆာင္ရြက္ၿပီး ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးကုိ လည္း၀ုိင္း၀န္းေဆာင္ရြက္ ရန္လုိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားသည္ ျပည္သူၾကားမွ ေပါက္ဖြားလာျခင္း ျဖစ္ၿပီး စုစည္းညီၫြတ္ သည့္အဖြဲ႕အစည္းတစ္ခုသာျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ျပည္သူမွ အားကုိးသည့္တပ္မေတာ္၊ ျပည္သူမ်ား အားကူညီေဆာင္ရြက္ ေပးသည့္တပ္မေတာ္ ျဖစ္ရန္လိုေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔ကတပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ ပန္းေပါင္းစုံဗုဒၶ႐ုပ္ပြားေတာ္မ်ား၊ ခရစ္ယာန္ဘာသာ၀င္မ်ား အတြက္ သမၼာက်မ္းစာအုပ္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရး အသင္းအတြက္ ရံပုံေငြမ်ားကုိလည္းေကာင္း အသီးသီးေပးအပ္ရာ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားက လက္ခံရယူၾကသည္။

ယင္းေနာက္ နယ္စပ္ေရးရာ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္တုိ႔က တပ္ရင္းမွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ/ရသစာအုပ္စာေစာင္မ်ား၊ အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအားအသီးသီးေပးအပ္ရာတာ၀န္ရွိ သူမ်ားကလက္ခံရ ယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္တက္ေရာက္ လာၾက သည့္ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အတွက်လိုအပ်သည်များကို အမြဲတမ်းပြင်ဆင်ဆောင်ရွက် နေရမည်ဖြစ်

နေပြည်တော်၊ မတ်  ၁၉

မိမိတို့ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အတွက် မိမိတို့ သဘော ဆန္ဒအလျောက် တပ်မတော်တွင်းသို့ဝင်ရောက်အမှုထမ်း နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ လိုအပ်လျှင်မိမိတို့၏ အသက်၊ ခန္ဓာကိုယ်ကိုပေးဆပ်ရသည်များရှိပြီး ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် အတွက်လိုအပ်သည်များကိုအမြဲတမ်း ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်တွင်အဆင့်အလိုက်သင်တန်းများအားစနစ်တကျသင်ကြား လေ့ကျင့်ပေး လျက်ရှိပြီး သင်ကြားပေး လိုက်သည့် စစ်ပညာများကိုလက်တွေ့နယ်ပယ်တွင် အပြည့်အ၀ အသုံးချရန်လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် ပူတာအိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့လိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပူတာအို မြို့သို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေသခံတိုင်းရင်းသား များကကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပူတာအိုတပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများအား ဗန္ဓုလခန်းမ၌တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကာလသည် နည်းပညာများဖွံ့ဖြိုး တိုးတက် လာပြီး စစ်ဘက်နည်းပညာများ၊ အသုံးအဆောင်ပစ္စည်းများလည်း အဆင့်ဆင့်တိုးတက်ပြောင်းလဲလာကြောင်း၊ မိမိတို့တပ်မတော်တွင်လည်း စစ်ဘက်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ အားလည်း ခေတ်နှင့် လျော်ညီစွာပြောင်းလဲထုတ်လုပ်အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့် တိုးတက်ပြောင်းလဲလာ သည့် လက်နက် များစနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် စစ်နည်းဗျူဟာများကိုလည်းလေ့ကျင့်ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ အဆိုပါ စစ်နည်းဗျူဟာများ၊ စစ်အတတ်ပညာများကိုလက်တွေ့ နယ်ပယ်တွင်ပြောင်းလဲ ကျင့်သုံး နေရမည်ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။

ယင်းနောက် မိမိတို့တပ်မတော်တွင် မှီခိုသူရဲမေမိသားစုဝင်များသည် တပ်မတော်၏ အဓိကအရန် အင်အားစု ပင်ဖြစ်ကြောင်း၊ ယခုကာလတွင်မိမိတို့နိုင်ငံ၌ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများမချုပ်ငြိမ်းသေးကြောင်း၊ ထို့ကြောင့်မိမိတို့တပ်မတော်သားမိသားစုဝင် မှီခိုသူရဲမေများအားလည်း စစ်ပညာများအား သင်ကြား လေ့ကျင့်ပေးထားကြောင်း၊ ထိုသို့ လေ့ကျင့်သင်ကြားပေးခဲ့မှုများကြောင့် သောင်းကျန်းသူများဝင် ရောက်တိုက်ခိုက်ချိန်တွင် စနစ်တကျပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ သောင်းကျန်းသူများအားပြန်လည်တိုက်ခိုက်ခဲ့သည့် ရဲမေတစ်ချို့ကိုလည်း ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့ပြီး ဆက်လက်၍လည်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် တပ်မတော်၏အစဉ်အလာကိုဆက်လက်ထိမ်းသိမ်းသွားကြရမည်ဖြစ် ကြောင်း၊ မိမိတို့၏သမိုင်း ကောင်းများကို မှတ်ကျောက်တင်အောင်ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့နိုင်ငံ၏နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် တပ်မတော် အပေါ်မုန်းတီးမှုဖြစ်ပေါ်အောင် ဆောင်ရွက်မှုများရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိ အောင်ဆောင်ရွက်ချိန်တွင် တိုက်ရင်းသား လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် တပ်မတော်မှထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းနေချိန်တွင်လက်နက်ကိုင်ဖြေရှင်း ၍မရနိုင်ကြောင်း၊ မိမိတို့ တပ်မတော်သားများအနေဖြင့် မိမိတို့နိုင်ငံကိုကာကွယ်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေး တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။

၎င်းနောက် ဘင်္ဂလီကိစ္စနှင့်ပတ်သက်၍ပြောကြားရာတွင် အဆိုပါဘင်္ဂါလီလူမျိုး များသည် မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးချိန်တွင် ဘင်္ဂလားဒေသမှခေါ်ဆောင်လာသည့် လူများမှပေါက်ဖွားလာခြင်းဖြစ်ပြီး မိမိတို့နိုင်ငံမှတိုင်းရင်းသားများနှင့်အသွင်သဏ္ဍန်အရ၊ ယဉ်ကျေးမှုအရတူညီမှုများမရှိဘဲ မိမိတို့တိုင်းရင်းသား များမဟုတ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံအတွင်းနေထိုင်မှုကြာလာသည်နှင့်အမျှ နိုင်ငံသားအဖြစ် တောင်းဆိုမှုများကြောင့် ယခုကဲ့သို့ပြဿနာများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသတွင် မိမိတို့တိုင်းရင်း သားလူမျိုးများအား ဘင်္ဂါလီလူမျိုးများမှ မျိုးစုံခြိမ်းခြောက်လျက်ရှိပြီး ဒေသခံတိုင်းရင်းသားများကိုသာမက မိမိတို့တပ်ဌာနချုပ် စခန်းများကိုလည်းဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှ မသိရှိဘဲ မိမိတို့တပ်မတော်မှ တိုက်ခိုက်မှုများကြောင့် တစ်ဖက်နိုင်ငံသို့ထွက်ပြေးသွားသည်ဟုသာ စွပ်စွဲပြောဆို လျက်ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီအများစုမှာ မိမိတို့ တပ်ဌာနချုပ် စခန်းများ ကိုအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ချိန်တွင်ပါဝင်သူများနှင့် ပတ်သက်ဆက်နွယ်သူများ၊ ဘာသာစကား၊ ယဉ်ကျေးမှုမတူညီသဖြင့် တူညီသည့် ဒေသသို့ရွှေ့ပြောင်းမှုများဖြစ်နိုင်ကြောင်း၊ မိမိတို့တပ်မတော် သည် နိုင်ငံတော်အား ကိုယ်စားပြုသည့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘင်္ဂါလီ အရေးကိစ္စများအား ဥပဒေနှင့်အညီသာဆောင်ရွက်လျက်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ယင်းနောက် ယခုမိမိတို့နေထိုင်လျက်ရှိသည့်ပူတာအိုဒေသသည် သွားလာရေး ခက်ခဲသည့်ဒေသဖြစ်သဖြင့် တပ်မတော်မှဖြည့်ဆည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသောက်နေထိုင်ရေးအတွက် တပ်ပိုင်စိုက်ပျိုးရေး နှင့်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နေရန်လိုကြောင်း၊ ဒေသလိုအပ် ချက်များကိုလည်း တတ်နိုင်သမျှကူညီဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လည်းဝိုင်းဝန်းဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွားလာခြင်း ဖြစ်ပြီး စုစည်းညီညွတ် သည့်အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူမှ အားကိုးသည့်တပ်မတော်၊ ပြည်သူများ အားကူညီဆောင်ရွက် ပေးသည့်တပ်မတော် ဖြစ်ရန်လိုကြောင်းမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ကတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ ခရစ်ယာန်ဘာသာဝင်များ အတွက် သမ္မာကျမ်းစာအုပ်များနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ရံပုံငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများက လက်ခံရယူကြသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က တပ်ရင်းမှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ/ရသစာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအားအသီးသီးပေးအပ်ရာတာဝန်ရှိ သူများကလက်ခံရ ယူကြသည်။ တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်တက်ရောက် လာကြ သည့် တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။