(၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ၊ ရတုဘုရင် စာဆိုရှင် မြန်မာ့ယဉ်ကျေးမှုအနုပညာပြဇာတ်ဖြင့်ကပြဖျော်ဖြေ

ေနျပည္ေတာ္၊ မတ္ ၂၇

၂၀၁၈ ခုႏွစ္ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔အထိမ္းအမွတ္ဧည့္ခံပဲြႏွင့္ ဂုဏ္ျပဳညစာစားပဲြကို ယေန႔ညပိုင္းတြင္ ေနျပည္ေတာ္ရိွ ေဇယ်ာသီရိဗိမာန္ ဥပစာရင္ျပင္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ တို႔တက္ေရာက္ၾကသည္။ ဂုဏ္ျပဳညစာစားပဲြ စတင္က်င္းပခ်ိန္တြင္ (၇၃)ႏွစ္ ေျမာက္တပ္မေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ တပ္မေတာ္ေန႔စစ္ေရးျပကြင္းႏွင့္ ဘုရင့္ေနာင္ ရိပ္သာတို႔မွ မီး႐ႈးမီးပန္းမ်ားပစ္ေဖာက္ၾကသည္။

 

 

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးတို႔သည္ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ညိႇႏိႈင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီးတို႔ႏွင့္အတူ ၂၀၁၈ ခုႏွစ္ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔အထိမ္းအမွတ္ဧည့္ခံပဲြ ႏွင့္ဂုဏ္ျပဳညစာစားပဲြ အခမ္းအနားသို႔တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုေရြး ေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္း၊ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေအးသာေအာင္၊ လြတ္လပ္ေရးေမာ္ကြန္း၀င္ပထမအဆင့္၊ ဒုတိယအဆင့္ႏွင့္ တတိယအဆင့္ေမာ္ကြန္း၀င္ပုဂၢိဳလ္မ်ား၊ တပ္မေတာ္အၿငိမ္းစားအရာရွိႀကီးမ်ား၊ လႊတ္ေတာ္ ေကာ္မတီမ်ားမွ ဥကၠ႒မ်ား၊ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ၂၀၁၇ ခုႏွစ္တြင္သူရဘြဲ႔ႏွင့္ တပ္မေတာ္စြမ္းရည္သတၱိဆုိင္ရာ ဂုဏ္ထူးေဆာင္ဘြဲ႕/တံဆိပ္ရရွိခဲ့ၾကေသာ အရာရွိ၊ စစ္သည္မ်ားႏွင့္ အေမြ ခံမ်ား၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားမွကိုယ္စားလွယ္မ်ား၊ ျပည္သူ႕စစ္ႏွင့္နယ္ျခားေစာင့္ဗဟို အႀကံေပး ကြပ္ကဲေရး အဖြဲ႕မ်ား၊ ႏိုင္ငံျခားစစ္သံ႐ံုးမ်ားမွစစ္သံမွဴးမ်ားႏွင့္တာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းတုိ႕မွတာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံစစ္မႈ ထမ္းေဟာင္း အဖြဲ႕၀င္ မ်ား၊ တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ားမွတပ္ဖြဲ႕၀င္မ်ား၊ “စစ္ကုိမုန္း၍ တုိက္ခဲ့သည္” ဇာတ္လမ္းမွ အႏုပညာ ရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ ဆက္ၾကသည္။

 

 

(၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔အထိမ္းအမွတ္ဧည့္ခံပဲြႏွင့္ ဂုဏ္ျပဳညစာ စားပဲြတြင္ ညစာမသံုးေဆာင္မီႏွင့္ သံုးေဆာင္ေနစဥ္အတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)၊ ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ံုးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖဲြ႕အႏုပညာရွင္မ်ားႏွင့္ တပ္မေတာ္ေန႕ဂုဏ္ျပဳ ဇာတ္လမ္း “စစ္ကုိမုန္း၍ တုိက္ခဲ့သည္” ဇာတ္လမ္းမွ အႏုပညာရွင္မ်ားက ေတးသံသာမ်ားျဖင့္ ဧည့္ခံေဖ်ာ္ ေျဖၾကသည္။

 

 

ညစာစားပဲြအၿပီးတြင္ အခမ္းအနားသို႔တက္ေရာက္လာၾကသူမ်ားအား ေဇယ်ာသီရိဗိမာန္ သဘင္ေဆာင္ခန္းမ၌ ျမ၀တီအၿငိမ့္အဖဲြ႕ႏွင့္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရး တပ္ခဲြမ်ားမွ စစ္သည္၊ စစ္သမီးမ်ားက ရတုဘုရင္ စာဆုိရွင္ျပဇာတ္ျဖင့္ ကျပေဖ်ာ္ေျဖ တင္ဆက္ခဲ့ၾကသည္။ ျမန္မာ့ဇာတ္သဘင္ပညာ မတိမ္ေကာေစရန္ႏွင့္ ျမန္မာ့႐ိုးရာအႏုသုခုမ ပညာရပ္မ်ား ေဖာ္ထုတ္ထိန္းသိမ္းႏုိင္ရန္အတြက္ ယခုျပဇာတ္ႀကီးကို ျမန္မာ့ဇာတ္သဘင္ သမားစဥ္အတိုင္း စီစဥ္တင္ဆက္ျခင္းျဖစ္သည္။ ကျပေဖ်ာ္ေျဖပြဲအၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕၀င္မ်ားက သီဆိုကျပေဖ်ာ္ေျဖခဲ့ၾကသည့္ စစ္သည္၊ စစ္သမီးမ်ားအား အမွတ္တရဂုဏ္ျပဳပန္းျခင္းမ်ား ေပးအပ္ခဲ့ၾကသည္။

 

 

 

 

 

 

(Unicode Version)

(၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ၊ ရတုဘုရင် စာဆိုရှင် မြန်မာ့ယဉ်ကျေးမှုအနုပညာပြဇာတ်ဖြင့်ကပြဖျော်ဖြေ

နေပြည်တော်၊ မတ် ၂၇

၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၃)နှစ် မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှုးမီးပန်းများပစ်ဖောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီးတို့နှင့်အတူ ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ နှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွတ်လပ်ရေးမော်ကွန်းဝင်ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ၂၀၁၇ ခုနှစ်တွင်သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်ရရှိခဲ့ကြသော အရာရှိ၊ စစ်သည်များနှင့် အမွေ ခံများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်ဗဟို အကြံပေး ကွပ်ကဲရေး အဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှစစ်သံမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်း အဖွဲ့ဝင် များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှတပ်ဖွဲ့ဝင်များ၊ “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်လမ်းမှ အနုပညာ ရှင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ကြသည်။

(၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အနုပညာရှင်များနှင့် တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်း “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်လမ်းမှ အနုပညာရှင်များက တေးသံသာများဖြင့် ဧည့်ခံဖျော် ဖြေကြသည်။

ညစာစားပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမ၌ မြဝတီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ရတုဘုရင် စာဆိုရှင်ပြဇာတ်ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ မြန်မာ့ဇာတ်သဘင်ပညာ မတိမ်ကောစေရန်နှင့် မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်အတွက် ယခုပြဇာတ်ကြီးကို မြန်မာ့ဇာတ်သဘင် သမားစဉ်အတိုင်း စီစဉ်တင်ဆက်ခြင်းဖြစ်သည်။ ကပြဖျော်ဖြေပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။