သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်း၊ လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဧၿပီ – ၁၇

မႏၲေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရွိ သမုိင္း၀င္မဟာေရႊျမင္တင္ေစတီေတာ္ ျမတ္ႀကီးစိန္ဖူးေတာ္၊ ငွက္ျမတ္ နားေတာ္တင္လွဴျခင္း၊ လုံးေတာ္ျပည့္ေရႊသကၤန္းကပ္လွဴျခင္းႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္ မဟာမဂၤလာ အခမ္းအနားအား ယေန႔နံနက္ပုိင္း တြင္က်င္းပျပဳလုပ္ရာ မႏၲေလးတုိင္းေဒသႀကီးသံဃနာယကအဖြဲ႕ ဥကၠ႒ (စတုဘုမၼိကငွက္တြင္း)၊ စတုဘုမၼိက မဂၢင္ရိပ္သာေက်ာင္းတုိက္ဦးစီးပဓာနနာယကဆရာေတာ္ အဂၢမဟာ ကမၼ႒ာနာစရိယ အဂၢမဟာသဒၵမၼေဇာတိကဓဇ ဘဒၵႏၲ၀ိဇယအမွဴးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၊ ဇနီး ေဒၚၾကဴၾကဴလွ ႏွင့္မိသားစု၊ အလယ္ပုိင္းတုိင္းစစ္ဌာန ခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္း၊ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီးပန္းမန္ႏွင့္ေသာက္ေတာ္ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက စတုဘုမၼိကမဂၢင္ရိပ္သာ ေက်ာင္းတုိက္ ဦးစီးပဓာနနာယကဆရာေတာ္ အဂၢမဟာကမၼ႒ာနာစရိယ အဂၢမဟာသဒၵမၼေဇာတိကဓဇ ဘဒၵႏၲ၀ိဇယထံမွ ကုိးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားရြတ္ပြားေတာ္မႈၾကသည့္ ေမတၱာသုတ္ ပရိတ္တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ ဥပသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံေနရာ တြင္ပက္ဖ်န္းႀကဲျဖန္႔ခ်ည္ေႏွာင္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာ စိန္ဖူးေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား စတုဘုမၼိကမဂၢင္ရိပ္သာေက်ာင္းတုိက္ ဦးစီးပဓာနနာယက ဆရာေတာ္ ထံဆက္ကပ္လွဴဒါန္းသည္။ ၎ေနာက္တုိင္းမွဴးႏွင့္ဇနီးတုိ႔က ငွက္ျမတ္နားေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား လည္းေကာင္း၊ တပ္မေတာ္အရာရွိႀကီးမ်ားက လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း သံဃာေတာ္အရွင္ သူျမတ္မ်ားထံအသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။

၎ေနာက္ ျပင္ဦးလြင္ၿမိဳ႕နယ္ၾသ၀ါဒါစရိယ၊ ေရႊျမင္တင္ေစတီေတာ္ျမတ္ႀကီးႏွင့္ မဟာမုနိဘုရားႀကီး၏ ေဂါပက အဖြဲ႕ၾသ၀ါဒါစရိယဆရာေတာ္ ဘဒၵႏၲနႏၵိေသနထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္ သြန္းခ်အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔ ကရတနာစိန္ဖူးေတာ္ အားလည္းေကာင္း၊ တုိင္းမွဴးႏွင့္တပ္နယ္မွအရာရွိႀကီးမ်ားက ငွက္ျမတ္နားေတာ္ အားလည္းေကာင္းအသီးသီး ပင့္ေဆာင္၍ ေစတီေတာ္ျမတ္ႀကီးအား လက္ယာရစ္ လွည့္လည္ပူေဇာ္ၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္ႏွင့္ ငွက္ျမတ္ နားေတာ္တုိ႔အား မဂၤလာရထားပ်ံျဖင့္ေစတီေတာ္အထြတ္ သုိ႔ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး စိန္ဖူးေတာ္တင္ လွဴပူေဇာ္မႈေအာင္ျမင္ျခင္းအထိမ္းအမွတ္ ရတနာေရႊမုိးေငြမုိးမ်ားရြာသြန္းၿဖိဳးၾကသည္။ ယင္းေနာက္သံဃာေတာ္ အရွင္ သူျမတ္မ်ားက ေစတီေတာ္ျမတ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶဘိသိက္ သြန္းေတာ္ မူၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္ လာၾကသူမ်ားသည္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ၾကသည္။

ျပင္ဦးလြင္ၿမိဳ႕ရွိ သမုိင္း၀င္မဟာေရႊျမင္တင္ေစတီေတာ္ျမတ္ႀကီးသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၃၀၀ ေက်ာ္ ကတည္းက တည္ထားခဲ့ျခင္းျဖစ္ၿပီး သီရိဓမၼာေသာကမင္းႀကီး တည္ထားကုိးကြယ္ေတာ္မူေသာ ေစတီေတာ္ ေပါင္းရွစ္ေသာင္းေလးေထာင္တြင္ပါ၀င္ ေၾကာင္းသမုိင္းမွတ္တမ္းမ်ားအရသိရွိရသည္။ ေစတီေတာ္ျမတ္ႀကီး သည္ ရာသီဥတုဒဏ္ေၾကာင့္ ေရႊသကၤန္းမ်ားယုိယြင္းပ်က္စီးလာသျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အမွဴးျပဳ၍ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား ႏွင့္အလွဴရွင္မ်ားက ေရႊသကၤန္းကပ္လွဴပူေဇာ္ျခင္းျဖစ္ကာ ၂၀၁၁ ခုႏွစ္တြင္ ဒုတိယအႀကိမ္ ေရႊသကၤန္းကပ္လွဴပူေဇာ္ခဲ့ၿပီး ယခု အႀကိမ္သည္ တတိယအႀကိမ္ေျမာက္ကပ္လွဴ ပူေဇာ္ျခင္းျဖစ္သည္။

(Unicode Version)

သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်း၊ လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ – ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော် မြတ်ကြီးစိန်ဖူးတော်၊ ငှက်မြတ် နားတော်တင်လှူခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်း တွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (စတုဘုမ္မိကငှက်တွင်း)၊ စတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့်မိသားစု၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့်သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားတော်မှုကြသည့် မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြသည်။

ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံနေရာ တွင်ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာ စိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ထံဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက်တိုင်းမှူးနှင့်ဇနီးတို့က ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ တပ်မတော်အရာရှိကြီးများက လှူဖွယ်ပစ္စည်းများအားလည်းကောင်း သံဃာတော်အရှင် သူမြတ်များထံအသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပြင်ဦးလွင်မြို့နယ်သြဝါဒါစရိယ၊ ရွှေမြင်တင်စေတီတော်မြတ်ကြီးနှင့် မဟာမုနိဘုရားကြီး၏ ဂေါပက အဖွဲ့သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တနန္ဒိသေနထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ ကရတနာစိန်ဖူးတော် အားလည်းကောင်း၊ တိုင်းမှူးနှင့်တပ်နယ်မှအရာရှိကြီးများက ငှက်မြတ်နားတော် အားလည်းကောင်းအသီးသီး ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ဆက်လက်ပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့အား မင်္ဂလာရထားပျံဖြင့်စေတီတော်အထွတ် သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး စိန်ဖူးတော်တင် လှူပူဇော်မှုအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။ ယင်းနောက်သံဃာတော် အရှင် သူမြတ်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိက် သွန်းတော် မူကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော် ကတည်းက တည်ထားခဲ့ခြင်းဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်တော်မူသော စေတီတော် ပေါင်းရှစ်သောင်းလေးထောင်တွင်ပါ၀င် ကြောင်းသမိုင်းမှတ်တမ်းများအရသိရှိရသည်။ စေတီတော်မြတ်ကြီး သည် ရာသီဥတုဒဏ်ကြောင့် ရွှေသင်္ကန်းများယိုယွင်းပျက်စီးလာသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြု၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ နှင့်အလှူရှင်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီး ယခု အကြိမ်သည် တတိယအကြိမ်မြောက်ကပ်လှူ ပူဇော်ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။