ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လေသူရဲ ဗိုလ်မှူးအာကာဝင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြု

ေနျပည္ေတာ္ ၊ ဧၿပီ – ၄

ေတာင္ငူေလတပ္စခန္းဌာနခ်ဳပ္မွ ေလသူရဲ ဗုိလ္မွဴး အာကာ၀င္း ေမာင္းႏွင္သည့္ အက္ဖ္- ၇ ေလယာဥ္သည္ ေလ့က်င့္ပ်ံသန္းမႈေဆာင္ရြက္ေနစဥ္ အင္ဂ်င္ခ်ဳိ႕ယြင္း၍ ပ်က္က်ခဲ့မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ အေသးစိတ္ သိရွိႏိုင္ရန္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ႏွင့္ တပ္မေတာ္(ေလ)မွပညာရွင္မ်ားပါ၀င္ေသာ အဖြဲ႕သည္ ယေန႕နံနက္ပုိင္းတြင္ ေတာင္ငူေလတပ္စခန္းဌာနခ်ဳပ္ႏွင့္ ျဖစ္စဥ္ျဖစ္ပြားရာေနရာသုိ႕ သြားေရာက္ခဲ့ၿပီး ပ်က္က်ေလယာဥ္အစိတ္အပိုင္းမ်ားအား စစ္ေဆးျခင္းႏွင့္ မ်က္ျမင္ ေတြ႕ရွိခဲ့သည့္ ေဒသခံျပည္သူမ်ားအား ေတြ႕ဆံုေမးျမန္းျခင္းမ်ား ေဆာင္ရြက္ခဲ့ပါသည္။

ျဖစ္စဥ္အေနျဖင့္ ေလယာဥ္မွဴး ဗုိလ္မွဴး အာကာ၀င္းသည္ ဧၿပီ ၃ ရက္ နံနက္ ၁၀ နာရီ ၃၆ မိနစ္တြင္ ေလယာဥ္ေလ့က်င့္ပ်ံသန္းမႈစတင္ခဲ့ၿပီး ၁၀ နာရီ ၄၄ မိနစ္တြင္ ေလယာဥ္ျပန္လည္ဆင္းသက္ရန္အတြက္ ေလေၾကာင္းထိန္းတာ၀ါသုိ႕ သတင္းပို႕ခဲ့ကာ ေလယာဥ္ဆင္းပတ္လမ္းအတြင္းသုိ႕ ခ်ဥ္းကပ္၀င္ေရာက္စဥ္ စက္ခ်ဳိ႕ယြင္းမႈျဖစ္ပြားခဲ့သျဖင့္ အင္ဂ်င္စက္ရပ္တန္႕မႈျဖစ္ပြားခဲ့ေၾကာင္း ေလေၾကာင္းထိန္းတာ၀ါသုိ႕ ၁၀ နာရီ ၄၅ မိနစ္တြင္ ထပ္မံသတင္းပုိ႕ခဲ့ပါသည္။ ထုိသုိ႕ျဖစ္ပြားခ်ိန္တြင္ အေနာက္မွ ေမာင္းႏွင္လုိက္ပါ လာေသာ အက္ဖ္ – ၇ ေလ့က်င့္ေရး ေလယာဥ္တစ္စီးရွိ ၀ါရင့္ေလသူရဲတစ္ဦးက (Air Start) (ေလထဲတြင္ စက္ႏႈိးျခင္း) ျပဳလုပ္ရန္ ႏွင့္ စက္မႏုိးပါက လုပ္ေဆာင္သင့္သည္မ်ားကုိ လုပ္ေဆာင္ သြားရန္ ညႊန္ၾကားခဲ့ပါသည္။

ေလယာဥ္မွဴး ဗိုလ္မွဴး အာကာ၀င္းသည္ ၎ေနရာမွ ၃၀ စကၠန္႕အထိ ေလယာဥ္စက္ျပန္ႏိုးရန္ ႀကိဳးစား ခဲ့ေသာ္လည္း စက္ႏုိးျခင္းမရွိသျဖင့္ အျမင့္မီတာ ၃၀၀ ႏွင့္ ပ်ံသန္းႏႈန္း ၁ နာရီ ၃၂၀ ကီလိုမီတာႏႈန္း သုိ႕ေရာက္ရွိခ်ိန္တြင္ အေရးေပၚ အသက္ကယ္ေလထီးပါထုိင္ခုံျဖင့္ ခုန္ထြက္မည္ျဖစ္ေၾကာင္း တာ၀ါသုိ႕ထပ္မံ သတင္းပို႔ခဲ့ပါသည္။

မ်က္ျမင္စစ္ေဆးခ်က္မ်ားႏွင့္ ကြၽန္းကုန္းေက်းရြာမွ ေက်းရြာသားအခ်ဳိ႕၏ မ်က္ျမင္ေတြ႕ရွိေျပာၾကားခ်က္ မ်ားအရ ၎ေနရာသည္ အင္ဒုိင္းရြာအထက္ အျမင့္မီတာ ၃၀၀ ခန္႔တြင္ ေရာက္ရွိေနၿပီး ေလယာဥ္၏ ဦးတည္ရာအရပ္မွာ ကြၽန္းကုန္းရြာသို႔ ဦးတည္လ်က္ရွိေၾကာင္း ေတြ႕ရွိရပါသည္။ ထိုအခ်ိန္တြင္ အေရးေပၚ ေလထီးျဖင့္ ခုန္ထြက္မည္ဆိုပါက ေလသူရဲတစ္ဦးအတြက္ လံုေလာက္သည့္ အခ်ိန္ႏွင့္ အျမင့္ေပတြင္ ရွိ ေနႏိုင္ၿပီး အသက္အႏၲရာယ္လြတ္ကင္းႏိုင္သည့္ အေျခအေနရွိေၾကာင္းေတြ႕ရွိရေသာ္လည္း အသက္ကယ္ ေလထီးပါထိုင္ခံု၏ တြန္းကန္အားေၾကာင့္ ေလယာဥ္ေပၚ ဖိအားသက္ေရာက္ေစ၍ ကြၽန္းကုန္းရြာအတြင္းသို႔ ေလယာဥ္ပ်က္က်ႏိုင္သည့္ အေနအထားတြင္ရွိေၾကာင္းေတြ႕ရွိရပါသည္။ ေလသူရဲ ဗိုလ္မွဴး အာကာ၀င္း သည္ ၎ေနရာတြင္ အေရးေပၚခုန္ထြက္ျခင္းကုိ ျပဳလုပ္ခဲ့ျခင္းမရွိဘဲ ေလယာဥ္အား ႀကိဳးစား၍ ဆက္လက္ ထိန္းသိမ္း ခဲ့ၿပီး ကြၽန္းကုန္းရြာအလြန္ ေျမျပင္မွအျမင့္ေပ ၃၀ မီတာခန္႔ ေရာက္ရွိခ်ိန္မွာသာ အေရးေပၚခုန္ထြက္ျခင္း ျပဳလုပ္ ခဲ့ေၾကာင္းေတြ႕ရွိရသည္။ သို႔ျဖစ္၍လံုေလာက္သည့္ အခ်ိန္ႏွင့္အျမင့္ေပရရွိေတာ့ျခင္းမရွိဘဲ ေလယာဥ္ေျမျပင္ သုိ႕ ေဆာင့္မိခ်ိန္ႏွင့္တစ္ၿပိဳင္နက္တည္းခုန္ထြက္ခဲ့သည့္ အေျခအေနမ်ဳိးေရာက္ရွိခဲ့သျဖင့္ ျပင္းထန္စြာဒဏ္ရာ ရရွိခဲ့ေၾကာင္းႏွင့္ တပ္မေတာ္ေဆး႐ံုသို႔ ဆက္လက္ပို႔ေဆာင္စဥ္ ေသဆံုးခဲ့ေၾကာင္း ေတြ႕ရွိရပါသည္။

သို႔ျဖစ္၍ မိမိအသက္ရွင္လြတ္ေျမာက္ေရးကို ပဓာနမထားဘဲ ကြၽန္းကုန္းရြာအေပၚ ေလယာဥ္ပ်က္က်မႈ မရွိေစေရး ေလယာဥ္အားအတတ္ႏိုင္ဆံုး ထိန္းေက်ာင္းေမာင္းႏွင္ခဲ့စဥ္ အသက္ဆံုး႐ႈံးခဲ့ရသည့္ ေလသူရဲျဖစ္သူ ဗိုလ္မွဴးအာကာ၀င္း အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ေၾကာင္းႏွင့္ လိုအပ္သည္မ်ားအား ဆက္လက္ေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

(Unicode Version)

ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင် ရွက်ခဲ့သည့် လေသူရဲဗိုလ်မှူးအာကာဝင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူးဂုဏ်ပြု

နေပြည်တော် ၊ ဧပြီ – ၄

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေသူရဲ ဗိုလ်မှူး အာကာဝင်း မောင်းနှင်သည့် အက်ဖ်- ရ လေယာဉ်သည် လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေစဉ် အင်ဂျင်ချို့ယွင်း၍ ပျက်ကျခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် တပ်မတော်(လေ)မှပညာရှင်များပါ၀င်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်နှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး ပျက်ကျလေယာဉ်အစိတ်အပိုင်းများအား စစ်ဆေးခြင်းနှင့် မျက်မြင် တွေ့ရှိခဲ့သည့် ဒေသခံပြည်သူများအား တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်အနေဖြင့် လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် ဧပြီ ၃ ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် လေယာဉ်လေ့ကျင့်ပျံသန်းမှုစတင်ခဲ့ပြီး ၁၀ နာရီ ၄၄ မိနစ်တွင် လေယာဉ်ပြန်လည်ဆင်းသက်ရန်အတွက် လေကြောင်းထိန်းတာဝါသို့ သတင်းပို့ခဲ့ကာ လေယာဉ်ဆင်းပတ်လမ်းအတွင်းသို့ ချဉ်းကပ်ဝင်ရောက်စဉ် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့သဖြင့် အင်ဂျင်စက်ရပ်တန့်မှုဖြစ်ပွားခဲ့ကြောင်း လေကြောင်းထိန်းတာဝါသို့ ၁၀ နာရီ ၄၅ မိနစ်တွင် ထပ်မံသတင်းပို့ခဲ့ပါသည်။ ထိုသို့ဖြစ်ပွားချိန်တွင် အနောက်မှ မောင်းနှင်လိုက်ပါ လာသော အက်ဖ် – ရ လေ့ကျင့်ရေး လေယာဉ်တစ်စီးရှိ ၀ါရင့်လေသူရဲတစ်ဦးက (Air Start) (လေထဲတွင် စက်နှိုးခြင်း) ပြုလုပ်ရန် နှင့် စက်မနိုးပါက လုပ်ဆောင်သင့်သည်များကို လုပ်ဆောင် သွားရန် ညွှန်ကြားခဲ့ပါသည်။

လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် ၎င်းနေရာမှ ၃၀ စက္ကန့်အထိ လေယာဉ်စက်ပြန်နိုးရန် ကြိုးစားခဲ့သော်လည်း စက်နိုးခြင်းမရှိသဖြင့် အမြင့်မီတာ ၃၀၀ နှင့် ပျံသန်းနှုန်း ၁ နာရီ ၃၂၀ ကီလိုမီတာနှုန်း သို့ရောက်ရှိချိန်တွင် အရေးပေါ် အသက်ကယ်လေထီးပါထိုင်ခုံဖြင့် ခုန်ထွက်မည်ဖြစ်ကြောင်း တာဝါသို့ထပ်မံ သတင်းပို့ခဲ့ပါသည်။

မျက်မြင်စစ်ဆေးချက်များနှင့် ကျွန်းကုန်းကျေးရွာမှ ကျေးရွာသားအချို့၏ မျက်မြင်တွေ့ရှိပြောကြားချက် များအရ ၎င်းနေရာသည် အင်ဒိုင်းရွာအထက် အမြင့်မီတာ ၃၀၀ ခန့်တွင် ရောက်ရှိနေပြီး လေယာဉ်၏ ဦးတည်ရာအရပ်မှာ ကျွန်းကုန်းရွာသို့ ဦးတည်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုအချိန်တွင် အရေးပေါ် လေထီးဖြင့် ခုန်ထွက်မည်ဆိုပါက လေသူရဲတစ်ဦးအတွက် လုံလောက်သည့် အချိန်နှင့် အမြင့်ပေတွင် ရှိ နေနိုင်ပြီး အသက်အန္တရာယ်လွတ်ကင်းနိုင်သည့် အခြေအနေရှိကြောင်းတွေ့ရှိရသော်လည်း အသက်ကယ် လေထီးပါထိုင်ခုံ၏ တွန်းကန်အားကြောင့် လေယာဉ်ပေါ် ဖိအားသက်ရောက်စေ၍ ကျွန်းကုန်းရွာအတွင်းသို့ လေယာဉ်ပျက်ကျနိုင်သည့် အနေအထားတွင်ရှိကြောင်းတွေ့ရှိရပါသည်။ လေသူရဲ ဗိုလ်မှူး အာကာဝင်း သည် ၎င်းနေရာတွင် အရေးပေါ်ခုန်ထွက်ခြင်းကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ လေယာဉ်အား ကြိုးစား၍ ဆက်လက် ထိန်းသိမ်း ခဲ့ပြီး ကျွန်းကုန်းရွာအလွန် မြေပြင်မှအမြင့်ပေ ၃၀ မီတာခန့် ရောက်ရှိချိန်မှာသာ အရေးပေါ်ခုန်ထွက်ခြင်း ပြုလုပ် ခဲ့ကြောင်းတွေ့ရှိရသည်။ သို့ဖြစ်၍လုံလောက်သည့် အချိန်နှင့်အမြင့်ပေရရှိတော့ခြင်းမရှိဘဲ လေယာဉ်မြေပြင် သို့ ဆောင့်မိချိန်နှင့်တစ်ပြိုင်နက်တည်းခုန်ထွက်ခဲ့သည့် အခြေအနေမျိုးရောက်ရှိခဲ့သဖြင့် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ မိမိအသက်ရှင်လွတ်မြောက်ရေးကို ပဓာနမထားဘဲ ကျွန်းကုန်းရွာ အပေါ် လေယာဉ်ပျက်ကျမှု မရှိစေရေး လေယာဉ်အားအတတ်နိုင်ဆုံး ထိန်းကျောင်းမောင်းနှင်ခဲ့စဉ် အသက်ဆုံးရှုံးခဲ့ရသည့် လေသူရဲဖြစ်သူ ဗိုလ်မှူးအာကာဝင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူး ဂုဏ်ပြုခဲ့ကြောင်းနှင့် လိုအပ်သည်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။