စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်များဖြစ်ပြီး တပ်မတော်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်စည်းကမ်းချက်များကို လိုက်နာ၊ လူမှုကွန်ရက်များ သုံးစွဲရာတွင် လုံခြုံရေးအသိဖြင့်ဆောင်ရွက်ရန်လို

ေနျပည္ေတာ္၊ ဧၿပီ ၁၈

စည္းကမ္းဆုိသည္မွာ တုိက္တြန္းခ်က္ႏွင့္ တားျမစ္ခ်က္မ်ားျဖစ္ၿပီး တပ္မေတာ္မွ ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္စည္းကမ္းခ်က္မ်ားကုိ လုိက္နာရန္လုိအပ္ေၾကာင္း၊ လူမႈကြန္ရက္မ်ားသုံးစြဲရာတြင္ လုံၿခဳံေရးအသိျဖင့္ေဆာင္ရြက္ရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ျပင္ဦးလြင္တပ္နယ္ရွိ သင္တန္းေက်ာင္းမ်ားမွ နည္းျပအရာရွိ၊ စစ္သည္မ်ား၊ ေဆးမွဴးပါရဂူမ်ား၊ တပ္နယ္မွ အရာရွိမ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ စစ္တကၠသုိလ္ရွိဘြဲ႕ႏွင္းသဘင္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ နည္းျပအရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ဆရာဆုိသည္မွာ ထာ၀ရဆရာျဖစ္ေၾကာင္း၊ တပ္မေတာ္သင္တန္းေက်ာင္းမ်ားတြင္ အရာရွိ၊ စစ္သည္ အဆင့္အလုိက္နည္းျပမ်ားရွိေၾကာင္း၊ မိမိတုိ႔ဆရာမ်ား၏ လုပ္ေဆာင္ခ်က္မ်ားကုိၾကည့္ၿပီး တပည့္မ်ားကသင္ယူရသျဖင့္ နည္းျပမ်ားကုိယ္တုိင္လုပ္ေဆာင္ခ်က္မ်ား မေကာင္းပါက တပည့္မ်ား၏ လုပ္ေဆာင္ခ်က္မ်ားလည္းမေကာင္းႏုိင္ေၾကာင္း၊ မိမိတုိ႔သင္ၾကားေပးလုိက္သည့္ တပည့္မ်ားအားကုိယ္က်င့္တရားမွစ၍ ေတာ္ေအာင္၊ သိေအာင္၊ တတ္ေအာင္ေလ့က်င့္သင္ၾကားပ်ိဳးေထာင္ေပးရာတြင္ ဆရာေကာင္းတစ္ဦး ျဖစ္ရန္ျပဳမႈေျပာဆုိ၊ ေနထုိင္ျပသသင္ၾကားေပးရန္လုိေၾကာင္း၊ မိမိတို႔သင္ၾကားေပးလ်က္ ရွိသည့္အခ်ိဳ႕သင္တန္းသားမ်ားသည္ လက္ေတြ႕စစ္ေျမျပင္တြင္ အသက္ေပး၍ တာ၀န္ထမ္းေဆာင္မည့္သူမ်ားျဖစ္သျဖင့္ ေလ့က်င့္သင္ၾကားေပးလုိက္သည့္ ပညာရပ္မ်ားအား လက္ေတြ႕နယ္ပယ္တြင္အသုံးမခ်ႏုိင္ပါက ေပးဆပ္မႈမ်ားႀကီးမားသြားႏုိင္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔သင္ၾကားေပးလုိက္သည့္ သင္တန္းသားမ်ားအား လက္ေတြ႕နယ္ပယ္တြင္ အသုံးခ်ႏုိင္ေအာင္ ထိေရာက္စြာေလ့က်င့္သင္ၾကားေပးရမည္ ျဖစ္ေၾကာင္း၊ လက္ေတြ႕နယ္ပယ္တြင္ထုိက္သင့္သည့္ အေတြ႕အႀကဳံရွိသူ၊ သင္တန္းမ်ားတြင္ အဆင့္ေကာင္းသည့္သူမ်ားကုိသာနည္းျပမ်ားအျဖစ္ ခန္႔အပ္ထားျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔ေတြ႕ႀကဳံခဲ့ရသည့္အေတြ႕အႀကဳံမ်ားကုိ သင္တန္းသားမ်ားအား လက္ေတြ႕နယ္ပယ္တြင္ အသုံးျပဳႏုိင္ရန္အတြက္ သင္ၾကားေလ့က်င့္ေပးရန္လုိေၾကာင္း၊ သင္တန္းနည္းျပမ်ား အေနျဖင့္ ရာထူးအရကြာျခားမႈမ်ားႏွင့္ လုပ္သက္ကြာျခားမႈမ်ားရွိသျဖင့္ နည္းျပအခ်င္းခ်င္း အေတြ႕အႀကဳံမ်ားျပန္လည္မွ်ေ၀ရန္လုိေၾကာင္း၊ လက္ေတြ႕စစ္ေျမျပင္တြင္လည္း လုပ္သက္ရင့္သည့္အရာရွိ၊ စစ္သည္မ်ားကအေတြ႕အႀကဳံနည္းသည့္ အရာရွိ၊ စစ္သည္မ်ား အားသင္ၾကားျပသေပးၾကၿပီး ထုိကဲ့သုိ႔ အစဥ္အလာေကာင္းမ်ားကုိလည္း ဆက္လက္ ထိမ္းသိမ္းေဆာင္ရြက္သြားၾကရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ မိမိတုိ႔သင္တန္းေက်ာင္းမ်ား၏ ေဆာင္ပုဒ္မ်ားႏွင့္အညီ သင္တန္းသားမ်ားအား ေပါက္ေျမာက္ေအာင္ျမင္ေအာင္ ေဆာင္ရြက္ေပးရန္လုိေၾကာင္း၊ ယခုအခါမိမိတို႔ တပ္မေတာ္အား ေခတ္မီတပ္မေတာ္ (Standard ARMY) အျဖစ္တည္ေဆာက္လ်က္ရွိၿပီး ထုိသုိ႔တည္ေဆာက္ခ်ိန္တြင္ Professional ျဖစ္ရန္အတြက္ အတတ္ပညာအဓိကလုိအပ္ ေၾကာင္း၊ အတတ္ပညာရွိရန္အတြက္ အတန္းပညာရွိရန္လုိအပ္သျဖင့္ တပ္မေတာ္တစ္ရပ္ လုံးပညာရည္ျမႇင့္တင္ေရး လုပ္ငန္းမ်ားအား စီမံခ်က္မ်ားခ်မွတ္၍ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ေလ့က်င့္ေရးပုိင္းမ်ားကုိလည္း ပုိမို တုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔၏ရည္မွန္းခ်က္မ်ားကုိ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္း ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ လူငယ္လူရြယ္မ်ားျဖစ္သျဖင့္ စိတ္လြတ္ကုိယ္လြတ္ျဖင့္ အေပ်ာ္အပါးမ်ားလုိက္စားလွ်င္ မိမိတုိ႔ဘ၀ပ်က္စီးျခင္းသုိ႔ေရာက္ႏုိင္သျဖင့္ ရင့္က်က္သည့္စိတ္၊ ေခါင္းေဆာင္စိတ္ကုိေမြးျမဴရန္လုိေၾကာင္း၊ မူးယစ္ေသစာေသာက္စား ျခင္းကုိလည္း တတ္ႏုိင္သမွ်ေရွာင္က်ဥ္ရန္လုိေၾကာင္း၊ ေသာက္စားေပ်ာ္ပါးျခင္းမ်ားမွ တစ္ဆင့္ မူးယစ္ေဆး၀ါးသုံးေဆာင္သည္အထိျဖစ္ေပၚႏုိင္ေၾကာင္း၊ ထုိမွတစ္ဆင့္ မိမိတုိ႔၏အဆင့္တုိးျမႇင့္ျခင္းကိစၥရပ္မ်ားကုိ ထိခုိက္ေစႏုိင္ေၾကာင္း၊ ထုိ႔အျပင္ မိမိတုိ႔ကုိယ္တုိင္ႏွင့္ တပ္မေတာ္အေပၚ၊ ႏုိင္ငံေတာ္အေပၚ တပ္မေတာ္သားေကာင္းပီသစြာ သစၥာရွိရွိျဖင့္ တာ၀န္ထမ္းေဆာင္ရန္လုိေၾကာင္း၊ တပ္မေတာ္သားတစ္ဦးမေကာင္းလွ်င္ တပ္မေတာ္တစ္ရပ္လုံး၏ ဂုဏ္သိကၡာအထိ ထိခုိက္ေစေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔တစ္ဦးခ်င္းအေနျဖင့္ ထိန္းသိမ္း ေနထုိင္ရန္လုိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားအခ်င္းခ်င္း မိသားစုစိတ္ဓာတ္၊ ညီအစ္ကုိေမာင္ႏွမစိတ္ဓာတ္မ်ားျဖင့္ စည္းစည္းလုံးလုံးေနထုိင္ၾကရန္လုိေၾကာင္း ရွင္းလင္းမွာၾကားခဲ့သည္။

ယေန႔နံနက္ပုိင္းကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အဖြဲ႕၀င္မ်ားလုိက္ပါ၍ ျပင္ဦးလြင္ၿမိဳ႕ရွိတပ္မေတာ္ေဆး႐ုံတြင္ တက္ေရာက္ကုသ လ်က္ရွိသည့္ စစ္ေျမျပင္တြင္ တာ၀န္ထမ္းေဆာင္စဥ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ စစ္သည္မ်ားအား တစ္ဦးခ်င္းလိုက္လံ၍ ထိခိုက္ဒဏ္ရာရရွိခဲ့မႈအေျခအေနမ်ားႏွင့္ က်န္းမာေရးတုိးတက္ေကာင္းမြန္မႈ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားႏွင့္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ သည္။

အလားတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွသည္လည္း အမ်ိဳးသမီးေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ တပ္မေတာ္သားမိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ခြဲစိတ္ခန္း တုိးခ်ဲ႕တည္ေဆာက္ရန္ေဆာင္ရြက္ထားရွိမႈႏွင့္ ေဆး႐ုံအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆး ၿပီး လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ပါသည္။

(Unicode Version)

စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်များဖြစ်ပြီး တပ််မတော်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်စည်းကမ်းချက်များကို လိုက်နာ၊ လူမှုကွန်ရက်များ သုံးစွဲရာတွင် လုံခြုံရေးအသိဖြင့်ဆောင်ရွက်ရန်လို

နေပြည်တော်၊ ဧပြီ ၁၈

စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်များဖြစ်ပြီး တပ်မတော်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ လူမှုကွန်ရက်များသုံးစွဲရာတွင် လုံခြုံရေးအသိဖြင့်ဆောင်ရွက်ရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်းများမှ နည်းပြအရာရှိ၊ စစ်သည်များ၊ ဆေးမှူးပါရဂူများ၊ တပ်နယ်မှ အရာရှိများအား ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် နည်းပြအရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဆရာဆိုသည်မှာ ထာဝရဆရာဖြစ်ကြောင်း၊ တပ်မတော်သင်တန်းကျောင်းများတွင် အရာရှိ၊ စစ်သည် အဆင့်အလိုက်နည်းပြများရှိကြောင်း၊ မိမိတို့ဆရာများ၏ လုပ်ဆောင်ချက်များကိုကြည့်ပြီး တပည့်များကသင်ယူရသဖြင့် နည်းပြများကိုယ်တိုင်လုပ်ဆောင်ချက်များ မကောင်းပါက တပည့်များ၏ လုပ်ဆောင်ချက်များလည်းမကောင်းနိုင်ကြောင်း၊ မိမိတို့သင်ကြားပေးလိုက်သည့် တပည့်များအားကိုယ်ကျင့်တရားမှစ၍ တော်အောင်၊ သိအောင်၊ တတ်အောင်လေ့ကျင့်သင်ကြားပျိုးထောင်ပေးရာတွင် ဆရာကောင်းတစ်ဦး ဖြစ်ရန်ပြုမှုပြောဆို၊ နေထိုင်ပြသသင်ကြားပေးရန်လိုကြောင်း၊ မိမိတို့သင်ကြားပေးလျက် ရှိသည့်အချို့သင်တန်းသားများသည် လက်တွေ့စစ်မြေပြင်တွင် အသက်ပေး၍ တာဝန်ထမ်းဆောင်မည့်သူများဖြစ်သဖြင့် လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များအား လက်တွေ့နယ်ပယ်တွင်အသုံးမချနိုင်ပါက ပေးဆပ်မှုများကြီးမားသွားနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့သင်ကြားပေးလိုက်သည့် သင်တန်းသားများအား လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ထိရောက်စွာလေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင်ထိုက်သင့်သည့် အတွေ့အကြုံရှိသူ၊ သင်တန်းများတွင် အဆင့်ကောင်းသည့်သူများကိုသာနည်းပြများအဖြစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ မိမိတို့တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများကို သင်တန်းသားများအား လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ရန်အတွက် သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ သင်တန်းနည်းပြများ အနေဖြင့် ရာထူးအရကွာခြားမှုများနှင့် လုပ်သက်ကွာခြားမှုများရှိသဖြင့် နည်းပြအချင်းချင်း အတွေ့အကြုံများပြန်လည်မျှဝေရန်လိုကြောင်း၊ လက်တွေ့စစ်မြေပြင်တွင်လည်း လုပ်သက်ရင့်သည့်အရာရှိ၊ စစ်သည်များကအတွေ့အကြုံနည်းသည့် အရာရှိ၊ စစ်သည်များ အားသင်ကြားပြသပေးကြပြီး ထိုကဲ့သို့ အစဉ်အလာကောင်းများကိုလည်း ဆက်လက် ထိမ်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် မိမိတို့သင်တန်းကျောင်းများ၏ ဆောင်ပုဒ်များနှင့်အညီ သင်တန်းသားများအား ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုအခါမိမိတို့ တပ်မတော်အား ခေတ်မီတပ်မတော် (Standard ARMY) အဖြစ်တည်ဆောက်လျက်ရှိပြီး ထိုသို့တည်ဆောက်ချိန်တွင် Professional ဖြစ်ရန်အတွက် အတတ်ပညာအဓိကလိုအပ် ကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာရှိရန်လိုအပ်သဖြင့် တပ်မတော်တစ်ရပ် လုံးပညာရည်မြှင့်တင်ရေး လုပ်ငန်းများအား စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လေ့ကျင့်ရေးပိုင်းများကိုလည်း ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့၏ရည်မှန်းချက်များကို မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များဖြစ်သဖြင့် စိတ်လွတ်ကိုယ်လွတ်ဖြင့် အပျော်အပါးများလိုက်စားလျှင် မိမိတို့ဘဝပျက်စီးခြင်းသို့ရောက်နိုင်သဖြင့် ရင့်ကျက်သည့်စိတ်၊ ခေါင်းဆောင်စိတ်ကိုမွေးမြူရန်လိုကြောင်း၊ မူးယစ်သေစာသောက်စား ခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကျဉ်ရန်လိုကြောင်း၊ သောက်စားပျော်ပါးခြင်းများမှ တစ်ဆင့် မူးယစ်ဆေးဝါးသုံးဆောင်သည်အထိဖြစ်ပေါ်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့၏အဆင့်တိုးမြှင့်ခြင်းကိစ္စရပ်များကို ထိခိုက်စေနိုင်ကြောင်း၊ ထို့အပြင် မိမိတို့ကိုယ်တိုင်နှင့် တပ်မတော်အပေါ်၊ နိုင်ငံတော်အပေါ် တပ်မတော်သားကောင်းပီသစွာ သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးမကောင်းလျှင် တပ်မတော်တစ်ရပ်လုံး၏ ဂုဏ်သိက္ခာအထိ ထိခိုက်စေကြောင်း၊ ထို့ကြောင့်မိမိတို့တစ်ဦးချင်းအနေဖြင့် ထိန်းသိမ်း နေထိုင်ရန်လိုကြောင်း၊ မိမိတို့တပ်မတော်သားအချင်းချင်း မိသားစုစိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်များဖြင့် စည်းစည်းလုံးလုံးနေထိုင်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။

ယနေ့နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသ လျက်ရှိသည့် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သည်များအား တစ်ဦးချင်းလိုက်လံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ် သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည်လည်း အမျိုးသမီးဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခွဲစိတ်ခန်း တိုးချဲ့တည်ဆောက်ရန်ဆောင်ရွက်ထားရှိမှုနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။