တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Vikram Misri အား ယေန႕နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ တက္ေရာက္ၿပီး ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ သံ႐ုံးဒုတိယအႀကီး အကဲ Mr.B.Shyam တုိ႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈ တုိးတက္ ေကာင္းမြန္မႈအေျခအေနမ်ား၊ ကာကြယ္ေရးဆုိင္ရာ ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ နယ္စပ္ေဒသတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ နယ္စပ္ျဖတ္ေက်ာ္မႈမ်ားတြင္ ႏွစ္ဘက္တပ္မ်ားပူးေပါင္းေဆာင္ရြက္ ေနမႈ အေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္ရြက္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ ႏွင့္ ကုလား တန္ျမစ္ေၾကာင္းတစ္ေလွ်ာက္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ႏွစ္ႏုိင္ငံပူးေပါင္း ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္ဘူးသီးေတာင္၊ ေမာင္ေတာေဒသ၌ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားတြင္ အိႏၵိယႏုိင္ငံ အေနျဖင့္ ျမန္မာႏုိင္ငံဘက္မွ ရပ္တည္ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ားႏွင့္ ျဖစ္စဥ္မွန္မ်ားအားႏုိင္ငံတကာမွ သိရွိရန္လုိအပ္မႈအေျခအေနမ်ား၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သုိ႔ထြက္ခြာသြားသည့္ ဘဂၤါလီမ်ားျပန္လည္ ေနရာ ခ်ထားေရးကိစၥရပ္မ်ားတြင္ အိႏၵိယႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ ေပးေနမႈအေျခအေနမ်ားအား က်ယ္က်ယ္ ျပန္႔ျပန္႔အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီး H.E. Mr. Vikram Misri အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယအကြီး အကဲ Mr.B.Shyam တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်မှုအခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုများတွင် နှစ်ဘက်တပ်များပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ နှင့် ကုလား တန်မြစ်ကြောင်းတစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တောဒေသ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဖြစ်စဉ်မှန်များအားနိုင်ငံတကာမှ သိရှိရန်လိုအပ်မှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ခွာသွားသည့် ဘင်္ဂါလီများပြန်လည် နေရာ ချထားရေးကိစ္စရပ်များတွင် အိန္ဒိယနိုင်ငံမှပါ၀င်ကူညီဆောင်ရွက် ပေးနေမှုအခြေအနေများအား ကျယ်ကျယ် ပြန့်ပြန့်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။