တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ မတ္  ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)  ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြတုိ႔လုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရး စခန္းသုိ႔သြားေရာက္ၾကည့္႐ႈ စစ္ေဆးသည္။

ဦးစြာ ရွင္းလင္းေဆာင္တြင္ တုိင္မွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြက ႏွစ္ရွည္ပင္မ်ားအား ပ်ိဳးဥယ်ာဥ္ျဖင့္ပ်ိဳး၍ စနစ္တက် စုိက္ပ်ိဳးထားရွိမႈ၊ ရာသီသီးႏွံမ်ားစုိက္ပ်ိဳးထားရွိမႈႏွင့္ ထြက္ရွိသည့္ ဟင္းသီးဟင္းရြက္မ်ားကုိ သက္သာေသာ ေစ်းႏႈန္းျဖင့္ ျဖန္႔ျဖဴးေရာင္းခ်ေပး ႏုိင္မႈ၊ Novogen Brown ဥစားၾကက္မ်ား၊ အသားတုိးၾကက္မ်ား၊ ေဒသၾကက္မ်ား၊ ထိန္စမ္းဆိတ္မ်ား၊ DYL ၀က္မ်ား၊ ႏုိ႔စားႏြားမ်ား၊ ေဒသႏြားမ်ားႏွင့္ ငါးမ်ားေမြးျမဴထားရွိမႈ၊ ထြက္ရွိလာသည့္အသားငါးမ်ား၊ ၾကက္ဥႏွင့္ႏြားႏုိ႕မ်ားအား သက္သာေခ်ာင္ခ်ိေသာ ေစ်းႏႈန္းျဖင့္ျဖန္႔ျဖဴးေရာင္းခ် ေပးႏုိင္မႈႏွင့္ သဘာ၀ေျမၾသဇာ(စူပါဘုိကာရွီ)ျပဳလုပ္သုံးစြဲမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈအေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းစစ္ဌာနခ်ဳပ္ ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရးၿခံမွ ထြက္ရွိသည့္ ဟင္းသီးဟင္းရြက္မ်ား၊ အသားငါးမ်ားႏွင့္ ၾကက္ဥမ်ားအား အရာရွိ၊ စစ္သည္မိသားစုမ်ား အတြက္ပုိလွ်ံပါက ၀န္ထမ္းမ်ားအား သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးျခင္းျဖင့္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ အခက္အခဲကုိ တစ္ဖက္တစ္လမ္းမွ ကူညီေျဖရွင္းေပးႏုိင္ေၾကာင္းမွာၾကားၿပီး ေမြးျမဴေရးလုပ္ငန္းမ်ား အားစနစ္ တက်ေမြးျမဴရန္၊ ၾကက္ဥမ်ားကုိျဖည့္စြက္အစားအစာတစ္ခုအျဖစ္ေကြၽးေမြးႏုိင္္ရန္၊ မိမိတုိ႔၏မိသားစု၀င္ ကေလးငယ္မ်ား အားအာဟာရရွိေအာင္ေကြၽးေမြးရန္ႏွင့္ ေဒသအလုိက္ျဖစ္ထြန္းသည့္ စုိက္ပ်ိဳးသီးႏွံမ်ားအား အဓိက စုိက္ပ်ိဳးရန္တုိ႔အားမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဘက္စုံစုိက္ပ်ိဳး ေမြးျမဴေရးစခန္းအတြင္းရွိ Novogen Brown ဥစားၾကက္မ်ားေမြးျမဴထားရွိမႈ၊ သဘာ၀ေျမၾသဇာ(စူပါဘုိကာရွီ)ျပဳလုပ္သုံးစြဲမႈႏွင့္ ႏုိ႕စားႏြား မ်ားေမြးျမဴထားရွိမႈတုိ႔အား လုိက္လံၾကည့္႐ႈစစ္ေဆးရာ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္း တင္ျပခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ်  ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီး များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းသို့သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် တိုင်မှူး ဗိုလ်ချုပ် ညီညီဆွေက နှစ်ရှည်ပင်များအား ပျိုးဥယျာဉ်ဖြင့်ပျိုး၍ စနစ်တကျ စိုက်ပျိုးထားရှိမှု၊ ရာသီသီးနှံများစိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး နိုင်မှု၊ Novogen Brown ဥစားကြက်များ၊ အသားတိုးကြက်များ၊ ဒေသကြက်များ၊ ထိန်စမ်းဆိတ်များ၊ DYL ဝက်များ၊ နို့စားနွားများ၊ ဒေသနွားများနှင့် ငါးများမွေးမြူထားရှိမှု၊ ထွက်ရှိလာသည့်အသားငါးများ၊ ကြက်ဥနှင့်နွားနို့များအား သက်သာချောင်ချိသော ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချ ပေးနိုင်မှုနှင့် သဘာဝမြေသြဇာ(စူပါဘိုကာရှီ)ပြုလုပ်သုံးစွဲမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများနှင့် ကြက်ဥများအား အရာရှိ၊ စစ်သည်မိသားစုများ အတွက်ပိုလျှံပါက ဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ကြောင်းမှာကြားပြီး မွေးမြူရေးလုပ်ငန်းများ အားစနစ် တကျမွေးမြူရန်၊ ကြက်ဥများကိုဖြည့်စွက်အစားအစာတစ်ခုအဖြစ်ကျွေးမွေးနိုင်ရန်၊ မိမိတို့၏မိသားစုဝင် ကလေးငယ်များ အားအာဟာရရှိအောင်ကျွေးမွေးရန်နှင့် ဒေသအလိုက်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများအား အဓိက စိုက်ပျိုးရန်တို့အားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းအတွင်းရှိ Novogen Brown ဥစားကြက်များမွေးမြူထားရှိမှု၊ သဘာဝမြေသြဇာ(စူပါဘိုကာရှီ)ပြုလုပ်သုံးစွဲမှုနှင့် နို့စားနွား များမွေးမြူထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။