တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ်ႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Nicholas Coppel အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ်ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. Paul Bruce ႏွင့္ သံ႐ုံးမွတာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ျမန္မာ-ၾသစေၾတးလ် ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈႏွင့္ ကာကြယ္ေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈ ကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံ၏ ေခတ္မီတပ္မေတာ္(Standard Army) တည္ေဆာက္ေနမႈအေျခအေနမ်ား၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အစုိးရႏွင့္တပ္မေတာ္မွ ေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ၾသစေၾတးလ်ႏုိင္ငံမွ ပါ၀င္ကူညီေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ ဘူးသီးေတာင္-ေမာင္ေတာေဒသအတြင္း ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားတြင္ ၾသစေၾတးလ် ႏုိင္ငံမွ ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ်ႏုိင္ငံ သံအမတ္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Paul Bruce နှင့် သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခေတ်မီတပ်မတော်(Standard Army) တည်ဆောက်နေမှုအခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် သြစတြေးလျနိုင်ငံမှ ပါ၀င်ကူညီဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသအတွင်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သြစတြေးလျ နိုင်ငံမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။