ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဧၿပီ ၁၁

ယခုအခ်ိန္အခါသည္ ျမန္မာတုိ႔၏ႏွစ္သစ္ကူးအခါသမယျဖစ္ၿပီး သႀကၤန္ႀကိဳမုိးမ်ား ရြာသြန္းလ်က္ရွိကာ အတာသႀကၤန္ရာသီပန္း မ်ားျဖစ္သည့္ ပိေတာက္၊ ငု၀ါႏွင့္ ကံ့ေကာ္ပန္းမ်ား လွပေ၀စည္စြာ ပြင့္လန္းလ်က္ရွိပါသည္။ ျမန္မာႏွစ္သစ္ကူးအခ်ိန္အခါတြင္ ျမန္မာတုိ႔၏ ဗုဒၶဘာသာယဥ္ေက်းမႈ ထုံးတမ္းစဥ္လာမ်ားအရ ေကာင္းမႈကုသုိလ္ အမ်ိဳးမ်ိဳးကုိ ေဆာင္ရြက္ၾကရာတြင္ ရဟန္းခံရွင္ျပဳ အလွဴမဂၤလာ အခမ္းအနားမွာ ထူးျခားထင္ရွားသည့္ ကုသုိလ္ေတာ္တစ္ခုျဖစ္သည္ႏွင့္ အညီ ႏွစ္စဥ္က်င္းပျပဳလုပ္ လ်က္ရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ) မိသားစု ဆ႒မအႀကိမ္ စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္ေအာင္ပြဲမဂၤလာ ကုသုိလ္ေတာ္အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ အေနာ္ရထာခန္းမ၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသုိ႔ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံ ေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ အဂၢမဟာသဒၵမၼ ေဇာတိကဓဇ ဘႏၵႏၲ၀ိစာရိႏၵာဘိ၀ံသ အမွဴးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ား ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အမွဴးျပဳေသာ ဧည့္ပရိသတ္အေပါင္း တုိ႔သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အေနာ္ရထာခန္းမေရွ႕ဥပစာ၌ အဘိဓဇမဟာရ႒ဂု႐ု မဟာ၀ိဇိတာ႐ုံ ဆရာေတာ္ႀကီးအမွဴးျပဳေသာ ဆရာေတာ္သံဃာေတာ္ ၁၈ ပါးႏွင့္ ဒုလႅဘရဟန္း ၂၅၆ ပါးတုိ႔အား သိမ္ဆင္းအလွဴေတာ္အျဖစ္ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴၾကၿပီး ရွင္သာမေဏ ၅၂ ပါးတုိ႔ကုိလည္း လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေနာ္ရထာခန္းမ အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္၊ ေသာက္ေတာ္ေရခ်မ္း၊ သစ္သီးပန္းမန္မ်ားႏွင့္ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ ၾကြေရာက္ေတာ္မူလာၾကသည့္ သံဃာေတာ္ အရွင္သူျမတ္မ်ား၊ ဒုလႅဘရဟန္းမ်ားႏွင့္ ရွင္သာမေဏမ်ားအား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိသတ္မ်ားက ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု ဆ႒မအႀကိမ္ စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္ေအာင္ပြဲမဂၤလာ ကုသုိလ္ေတာ္အခမ္းအနားအား က်င္းပျပဳလုပ္ရာ ေဇယ်ာသီရိၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ဥကၠ႒(ေရႊက်င္)၊ ေရဆင္း ကန္ဦးေက်ာင္းတုိက္ ဆရာေတာ္ မဟာဂႏၴ၀ါစကပ႑ိတ ဘဒၵႏၲ၀ိလာသထံမွ ကုိးပါးသီလ ခံယူေဆာက္တည္ၾကၿပီး အခမ္းအနား တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္ သံဃာေတာ္မ်ားထံမွ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကုိ နာယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီးေဒၚၾကဴၾကဴလွတုိ႔က ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု ဘႏၵႏၲ ၀ိစာရိႏၵာဘိ၀ံသ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ ဆရာေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္တုိ႔က ဘဒၵႏၲ၀ိမလဗုဒၶိ ပါဠိဆရာေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္ၿပီး အခမ္းအနားတက္ေရာက္လာၾကသည့္ ျပည္ေထာင္စု ၀န္ႀကီးမ်ား ႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားက သံဃာေတာ္ အရွင္သူျမတ္မ်ားထံ လွဴဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။ ၎ေနာက္ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ ေက်ာင္းတုိက္ ပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမေဇာတိကဓဇ ဘဒၵႏၲ၀ိမလဗုဒၶိထံမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အမွဴးျပဳေသာ ဧည့္ပရိသတ္မ်ားက အႏုေမာဒနာ တရားနာယူၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ကာ အခမ္းအနားကုိ ေအာင္ျမင္စြာ႐ုပ္သိမ္းလုိက္သည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတုိ႔က ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ) မိသားစု ဆ႒မအႀကိမ္ စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္မဂၤလာအခမ္းအနား ေအာင္ျမင္ျခင္းအထိမ္းအမွတ္အျဖစ္ ရတနာေရႊမုိးေငြမုိးမ်ား ရြာသြန္းၿဖိဳးေပးသည္။

ကာကြယ္ေရးဦစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္မဂၤလာ အခမ္းအနားအား ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိၿပီး ယေန႔က်င္းပသည့္ အခမ္းအနားသည္ ဆ႒မအႀကိမ္ေျမာက္ အလွဴေတာ္မဂၤလာျဖစ္ကာ ပထမအႀကိမ္မွ ဆ႒မအႀကိမ္အထိ ဒုလႅဘရဟန္း ၁၃၉၃ ပါးႏွင့္ ရွင္သာမေဏ ၂၅၂ ပါး စုစုေပါင္း ၁၆၄၅ ပါးအား ျမင့္ျမတ္ေသာ သာသနာ့ေဘာင္သုိ႔ သြတ္သြင္းခ်ီးေျမႇာက္ျခင္း ကုသုိလ္အလွဴေတာ္အား ေဆာင္ရြက္ေပးႏုိင္ခဲ့သည္။

 

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၁

ယခုအချိန်အခါသည် မြန်မာတို့၏နှစ်သစ်ကူးအခါသမယဖြစ်ပြီး သင်္ကြန်ကြိုမိုးများ ရွာသွန်းလျက်ရှိကာ အတာသင်္ကြန်ရာသီပန်း များဖြစ်သည့် ပိတောက်၊ ငုဝါနှင့် ကံ့ကော်ပန်းများ လှပဝေစည်စွာ ပွင့်လန်းလျက်ရှိပါသည်။ မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအရ ကောင်းမှုကုသိုလ် အမျိုးမျိုးကို ဆောင်ရွက်ကြရာတွင် ရဟန်းခံရှင်ပြု အလှူမင်္ဂလာ အခမ်းအနားမှာ ထူးခြားထင်ရှားသည့် ကုသိုလ်တော်တစ်ခုဖြစ်သည်နှင့် အညီ နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲမင်္ဂလာ ကုသိုလ်တော်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘန္ဒန္တဝိစာရိန္ဒာဘိ၀ံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်း တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမရှေ့ဥပစာ၌ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိဇိတာရုံ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်သံဃာတော် ၁၈ ပါးနှင့် ဒုလ္လဘရဟန်း ၂၅၆ ပါးတို့အား သိမ်ဆင်းအလှူတော်အဖြစ် လှူဖွယ်ပစ္စည်းများ လောင်းလှူကြပြီး ရှင်သာမဏေ ၅၂ ပါးတို့ကိုလည်း လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနော်ရထာခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ သစ်သီးပန်းမန်များနှင့် ဆီမီးများကပ်လှူပူဇော်သည်။ ယင်းနောက် ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲမင်္ဂလာ ကုသိုလ်တော်အခမ်းအနားအား ကျင်းပပြုလုပ်ရာ ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ ရေဆင်း ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှတို့က နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘန္ဒန္တ ၀ိစာရိန္ဒာဘိ၀ံသ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စု ၀န်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးသည်။

ကာကွယ်ရေးဦစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားအား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ကျင်းပသည့် အခမ်းအနားသည် ဆဋ္ဌမအကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ကာ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်အထိ ဒုလ္လဘရဟန်း ၁၃၉၃ ပါးနှင့် ရှင်သာမဏေ ၂၅၂ ပါး စုစုပေါင်း ၁၆၄၅ ပါးအား မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ခြင်း ကုသိုလ်အလှူတော်အား ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။