တပ်မတော်သားတိုင်းသည် ဥပဒေနှင့်အညီ လက်နက်ကိုင်ဆောင်၍ တာဝန် ထမ်းဆောင်ရသူများဖြစ်၊ စစ်စည်းကမ်း၊ စစ်ဘက်/အရပ်ဘက် ဥပဒေများနှင့် နိုင်ငံတကာဥပဒေ၊ သဘောတူညီချက်များကို သိရှိလိုက်နာ၊ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ ကင်းရှင်းစွာဆင်ခြင်တုံတရားဖြင့် ဥပဒေနှင့်အညီဆောင်ရွက်

ေနျပည္ေတာ္၊ ဧၿပီ ၁၈

မိမိတုိ႔တပ္မေတာ္သားမ်ားသည္ ဥပေဒႏွင့္အညီ လက္နက္ကုိင္သည့္ အဖြဲ႕အစည္းျဖစ္သျဖင့္ စစ္ဘက္၊ နယ္ဘက္ဥပေဒမ်ားကုိသိရွိထားၿပီး လုိက္နာရန္လုိအပ္ ေၾကာင္း၊ ထုိ႔အျပင္ တာ၀န္ထမ္းေဆာင္ရာတြင္ စစ္သည္ေတာ္က်င့္၀တ္ပါစည္းကမ္းမ်ား ႏွင့္ ႏုိင္ငံတကာဥပေဒမ်ား၊ ႏုိင္ငံတကာသေဘာတူညီခ်က္မ်ားကုိပါ သိရွိလုိက္နာရန္ လုိအပ္ၿပီး ပုဂၢိဳလ္စြဲ၊ ဆႏၵစြဲကင္းရွင္းစြာ ဆင္ျခင္တုံတရားျဖင့္ ဥပေဒႏွင့္အညီေဆာင္ရြက္ရန္ လုိအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျပင္ဦးလြင္တပ္နယ္၊ တပ္မေတာ္အုပ္ခ်ဳပ္မႈေက်ာင္း၌ တက္ေရာက္လ်က္ရွိသည့္ ဥပေဒ(အရာရွိ) ဒီပလုိမာသင္တန္းမွ တပ္မေတာ္အရာရွိႀကီးမ်ားအား ယေန႔နံနက္ပုိင္းတြင္ေတြ႕ဆုံအမွာ စကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းသားအရာရွိႀကီးမ်ားအား အမွာစကားေျပာၾကားရာ၌ အရာရွိမ်ားအတြက္ ဗုိလ္ေလာင္းသင္တန္းမ်ားမွစ၍ အဆင့္ဆင့္ေသာ သင္တန္းမ်ားတြင္ ဥပေဒဘာသာရပ္ကုိ ထည့္သြင္းသင္ၾကားေပး ေနေၾကာင္း၊ ဥပေဒသင္တန္းမ်ားကုိလည္း သီးျခားဖြင့္လွစ္ေပးလ်က္ရွိေၾကာင္း၊ စည္းကမ္းသည္တပ္မေတာ္၏ ေက်ာ႐ုိးမ႑ဳိင္ျဖစ္သည္ႏွင့္အညီ တပ္မေတာ္သားမ်ားသည္ စစ္ဘက္ဥပေဒကုိသာမက အရပ္ဘက္ ဥပေဒမ်ားကုိပါ လုိက္နာၾကရသူမ်ား ျဖစ္ေၾကာင္း၊ ထုိသုိ႔လုိက္နာရန္အတြက္ ဥပေဒမ်ားကုိ သိရွိၾကရမည္ျဖစ္ၿပီး စည္းကမ္းခ်ိဳးေဖာက္လွ်င္ ဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္သည္ကုိ သိရွိရန္လုိေၾကာင္း၊ တပ္မေတာ္သည္ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ ထမ္းေဆာင္လ်က္ရွိၿပီး ျပည္သူလူထု ကုိေစာင့္ေရွာက္ေနသည့္ အဖြဲ႕အစည္း၊ ႏုိင္ငံတကာႏွင့္ ဆက္ဆံေဆာင္ရြက္ေနသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ အထူးသျဖင့္ နယ္စပ္ေဒသတြင္ တာ၀န္ထမ္းေဆာင္ ၾကရာ၌ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ ဆက္ဆံေရးမ်ားရွိၿပီး ေရျပင္ပုိင္နက္၊ ေျမျပင္ပုိင္နက္မ်ားတြင္ ပူးေပါင္းေလ့က်င့္မႈမ်ားရွိေၾကာင္း၊ လုိအပ္ခ်က္မ်ားရွိပါက ပူးေပါင္း တာ၀န္ထမ္းေဆာင္မႈမ်ားရွိေၾကာင္း၊ ထုိသုိ႔တာ၀န္မ်ားထမ္းေဆာင္ခ်ိန္တြင္ တပ္မွဴးမ်ားအေနျဖင့္ႏုိင္ငံတကာဥပေဒမ်ားကုိ သိရွိေနရန္၊ လက္ေအာက္ကုိ သိရွိလုိက္နာေအာင္ ဦးေဆာင္မႈေပးရန္ လုိအပ္ေၾကာင္း ရွင္းလင္းမွာၾကားသည္။

ယခုအခ်ိန္တြင္ ဒီမုိကေရစီလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းၾကရာ၌ စစ္ဘက္၊ အရပ္ဘက္ဆက္ဆံေရးမွာ ပုိမုိအေရးႀကီးလာသျဖင့္ ဥပေဒမ်ားကုိ ပုိမုိသိရွိနားလည္ရန္ လုိအပ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမႈမရွိေသး ျခင္း၊ ႏုိင္ငံေရးအရ တည္ၿငိမ္မႈမရွိျခင္းတုိ႔ေၾကာင့္ ၿငိမ္းခ်မ္းမႈရွိေအာင္ ေဆာင္ရြက္ရန္လုိၿပီး ႏုိင္ငံေရးတည္ၿငိမ္မႈမရွိခ်ိန္တြင္ မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံေရးအရအသုံးခ်ခံမျဖစ္ရန္ လုိေၾကာင္း၊ မိမိတုိ႔သြားေနသည့္ လမ္းေၾကာင္းမွာ အမ်ိဳးသားႏုိင္ငံေရးျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ အဆင့္အလုိက္ တပ္မေတာ္အရာရွိမ်ားအားလုံး ဖြဲ႕စည္းပုံအေျခခံဥပေဒ ကုိသိရွိနားလည္ရန္လုိေၾကာင္း၊ စစ္ဘက္တရားစီရင္ေရးမ်ားေဆာင္ရြက္ရာတြင္ ျဖစ္စဥ္ အေၾကာင္းအရာအလုိက္ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားရွိေၾကာင္း၊ အုပ္ခ်ဳပ္ေရးႏွင့္ စစ္ဘက္ တရားစီရင္ေရးစနစ္အရ တပ္မွဴးမ်ားသည္ေရွ႕ေန၊ တရားသူႀကီးႏွင့္ အုပ္ခ်ဳပ္သူ စသည္ျဖင့္ အသီးသီးေသာတာ၀န္မ်ားေဆာင္ရြက္ရေၾကာင္း၊ အုပ္ခ်ဳပ္သူအေနျဖင့္ ဖခင္စိတ္ထား၊ တပ္မွဴးစိတ္ထားျဖင့္ ညီၫြတ္မွ်တစြာေဆာင္ရြက္ရမည္ျဖစ္ၿပီး တရားသူႀကီးအေနျဖင့္ ဆင္ျခင္တုံတရားျဖင့္ တရားမွ်တစြာေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေရွ႕ေန အေနျဖင့္ မိမိလူအားအျပစ္မရွိပါက ျပစ္ဒဏ္မက်ေအာင္၊ အျပစ္ရွိပါကထုိက္သင့္သည့္ ျပစ္ဒဏ္သာက်ခံေစရန္ေဆာင္ရြက္ရေၾကာင္း၊ တပ္မွဴးမ်ားအေနျဖင့္ လက္ေအာက္ ငယ္သားမ်ားအားအုပ္ခ်ဳပ္ရာတြင္ ဘက္လုိက္မႈမရွိဘဲ ညီၫြတ္မွ်တစြာအုပ္ခ်ဳပ္ရမည္ ျဖစ္ေၾကာင္း၊ ဥပေဒႏွင့္ပတ္သက္လွ်င္ ပုဂၢိဳလ္စြဲ၊ ဆႏၵစြဲကင္းစြာျဖင့္တရားမွ်တစြာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔အျပင္ တပ္မေတာ္တြင္စစ္မႈထမ္းဥပေဒအရ ၁၈ ႏွစ္ျပည့္ၿပီးမွသာ တစ္နည္းအားျဖင့္ ဥပေဒအရ မဲေပးခြင့္ရွိသူမ်ားသာ တပ္မေတာ္အတြင္း တာ၀န္ ထမ္းေဆာင္ခြင့္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္တရားဥပေဒကုိ မသိနားမလည္ဟုဆုိၿပီး ခ်ိဳးေဖာက္၍မရသကဲ့သုိ႔ ဥပေဒအထက္တြင္မည္သူမွေန၍မရေၾကာင္း၊ ဥပေဒခ်ိဳး ေဖာက္ပါက ဥပေဒအရအေရးယူခံရမည္ျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္- ေမာင္ေတာေဒသ၊ အင္းဒင္ေက်းရြာတြင္ျဖစ္ပြားခဲ့သည့္ျပႆနာမ်ားအား ဂ်ီနီဗာ ကြန္ဗန္းရွင္းႏွင့္အညီ တပ္မေတာ္မွေဆာင္ရြက္ခဲ့ၿပီး တစ္ဦးခ်င္းလုိက္နာမႈအားနည္းသည့္ အရာရွိ၊ စစ္သည္မ်ားအားဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္ ခဲ့ရသည္မ်ားလည္းရွိ ေၾကာင္း၊ ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ၂၀၁၆ ခုႏွစ္၊ ေအာက္တုိဘာလတြင္ လုံၿခဳံေရးကင္း စခန္းမ်ားအားလူအင္အားမ်ားစြာျဖင့္ လက္နက္ကုိင္အၾကမ္းဖက္ တုိက္ခုိက္ျခင္း၊ လက္နက္မ်ားလုယူျခင္း၊ ေဒသခံတုိင္းရင္းသားမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္ မ်ားအား ရက္စက္စြာသတ္ျဖတ္ျခင္းမ်ားအား ဥပေဒမဲ့က်ဴးလြန္ခဲ့ျခင္းေၾကာင့္ တပ္မေတာ္က ဥပေဒ ႏွင့္အညီ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ခဲ့ရေၾကာင္း၊ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လတြင္ အလားတူဥပေဒမဲ့ အၾကမ္းဖက္တုိက္ခုိက္မႈမ်ား ထပ္မံလုပ္ေဆာင္လာသျဖင့္ ဥပေဒႏွင့္အညီ နယ္ေျမရွင္းလင္းခဲ့ႏုိင္သျဖင့္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား ရည္ရြယ္ခ်က္ မေအာင္ျမင္ခဲ့ေၾကာင္း၊ အၾကမ္းဖက္သမားမ်ားအေနျဖင့္ လူအင္အားမ်ားစြာျဖင့္ ဥပေဒမဲ့ျပစ္မႈက်ဴးလြန္ခဲ့ျခင္းအေပၚ ျပစ္ဒဏ္က်ခံရမည္ကုိ စုိးရိမ္သျဖင့္ ၎တုိ႔ကုိယ္တုိင္ႏွင့္မိသားစု၊ ေဆြမ်ိဳး၊ ပတ္သက္ဆက္ႏြယ္သူမ်ား အားလုံးတစ္ဖက္ႏုိင္ငံသုိ႔ ထြက္ေျပးတိမ္းေရွာင္သြားၾကျခင္းသာျဖစ္ၿပီး ဥပေဒအရျပစ္ဒဏ္ ေပးခံရမည္ကုိစုိးရိမ္ကာျပန္မလာရဲျခင္းကုိ ၎တုိ႔အေပၚတပ္မေတာ္သားမ်ားက ႏွိပ္စက္အႏုိင္က်င့္မႈမ်ားေၾကာင့္ဟု ႏုိင္ငံတကာသိေအာင္ မဟုတ္မမွန္ေျပာၾကားျခင္းျဖင့္ မိမိတို႔အေပၚ အထင္အျမင္လြဲေအာင္ စြပ္စြဲေျပာၾကားလ်က္ရွိေၾကာင္းရွင္းလင္း ေျပာၾကားသည္။

တပ္မေတာ္အတြင္း စစ္စည္းကမ္းကုိမလုိက္နာဘဲ ဥပေဒခ်ိဳးေဖာက္မႈမ်ား ရွိလွ်င္ တပ္တြင္းစည္းလုံးညီၫြတ္မႈကုိ ထိခိုက္ႏုိင္သျဖင့္ ထိေရာက္သည့္ႀကိဳတင္ ဟန္႔တားမႈမ်ားအား စီမံေဆာင္ရြက္ရန္လုိေၾကာင္း၊ ႏုိင္ငံတကာဥပေဒမ်ား၊ နယ္စပ္ေဒသ ဆက္ဆံေရးမ်ား၊ ပုိင္နက္နယ္နိမိတ္ဆုိင္ရာ ဥပေဒႏွင့္ေရေၾကာင္း၊ ေလေၾကာင္းဥပေဒမ်ား၊ ကုလသမဂၢ၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ႏုိင္ငံတကာသေဘာတူညီခ်က္မ်ားကုိလည္း သိရွိနားလည္ရန္လုိေၾကာင္း၊ ထုိ႔အတူတပ္မေတာ္၏ စည္းလုံးညီၫြတ္မႈ၊ တပ္မေတာ္၏ ပုံရိပ္၊ ႏုိင္ငံေတာ္၏ပုံရိပ္အား ထိခိုက္ေစႏုိင္သည့္ စည္းကမ္းေဖာက္ဖ်က္မႈမ်ား မျဖစ္ေပၚေစေရးအတြက္လည္း တပ္မွဴးမ်ားသည္ မိမိတုိ႔အုပ္ခ်ဳပ္ရသည့္ အရာရွိ၊ စစ္သည္မ်ားအား ထိန္းသိမ္းၾကပ္မတ္ေဆာင္ရြက္ရန္လုိေၾကာင္း၊ လုံၿခဳံေရးအရ ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္ စည္းကမ္းမ်ားကုိလည္း ဦးစီးဦးေဆာင္ျပဳ၍လုိက္နာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းဆုိသည္မွာ တုိက္တြန္းခ်က္ႏွင့္တားျမစ္ခ်က္ ပင္ျဖစ္ေၾကာင္း၊ ႏုိင္ငံတုိင္းတြင္ အမ်ိဳးသားေရးစ႐ုိက္လကၡဏာမ်ားရွိၾကၿပီး ေခတ္ေရစီးေၾကာင္းေျပာင္းလဲမႈမ်ားေၾကာင့္ မိမိတုိ႔ႏုိင္ငံ၏အမ်ိဳးသားေရးစ႐ုိက္ လကၡဏာမ်ားမေပ်ာက္ပ်က္ ေအာင္ႏုိင္ငံ၏အခုိင္မာဆုံးအဖြဲ႕အစည္းျဖစ္ေသာ တပ္မေတာ္အေနျဖင့္ထိန္းသိမ္းေဆာင္ရြက္ရန္လုိ ေၾကာင္းျဖင့္ ရွင္းလင္းမွာၾကားခဲ့ပါသည္။

(Unicode Version)

တပ်မတော်သားတိုင်းသည် ဥပဒေနှင့်အညီ လက်နက်ကိုင်ဆောင်၍ တာဝန် ထမ်းဆောင်ရသူများဖြစ်၊ စစ်စည်းကမ်း၊ စစ်ဘက်/အရပ်ဘက် ဥပဒေများနှင့် နိုင်ငံတကာဥပဒေ၊ သဘောတူညီချက်များကို သိရှိလိုက်နာ၊ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ ကင်းရှင်းစွာဆင်ခြင်တုံတရားဖြင့် ဥပဒေနှင့်အညီဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၁၈

မိမိတို့တပ်မတော်သားများသည် ဥပဒေနှင့်အညီ လက်နက်ကိုင်သည့် အဖွဲ့အစည်းဖြစ်သဖြင့် စစ်ဘက်၊ နယ်ဘက်ဥပဒေများကိုသိရှိထားပြီး လိုက်နာရန်လိုအပ် ကြောင်း၊ ထို့အပြင် တာဝန်ထမ်းဆောင်ရာတွင် စစ်သည်တော်ကျင့်ဝတ်ပါစည်းကမ်းများ နှင့် နိုင်ငံတကာဥပဒေများ၊ နိုင်ငံတကာသဘောတူညီချက်များကိုပါ သိရှိလိုက်နာရန် လိုအပ်ပြီး ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကင်းရှင်းစွာ ဆင်ခြင်တုံတရားဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်း၌ တက်ရောက်လျက်ရှိသည့် ဥပဒေ(အရာရှိ) ဒီပလိုမာသင်တန်းမှ တပ်မတော်အရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံအမှာ စကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားအရာရှိကြီးများအား အမှာစကားပြောကြားရာ၌ အရာရှိများအတွက် ဗိုလ်လောင်းသင်တန်းများမှစ၍ အဆင့်ဆင့်သော သင်တန်းများတွင် ဥပဒေဘာသာရပ်ကို ထည့်သွင်းသင်ကြားပေး နေကြောင်း၊ ဥပဒေသင်တန်းများကိုလည်း သီးခြားဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ စည်းကမ်းသည်တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည် စစ်ဘက်ဥပဒေကိုသာမက အရပ်ဘက် ဥပဒေများကိုပါ လိုက်နာကြရသူများ ဖြစ်ကြောင်း၊ ထိုသို့လိုက်နာရန်အတွက် ဥပဒေများကို သိရှိကြရမည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်လျှင် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သည်ကို သိရှိရန်လိုကြောင်း၊ တပ်မတော်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လျက်ရှိပြီး ပြည်သူလူထု ကိုစောင့်ရှောက်နေသည့် အဖွဲ့အစည်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင် ကြရာ၌ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ဆက်ဆံရေးများရှိပြီး ရေပြင်ပိုင်နက်၊ မြေပြင်ပိုင်နက်များတွင် ပူးပေါင်းလေ့ကျင့်မှုများရှိကြောင်း၊ လိုအပ်ချက်များရှိပါက ပူးပေါင်း တာဝန်ထမ်းဆောင်မှုများရှိကြောင်း၊ ထိုသို့တာဝန်များထမ်းဆောင်ချိန်တွင် တပ်မှူးများအနေဖြင့်နိုင်ငံတကာဥပဒေများကို သိရှိနေရန်၊ လက်အောက်ကို သိရှိလိုက်နာအောင် ဦးဆောင်မှုပေးရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။

ယခုအချိန်တွင် ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းကြရာ၌ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးမှာ ပိုမိုအရေးကြီးလာသဖြင့် ဥပဒေများကို ပိုမိုသိရှိနားလည်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေး ခြင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ငြိမ်းချမ်းမှုရှိအောင် ဆောင်ရွက်ရန်လိုပြီး နိုင်ငံရေးတည်ငြိမ်မှုမရှိချိန်တွင် မိမိတို့တပ်မတော်သည် နိုင်ငံရေးအရအသုံးချခံမဖြစ်ရန် လိုကြောင်း၊ မိမိတို့သွားနေသည့် လမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်အလိုက် တပ်မတော်အရာရှိများအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုသိရှိနားလည်ရန်လိုကြောင်း၊ စစ်ဘက်တရားစီရင်ရေးများဆောင်ရွက်ရာတွင် ဖြစ်စဉ် အကြောင်းအရာအလိုက် ပြစ်မှု၊ ပြစ်ဒဏ်များရှိကြောင်း၊ အုပ်ချုပ်ရေးနှင့် စစ်ဘက် တရားစီရင်ရေးစနစ်အရ တပ်မှူးများသည်ရှေ့နေ၊ တရားသူကြီးနှင့် အုပ်ချုပ်သူ စသည်ဖြင့် အသီးသီးသောတာဝန်များဆောင်ရွက်ရကြောင်း၊ အုပ်ချုပ်သူအနေဖြင့် ဖခင်စိတ်ထား၊ တပ်မှူးစိတ်ထားဖြင့် ညီညွတ်မျှတစွာဆောင်ရွက်ရမည်ဖြစ်ပြီး တရားသူကြီးအနေဖြင့် ဆင်ခြင်တုံတရားဖြင့် တရားမျှတစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှေ့နေ အနေဖြင့် မိမိလူအားအပြစ်မရှိပါက ပြစ်ဒဏ်မကျအောင်၊ အပြစ်ရှိပါကထိုက်သင့်သည့် ပြစ်ဒဏ်သာကျခံစေရန်ဆောင်ရွက်ရကြောင်း၊ တပ်မှူးများအနေဖြင့် လက်အောက် ငယ်သားများအားအုပ်ချုပ်ရာတွင် ဘက်လိုက်မှုမရှိဘဲ ညီညွတ်မျှတစွာအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်ပတ်သက်လျှင် ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကင်းစွာဖြင့်တရားမျှတစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် တပ်မတော်တွင်စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်ပြည့်ပြီးမှသာ တစ်နည်းအားဖြင့် ဥပဒေအရ မဲပေးခွင့်ရှိသူများသာ တပ်မတော်အတွင်း တာဝန် ထမ်းဆောင်ခွင့်ရှိကြောင်း၊ ထို့ကြောင့်တရားဥပဒေကို မသိနားမလည်ဟုဆိုပြီး ချိုးဖောက်၍မရသကဲ့သို့ ဥပဒေအထက်တွင်မည်သူမှနေ၍မရကြောင်း၊ ဥပဒေချိုး ဖောက်ပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တောဒေသ၊ အင်းဒင်ကျေးရွာတွင်ဖြစ်ပွားခဲ့သည့်ပြဿနာများအား ဂျီနီဗာ ကွန်ဗန်းရှင်းနှင့်အညီ တပ်မတော်မှဆောင်ရွက်ခဲ့ပြီး တစ်ဦးချင်းလိုက်နာမှုအားနည်းသည့် အရာရှိ၊ စစ်သည်များအားဥပဒေနှင့်အညီအရေးယူဆောင်ရွက် ခဲ့ရသည်များလည်းရှိ ကြောင်း၊ ဘင်္ဂါလီအကြမ်းဖက်သမားများက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် လုံခြုံရေးကင်း စခန်းများအားလူအင်အားများစွာဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်ခြင်း၊ လက်နက်များလုယူခြင်း၊ ဒေသခံတိုင်းရင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရက်စက်စွာသတ်ဖြတ်ခြင်းများအား ဥပဒေမဲ့ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က ဥပဒေ နှင့်အညီ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အလားတူဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာသဖြင့် ဥပဒေနှင့်အညီ နယ်မြေရှင်းလင်းခဲ့နိုင်သဖြင့် ဘင်္ဂါလီအကြမ်းဖက်သမားများ ရည်ရွယ်ချက် မအောင်မြင်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် လူအင်အားများစွာဖြင့် ဥပဒေမဲ့ပြစ်မှုကျူးလွန်ခဲ့ခြင်းအပေါ် ပြစ်ဒဏ်ကျခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကိုယ်တိုင်နှင့်မိသားစု၊ ဆွေမျိုး၊ ပတ်သက်ဆက်နွယ်သူများ အားလုံးတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းသာဖြစ်ပြီး ဥပဒေအရပြစ်ဒဏ် ပေးခံရမည်ကိုစိုးရိမ်ကာပြန်မလာရဲခြင်းကို ၎င်းတို့အပေါ်တပ်မတော်သားများက နှိပ်စက်အနိုင်ကျင့်မှုများကြောင့်ဟု နိုင်ငံတကာသိအောင် မဟုတ်မမှန်ပြောကြားခြင်းဖြင့် မိမိတို့အပေါ် အထင်အမြင်လွဲအောင် စွပ်စွဲပြောကြားလျက်ရှိကြောင်းရှင်းလင်း ပြောကြားသည်။

တပ်မတော်အတွင်း စစ်စည်းကမ်းကိုမလိုက်နာဘဲ ဥပဒေချိုးဖောက်မှုများ ရှိလျှင် တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်သဖြင့် ထိရောက်သည့်ကြိုတင် ဟန့်တားမှုများအား စီမံဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာဥပဒေများ၊ နယ်စပ်ဒေသ ဆက်ဆံရေးများ၊ ပိုင်နက်နယ်နိမိတ်ဆိုင်ရာ ဥပဒေနှင့်ရေကြောင်း၊ လေကြောင်းဥပဒေများ၊ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာသဘောတူညီချက်များကိုလည်း သိရှိနားလည်ရန်လိုကြောင်း၊ ထို့အတူတပ်မတော်၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်၏ ပုံရိပ်၊ နိုင်ငံတော်၏ပုံရိပ်အား ထိခိုက်စေနိုင်သည့် စည်းကမ်းဖောက်ဖျက်မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း တပ်မှူးများသည် မိမိတို့အုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်များအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးအရ ထုတ်ပြန်ထားသည့် အမိန့်နှင့် စည်းကမ်းများကိုလည်း ဦးစီးဦးဆောင်ပြု၍လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့်တားမြစ်ချက် ပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် အမျိုးသားရေးစရိုက်လက္ခဏာများရှိကြပြီး ခေတ်ရေစီးကြောင်းပြောင်းလဲမှုများကြောင့် မိမိတို့နိုင်ငံ၏အမျိုးသားရေးစရိုက် လက္ခဏာများမပျောက်ပျက် အောင်နိုင်ငံ၏အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်သော တပ်မတော်အနေဖြင့်ထိန်းသိမ်းဆောင်ရွက်ရန်လို ကြောင်းဖြင့် ရှင်းလင်းမှာကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။