တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Mr. Iwao HORII အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏုိင္ငံ၊ လႊတ္ေတာ္ေရးရာ ႏုိင္ငံျခားေရးဒုတိယ၀န္ႀကီး H.E. Mr. Iwao HORII အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏုိင္ငံ၊ လႊတ္ေတာ္ေရးရာ ႏုိင္ငံျခားေရးဒုတိယ၀န္ႀကီးႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ရခုိင္ျပည္နယ္ေျမာက္ပုိင္း၊ ဘူးသီးေတာင္-ေမာင္ေတာ ေဒသအတြင္းမွ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သုိ႔ ထြက္ခြာသြားသည့္ ဘဂၤါလီမ်ားအား ျပန္လည္လက္ခံေရး ေဆာင္ရြက္ေနမႈႏွင့္ ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္ႏုိင္ငံ ၫႇိႏႈိင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ဂ်ပန္ႏုိင္ငံမွ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ေပးေနမႈ၊ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မွန္မ်ားအား ႏုိင္ငံတကာမွသိရွိေအာင္ ေဆာင္ရြက္ေရးကိစၥမ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ဂ်ပန္ႏုိင္ငံမွ ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏုိင္ငံ၊ လႊတ္ေတာ္ေရးရာႏုိင္ငံျခားေရး ဒုတိယ၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Mr. Iwao HORII အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mr. Iwao HORII အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်-မောင်တော ဒေသအတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့် ဘင်္ဂါလီများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဂျပန်နိုင်ငံမှ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးနေမှု၊ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှသိရှိအောင် ဆောင်ရွက်ရေးကိစ္စများနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာနိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။