တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ၊ ကောင်းမှုလုံစေတီတော်၊ မဟာတေဇဝန္တ ရွှေစည်းခုံစေတီတော်နှင့် မဟာတေဇဝန္တရွှေတိဂုံစေတီတော်တို့အား ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ မတ္  ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာ ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြ၊ ျပည္ထဲေရး ၀န္ႀကီးဌာနဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စုိးတုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ကခ်င္ ျပည္နယ္၊ ပူတာအုိခ႐ိုင္၊ မခ်မ္းေဘာ့ၿမိဳ႕နယ္ရွိ ေကာင္းမႈလုံေစတီေတာ္သုိ႔သြားေရာက္ ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေကာင္းမႈလုံေစတီေတာ္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳၿပီး သစ္သီး၊ ပန္း၊ ေရခ်မ္းႏွင့္ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ေဂါပကအဖြဲ႕ထံ အလွဴေငြမ်ားေပးအပ္လွဴဒါန္းၿပီး ေဂါပကအဖြဲ႕မွ တာ၀န္ရွိသူ တစ္ဦးက ဂုဏ္ျပဳမွတ္တမ္း လႊာျပန္လည္ေပးအပ္သည္။

၎ေနာက္ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ ဖူးေျမာ္ၾကည္ညိဳၿပီး မလိချမစ္ႏွင့္ဘုရားပရိ၀ုဏ္ ပတ္၀န္းက်င္ကုိ လွည့္လည္ၾကည့္႐ႈ၍ သာသနာ့နယ္ေျမသတ္မွတ္ႏုိင္ေရးကိစၥရပ္မ်ားႏွင့္ ေစတီေတာ္ႀကီး ပရိ၀ုဏ္အား အုတ္တံတုိင္းၿခံစည္း႐ုိးခတ္ရန္ကိစၥရပ္မ်ားအား ၫႇိႏႈိင္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေကာင္းမႈလုံ ေဒသခံမ်ားႏွင့္ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ၍ အမွတ္တရဓာတ္ပုံ႐ုိက္ၾကသည္။ အဆုိပါ ေကာင္းမႈလုံေစတီေတာ္သည္ ကခ်င္ျပည္နယ္၊ ပူတာအုိ ခ႐ုိင္၊ မခ်မ္းေဘာ့ၿမိဳ႕နယ္၊ ေကာင္းမႈလုံေက်းရြာအနီး မလိချမစ္၏အေရွ႕ဘက္ကမ္းပါးတြင္တည္ရွိသည္။

ေကာင္းမႈလုံေစတီေတာ္ႀကီးသည္ သီရိသုဓမၼာ ေသာကမင္းႀကီးတည္ထားကုိးကြယ္သည့္ ေစတီမ်ားထဲတြင္ တစ္ဆူအပါအ၀င္ျဖစ္သည့္ ေရွးေဟာင္းသမုိင္း၀င္ဆုေတာင္းျပည့္ ေစတီေတာ္ႀကီးျဖစ္သည္။ ေစတီေတာ္ႀကီး အား ေခတ္အဆက္ဆက္တာ၀န္ရွိသူမ်ားက ျပဳျပင္မြမ္းမံထိန္းသိမ္းခဲ့ၿပီး ႏုိင္ငံေတာ္သမၼတတာ၀န္ထမ္း ေဆာင္ခဲ့သည့္ ဦးသိန္းစိန္ ၂၀၁၄ ခုႏွစ္တြင္ ကခ်င္ျပည္နယ္ခရီးစဥ္အတြင္း ေကာင္းမႈလုံေစတီေတာ္ႀကီးအားဖူး ေျမာ္ခဲ့ပါသည္။ ထုိသုိ႔ဖူးေျမာ္ခ်ိန္တြင္ရင္ျပင္ ေတာ္ႏွင့္ေစတီေတာ္ႀကီးတြင္ အက္ေၾကာင္းမ်ားျဖစ္ေပၚပ်က္စီး ေနေၾကာင္းေတြ႕ရွိသျဖင့္ အလွဴရွင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ လွဴဒါန္းေငြမ်ားႏွင့္ အႀကီးစားျပဳျပင္ မြမ္းမံမႈ မ်ားျပဳလုပ္ခဲ့ေၾကာင္းသိရွိရသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ေကာင္းမႈလုံေစတီေတာ္ႏွင့္ တစ္ဆက္တည္းျဖစ္ေအာင္တည္ထားကုိးကြယ္ေသာ မဟာေတဇ၀ႏၲ ေရႊစည္းခုံေစတီေတာ္ႏွင့္ မဟာေတဇ၀ႏၲ ေရႊတိဂုံေစတီေတာ္တုိ႔အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္းမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ မခ်မ္းေဘာ့ၿမိဳ႕ရွိ သဘာ၀ေက်ာက္နဂါး ေစတီေတာ္သုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္းမ်ားကပ္ လွဴပူေဇာ္ခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ၊ ကောင်းမှုလုံစေတီတော်၊ မဟာတေဇဝန္တ ရွှေစည်းခုံစေတီတော်နှင့် မဟာတေဇဝန္တရွှေတိဂုံစေတီတော်တို့အား ဖူးမြော်ကြည်ညို

နေပြည်တော်၊ မတ်  ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်ထဲရေး ၀န်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ကချင် ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်သို့သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး သစ်သီး၊ ပန်း၊ ရေချမ်းနှင့်ဆီမီးများကပ်လှူပူဇော်သည်။ ယင်းနောက်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းပြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်သည်။

၎င်းနောက်စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး မလိခမြစ်နှင့်ဘုရားပရိ၀ုဏ် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု၍ သာသနာ့နယ်မြေသတ်မှတ်နိုင်ရေးကိစ္စရပ်များနှင့် စေတီတော်ကြီး ပရိ၀ုဏ်အား အုတ်တံတိုင်းခြံစည်းရိုးခတ်ရန်ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကောင်းမှုလုံ ဒေသခံများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ အဆိုပါ ကောင်းမှုလုံစေတီတော်သည် ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်၏အရှေ့ဘက်ကမ်းပါးတွင်တည်ရှိသည်။

ကောင်းမှုလုံစေတီတော်ကြီးသည် သီရိသုဓမ္မာ သောကမင်းကြီးတည်ထားကိုးကွယ်သည့် စေတီများထဲတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် စေတီတော်ကြီးဖြစ်သည်။ စေတီတော်ကြီး အား ခေတ်အဆက်ဆက်တာဝန်ရှိသူများက ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်သမ္မတတာဝန်ထမ်း ဆောင်ခဲ့သည့် ဦးသိန်းစိန် ၂၀၁၄ ခုနှစ်တွင် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကောင်းမှုလုံစေတီတော်ကြီးအားဖူး မြော်ခဲ့ပါသည်။ ထိုသို့ဖူးမြော်ချိန်တွင်ရင်ပြင် တော်နှင့်စေတီတော်ကြီးတွင် အက်ကြောင်းများဖြစ်ပေါ်ပျက်စီး နေကြောင်းတွေ့ရှိသဖြင့် အလှူရှင်များနှင့် ဒေသခံပြည်သူများ၏ လှူဒါန်းငွေများနှင့် အကြီးစားပြုပြင် မွမ်းမံမှု များပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်နှင့် တစ်ဆက်တည်းဖြစ်အောင်တည်ထားကိုးကွယ်သော မဟာတေဇဝန္တ ရွှေစည်းခုံစေတီတော်နှင့် မဟာတေဇဝန္တ ရွှေတိဂုံစေတီတော်တို့အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မချမ်းဘော့မြို့ရှိ သဘာဝကျောက်နဂါး စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများကပ် လှူပူဇော်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။